Ad Code

Assalamualikum

နမာဇ္ဖတ္တဲ့အခါ

 
နမာဇ္ဖတ္တဲ့အခါ

လူအတော်များများ လွတ်နေကြတဲ့
နမာဇ် ဝါဂျိဗ်အချက် 2 ချက်ကို ပြောပြပါမယ် ။
နမာဇ္ထဲမွာ
ရကူအ်လုပ်ပြီး မတ်တပ်ပြန်ရပ်တဲ့အခါ
ခါးကို ဆန့်နေအောင် ရပ်ပြီးမှ
စဂ်ျဒဟ် ကို သွားရမှာပါ ။
အဲ့လိုမျိုး ခါးကို ဆန့်နေအောင်
မတ်မတ်ပြန်ရပ်ဖို့ ဝါဂျိဗ် ဖြစ်ပါတယ် ။
လူအတော်များများ
ရကူအ်က ပြန်ထရင်
ခါးကို သေချာမတ်မတ် မရပ်ပဲ
စဂ်ျဒဟ်ကို သွားလိုက်ကြလို့ပါ ။
အဲ့လို ခါးကို သေချာမတ်မတ် မရပ်ပဲ
စဂ်ျဒဟ်သွားလိုက်ခြင်းက
နမာဇ် ဝါဂျိဗ် အချက်တချက်ကို
လႊတ္လိုက္တာပါပဲ။
နောက်တချက်က
စဂ်ျဒဟ်သွားတဲ့အခါမှာ
ပထမ စဂ်ျဒဟ် သွားပြီး ပြန်ထိုင်တဲ့အခါမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ ထိုင်ပြီးမှ
ဒုတိယ စဂ္်ဒဟ္ကို သြားရမွာပါ ။
အဲ့လို စဂ်ျဒဟ် 2 ခုကြားမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ ထိုင်ဖို့ ဝါဂျိဗ်ပါ ။
လူအတော်များများက
ပထမ စဂ်ျဒဟ်သွားပြီးရင်
ခေါင်းလေးနည်းနည်းမော့ပြီးတာနဲ့
သေချာပြန်မထိုင်သေးဘူး
ဒုတိယ စဂ်ျဒဟ် သွားတတ်ကြလို့ပါ ။
အဲ့လို စဂ်ျဒဟ် 2 ခုကြားမှာ
ခန္ဓာကိုယ်ကို တည့်မတ်စွာ မထိုင်ခြင်းက
နမာဇ် ဝါဂျိဗ်အချက်တချက်ကို
လက္လႊတ္လိုက္တာပါပဲ ။
နမာဇ် ဝါဂျိဗ် ဆိုလို့
ပေါ့သေးသေး မတွက်လိုက်ကြပါနဲ့ ။
နမာဇ် စည်းမျဉ်းစည်းကမ်းအရဆိုလျှင်
နမာဇ် ဝါဂျိဗ် အချက်တွေကို
မေ့လျော့ပေါ့ဆပြီး လွှတ်လိုက်မိလျှင်
စဂ်ျဒဟ် စဟ်ဝဒ် ထိုက်ပါတယ် ။
အကယ်၍
သိသိကြီးနဲ့ လက်လွှတ်လိုက်မည်ဆိုလျှင်တော့
နမာဇ် ပျက်ပါတယ် မပိုင်တော့ပါ ။
အခု ဒီ post ကို
ဖတ်ဖြစ်လိုက်တဲ့သူတွေ
ရကူအ်ကပြန်အထ မတ်မတ်ရပ်ဖို့နဲ့
စဂ်ျဒဟ် 2 ခုကြား တည့်မတ်စွာထိုင်ဖို့ ကို
ဝါဂျိဗ် အချက်တွေမှန်း သိသွားကြပါပြီ ။
အခုလို သိသွားပြီးတဲ့နောက်ပိုင်းမှာ
မိမိကိုယ်မိမိပြန်ဆန်းစစ်ကြပါ ။
အရင်က မသိလို့ အဲ့ဒီ ဝါဂျိဗ်အချက်တွေ
ငါလြတ္ခဲ့ၿပီလား
လွတ်ခဲ့ပါက သောင်ဗဟ် ဖတ်လိုက်ပါ ။
ဒါပေမယ့်
အခုသိသွားပြီဆိုရင်တော့
အခုကစၿပီး အရင္လို
ကြက်အစာကောက်သလို မရတော့ပါ ။
ဘာလို့လဲဆိုတော့
နမာဇ် ဝါဂျိဗ် အချက်ကို
သိသိကြီးနဲ့ လွှတ်မယ်ဆိုရင်တော့
နမာဇ် ပျက်ပါတယ် မပိုင်တော့ပါ
အဲ့ဒါကြောင့်ပါ
အားလုံးပဲ လိုက်နာနိုင်ကြပါစေ
اَلسَلامُ عَلَيْكُم وَرَحْمَةُ اَللهِ وَبَرَكاتُهُ‎كيف حالكانا بخير الحمد لله في أمان اللهاَلسَلامُ عَلَيْكُم وَرَحْمَةُ اَللهِ وَبَرَكاتُهُ‎
وَعَلَيْكُم السَّلَام وَرَحْمَةُ اَللهِ وَبَرَكاتُهُ‎
سبحان اللهالحَمْدُ ِلله

Post a Comment

0 Comments

Close Menu