Ad Code

Assalamualikum

♥ရစူလ်ကိုယ်တော်မြတ်ရဲ့ထူးခြားချက်(63)ချက်♥ 💐💙💜💛💙💜💛💙💜💛💙💜💐


(1)ရစူလ်ကိုယ်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)အား ဖွားမြင်ချိန် ခန္ဓာကိုယ်၌ အညစ်အကြေးများမှသန့်ရှင်းစင်ကြယ်
နေခြင်း။

(2)မွေးဖွားလာသောအခါ စဂ်ျဒါပြုသောပုံစံဖြင့် ကောင်းကင်သို့လက်ညှိုးကိုထောင်လျှက်မွေးဖွား
လာခြင်း။

(3)မွေးဖွားချိန် မိခင်မှ ရောင်ခြည်တစ်ခုမြင်တွေ့၍ ၎င်းအတွင်းမှ ကစ္စရာအဆောက်အအုံများ
တွေ့မြင်ရခြင်း။

(4)ပုခက်ကို ကောင်းကင်တမန်များကလွှဲပေးခြင်း။

(5)ပုခက်တွင်း၌ ကောင်းကင်တမန်များကိုလက်ညှိုးဖြင့်ညွှန်ပြခြင်း၊
စန္ဒာလမင်သည် ကိုယ်တော်မြတ်ရှိရာတိမ်းညွှတ်
သွားခြင်း။

(6)ပုခက်တွင်း၌စကားပြောခြင်း။

(7)မိမိ၏ရှေ့မှမြင်တွေ့နိုင်သကဲ့သို့ကျောဘက်မှ
လည်းမြင်တွေ့ခွင့်ရခြင်း။

(8)ရေငံထဲ တံတွေးထွေးသော် ရေသည်ချိုမြသွားခြင်း။

(9)နို့စို့ကလေး၏ပါးစပ်တွင်းသို့ကိုယ်တော့်တံတွေး ထည့်လိုက်ပါကဗိုက်မအောင့်၊နို့မတောင်းတော့ခြင်း။

(10)ဂျိုင်းတော်၌ အမွှေးအမြှင်မပေါက်ဘဲဖြူစင်ဝင်းလက် နေခြင်း။

(11)ကိုယ်တော်မြတ်၏အသံသည်အဝေးသို့
ရောက်ရှိပြီး  အခြားသူများ၏အသံ ကိုယ်တော့်အသံ၏ ၁၀ပုံ၁ပုံမရောက်နိုင်ခြင်း။

(12)အခြားသူများမကြားနိုင်သောနေရာမှ ကိုယ်တော်မြတ်ကြားနိုင်ခြင်း။

(13)သက်တမ်းတလျောက်လုံးသမ်းဝေမှုမရှိခဲ့ခြင်း။

(14)သက်တမ်းတလျှောက်လုံး 'အေသလန်' မဖြစ်ခဲ့ခြင်း။

(15)ကိုယ်တော်မြတ်၏ ချွေး သည်  ကတိုးနံ့ထက် ပို၍မွှေးကြိုင်ခြင်း။

(16)ကိုယ်တော်စွန့်သော အပေါ့အလေး ကိုမြေကြီးက အကွက်မကျန်အောင်စုပ်ယူလိုက်ခြင်း။

(17)နေပူထဲမှလမ်းလျှောက်ချိန်တွင်မိုးသားများမှ အရိပ်မိုးပေးခြင်း။

(18)သစ်ပင်တစ်ပင်အောက်တွင်ထိုင်သည်ရှိသော် သစ်ပင်က ကိုယ်တော်မြတ်ဘက်သို့တိမ်းညွှတ်
သွားခြင်း။

(19)ကိုယ်တော်မြတ်၏အရိပ်မထွက်ခြင်း။

(20)ကိုယ်တော်မြတ်၏အဝတ်အထည်များပေါ်သို့ ယင်ကောင်မနားခြင်း။

(21)ကိုယ်တော်မြတ် အစီးအနင်း စီးနင်းလျှက်ရှိစဉ် ထိုအစီးအနင်း(တိရစ္ဆာန်)သည် မစင်မစွန့်ခြင်း။

