🍁 အေဗာဒါသ် ရဲ့ဇင်သဂီ
🍁 ပရ်ဒဟ် ရဲ့ဇင်သဂီ
🍁 စာသဂီ ဇင်သဂီ
🍁 သားသမီး များအပေါ် သရ်ဗီယသ်
🍁 ခင်ပွန်း သည် အမိန်နာခံခြင်း.....
တမန်တော်မြတ်ကြီး(ဆွလ္လာဟုအာလိုင်းဟိဝစ္စလမ်) ရဲ့
သမီးတော်
ဟဇရသ် ဖွာသေမာဟ်သခင်မဟာ
ဂျန္နသ် သီအမျိုးသမီးရဲ့ခေါင်းဆောင်ဖြစ်တယ်..
နက်ဖြန်ကေယာမသ်နေ့ကျရင်
သခင်မရဲ့ရှေ့ကနေ အမျိုးသမီး တစ်ဦးဟာ ဂျန္နသ်ကို ဝင်ရလိမ့်မယ်..
သခင်မက ပါပါး
အဲ့အမ်ျုးသမီးဟာ
ဘယ်သူများလဲလို့ မေးတော်မူတယ်...
တမန်တော်ကြီးက ထိုအမျိုးသမီးရဲ့ နေရာကို ညွှန်ပြလိုက်တယ်..
ဖာသွေမာ သခင်မက ထိုအ်ိမ်ကို
ရောက်သွားပြီး တံခါးခေါက်လိုက်တယ်..
အထဲက အမျိုးသမီး က ဘယ်သူလဲလို့ မေးလိုက်တယ်..
သခင်မက ဖာသွေမာ ပါလ်ို့ပြန်ပြောလိုက်တယ်။
ဘာကိစ္စများလဲလို့ မေးတော့
သိချင်တာလေး ရှိလို့ပါလို့ ပြန်ဖြေတယ်။
အထဲကအမျိုးသမီးက နက်ဖြန် မှလာပါ။
ကျမ အမျိုးသားဆီက အေဂျာဇာသ်တောင်းထားမယ်လို့
ပြောလိုက်တယ်။
နောက်တနေ့ ဖာသွေမာ သခင်မက ထပ်လာတယ်...
အမျိုးသမီးက သင်မနဲ့အတူ ဘယ်သူပါသေးလဲလို့ မေးပြန်တယ်..
ဖာသွေမာ သခင်မက ကျွန်မ သားနှစ်ယောက်ပါတယ်လို့ ဖြေတော့
အဲဒါဆို နောက်နေ့မှ ပြန်လာပါ..
ကလေးတွေအတွက် ကျမအမျိုးသားဆီက
ခွင့်မတောင်းထားလို့ပါ ...ပြန်ပြောတယ်
ဖာသွေမာ သခင်မကြီးဟာ
နောက်တနေ့ထပ်လာပြန်တယ်..
ဝင်ခွင့်ရတော့ ဝင်လိုက်တယ်ဆိုရင်ဘဲ
ဒပ်စ်သရ်ခန် အခင်းပေါ်မှာ
ရိုတီ တချပ်၊တုတ်တစ်ချောင်း၊ခဲတစ်လုံးကို
တွေ့တယ်...
သခင်မကြီးက အဲ့အရာတွေက ဘာလုပ်ထားတာလဲလို့ မေးတယ်..
အမျိုးသမီးက
ကျမအမျိုးသား အလုပ်မှာ စားဖို့ မုန့်လုပ်ရင်
ကျမမုန့်၂ ချပ်
တခါတည်း လုပ်လိုက်တယ်..
သူကို တချပ်ထည့်ပေးပြီ
ကျန်တစ်ချပ်က ကျမတွက်ထားတာပါ။
သူစားတဲ့အချိန်မုန့်ကအေးနေပြီ။
ကျမလည်း အိမ်မှာအေးနေတဲ့ရိုတီကိုဘဲစားတာပါ။
အလ္လာဟ့် ဆီကျ ကျမ မရှင်းနိုင်လို့ပါ...
တုတ်ကရော ဘာလုပ်တာလဲလို့ မေးတော့။
အမျိုးသမီးက
ခင်ပွန်း အပေါ် တာဝန်မကျေတာရှိရင်
ကျမကို ခင်ပွန်း သည်က ရိုက်ဖို့အတွက်ပါ..
ခဲကေတာ့
ကျမဟာ ရိုက်ရင်း ထွက်ပြေးမယ်ဆို..
လှမ်းပေါက်ဖို့အတွက်ပါ။
ဖာသွေမာ သခင်မကြီး
ချက်ချင်း ဘဲ နားလည်းသွားပြီး ထိုအိမ်မှ ပြန်လာခဲ့တယ်....
အလ္လာဟုအက်ဗရ်....
ဟဇရသ် မောင်လနာမုဟမ္မဒ်အုမရ်ဆပ်ပါလန်ပူရီ
ဆရာကြီးပြောကြားပါတယ်..
အဲ့ဒီဆွေဖသ် ၅ ရပ် အမျိုးသမီးတွေအတွင်း
ရောက်ရှိလာပြီဆို..
တမန်တော်မြတ်ကြီး(ဆွလ္လာဟုအာလိုင်းဟိဝစ္စလမ်: )
အွမ္မသ် ကို ဘယ်အခြေအနေ
အဆင့်မှာ ထားခဲ့လဲ
မုချအလ္လာဟ်သျှင် အဲ့ဒီအဆင့် ချီးမြှင့်လိမ့်မယ်...
အဲ့ဆွေဖသ်တွေ ရရှိလာဖို့ကတော့
အမေ.အမတို့တွေကြိုးပမ်း နေရမှာဖြစ်ပါတယ်...
ကြားသိတဲ့အပေါ် လက်တွေ့အမလ် ပြုနိုင်ပါစေ....
အာမီးန်
👆မဆ်သူရသ် ဗယန်မှ 👆
Credit.......
{အလ္လာဟ်သျှင်မြတ်၏ကျွန်/မပြည့်စုံသည့်ဗန္ဒာဟ်}
{5,10,2021} 🌸နှောင်းဧကရီ🌸
0 تعليقات