(22)မေ့အ်ရာဂ်ျ ကောင်းကင်ဘုံခရီးသို့ကြွရောက် လှည့်ပတ်ခြင်း။

(23)အလ္လာဟ်ဟုအသျှင်မြတ်အားဖူးမျှော်ခဲ့ရခြင်း။

(24)ဖရစ်ရ်ှသဟ်များ အစ္စလာမ့်စစ်တပ်နှင့်အတူ ကိုယ်တော်မြတ်ဘက်မှပံ့ပိုးကူညီခြင်း။

(25)လစန္ဒာ အားနှစ်ခြမ်းခွဲပြခြင်း။

(26)ကမ္ဘာမြေတစ်ခုလုံးကို ကိုယ်တော်မြတ်အတွက် ဝတ်ပြုရန်နေရာအဖြစ်သတ်မှတ်ပြုပေးခြင်း။

(27)သက်တမ်းတလျောက်လုံးကိုယ်တော်မြတ်အရှက်အင်္ဂါမမြင်ရခြင်း။

(28)အဖန်ဆင်းခံအားလုံးတွင် အမွန်မြတ်ဆုံးဖြစ်ခြင်း။

(29)ကိုယ်တော်မြတ်အတွက် 'သုံ့ပန်းပစ္စည်း ''ဟာလလ်' ဖြစ်ခြင်း။

(30)ဂျီဗရာအီလ်(အလိုင်ဟိစလာမ်)အား အစစ်အမှန်ရုပ်ဆင်းသဏ္ဍာန်ဖြင့်မြင်တွေ့ရခြင်း။

(31)အိပ်စက်ချိန် မျက်လုံးများသာအိပ်စက်ပြီး စိတ်အစဉ်သည်နိုးကြားလျှက်ရှိနေခြင်း။

(32)ကိုယ်တော်မြတ်အားဖွားမြင်ချိန် နက္ခတ်ဗေဒင်များ ရပ်တန့်ပြတ်တောက်သွားခြင်း။

(33)'ဆွဒကဟ်'သည်ကိုယ်တော်မြတ်အတွက်
'ဟရမ်'ဖြစ်ခြင်း။

(34)ကျမ်းတော်မြတ်ကုရ်အာန်ကိုချီးမြှင့်ခံရခြင်း။

(35)အဇာန် နှင့် အေကာမသ် တို့တွင်
တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)၏
နာမတော်ပါရှိခြင်း။

(36)ကိုယ်တော်မြတ်၏ကြင်ယာတော်များသည် အွမ္မသ်အတွက်ရာသက်ပန် 'ဟရမ်' ဖြစ်ခြင်း။

(37)ဝေးလံသောနေရာမှပင် ကိုယ်တော်၏အရှိန်
အဝါသည် ရန်သူများအပေါ်သို့ကျရောက်ခြင်း။

(38)ကိုယ်တော်မြတ်သည် စကားလုံးနည်းနည်းဖြင့် အဓိပ္ပါယ်အလိုသဘောပြည့်စုံမှုကိုချီးမြှင့်ခံရခြင်း။

(39)လူသားအားလုံး၏တမန်တော်အဖြစ်စေလွှတ်
ခံရခြင်း။

(40)ကိုယ်တော်မြတ်ဖြင့် နဗူဝသ်အဆုံးသတ်သွားခြင်း။

(41)ကိုယ်တော်မြတ်၏အွမ္မသ်များသည် အခြားသောအွမ္မသ်များထက်အရေအတွက်များခြင်း။

(42)ကိုယ်တော်မြတ်သည် အားလုံးထက်အရင် ကဗရ်ထဲမှထွက်တော်မူခြင်း။

(43)ကိုယ်တော်မြတ်သည် အားလုံးထက်အရင် မေ့မျောမှုမှပြန်လည်သတိရလာမည်ဖြစ်ခြင်း။

(44)ဟရှရ်ကွင်းပြင်၌ 'ဗိုရာက်'ကိုစီးနင်း၍ ဖရစ်ရ်ှသဟ်(၇၀ ၀၀၀)နှင့်အတူကြွမြန်း လာမည်ဖြစ်ခြင်း။

(45)'အရ်ရှ်'တော် လက်ယာဘက်ကုလားထိုင်ပေါ်တွင်ထိုင်တော်မူခြင်း။

(46)'မကာမေ့မဟ်မူးဒ်'ကိုချီးမြှင့်မှုခံရခြင်း။

(47)'လေဝါအေဟမ်ဒ်' ချီးမွမ်းခြင်းအလံတော်သည် ကိုယ်တော်နှင့်အတူရှိနေစေခြင်း။

(48)အာဒမ်(အလိုင်ဟိစ္စလာမ်)နှင့်လူသားအားလုံး ထိုအလံတော်အောက်တွင်ရှိကြမည်ဖြစ်ခြင်း။

(49)တမန်တော်အားလုံး မိမိအွမ္မသ်များနှင့်အတူ ကိုယ်တော်မြတ်အနောက်တွင်ရှိကြရမည်ဖြစ်ခြင်း။

(50)အားလုံးထက်အရင် အလ္လာဟ်ဟုအသျှင်မြတ်အား ဖူးမြှော်ခွင့်ရခြင်း။

(51)'ရှဖာအသ်သေအွဇ်မာ'(အကြီးမားဆုံး
အသနားခံပေးမှု)ကိုသီးသန့်ကိုယ်တော်မြတ်ရရှိခြင်း။

(52)'ပွလ်စွေရသ်'တံတားပေါ်မှ မိမိအွမ္မသ်များကိုခေါ်၍ ကိုယ်တော်မြတ်အရင်ဆုံးဖြတ်သန်းပေမည်။

(53)အားလုံးထက်အရင်ဂျန္နသ်တံခါးကိုဖွင့်တော်မူခြင်း။

(54)'အာလ်မေအာရ်ဝါ'တွင် အားလုံးထက်အရင် ကိုယ်တော်မြတ်ဝိဥာဉ်တော်ကိုဖန်ဆင်းခြင်းခံရခြင်း။

(55)ကိုယ်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)၏နာမတော်ကို 'အရရှ်'တော်၌ရေးသားထားခြင်း။

(56)အားလုံးထက်အရင် 'နဗူဝသ်'ကိုချီးမြှင့်ခံရခြင်း။

(57)ဝိဥာဉ်လောကတွင် အလ္လာဟ်ဟုအသျှင်မြတ်၏ မေးခွန်းကို ရစူလ်ကိုယ်တော်မြတ်ဝိဥာဉ်က 
အရင်ဆုံးအဖြေပေးခြင်း။

(58)ကိုယ်တော်မြတ်အားဖန်ဆင်းမည့်
ရည်ရွယ်ချက်ဖြင့် ကမ္ဘာလောကကြီးကိုဖန်ဆင်းခြင်း။

(59)ရှေးယခင်ကျခဲ့သောကျမ်းစာများတွင် ကိုယ်တော်မြတ်ပွင့်တော်မူမည့်မင်္ဂလာသတင်းပါရှိခြင်း။

(60)ကိုယ်တော်မြတ်၏အင်အားသည်
သာမန်လူအယောက်(၄၀)၏အားအင်နှင့်ညီမျှခြင်း။

(61)'ခသ်နာ' ပြုပြီးသားမွေးဖွားခဲ့ခြင်း။

(62)နဗီတမန်တော်တိုင်း မိမိတို့အထူးရရှိသော တောင်းဆုတော်တစ်ခုကို လောက၌ပင်တောင်းခဲ့၏။
ကိုယ်တော်မြတ်က ကေယာမသ်နေ့ မိမိအွမ္မသ်များ လွတ်ငြိမ်းချမ်းသာခွင့်ရရန်အတွက်တောင်းခံရန်
သိမ်းဆည်းထားခဲ့ခြင်း။

(63)ရစူလ်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)သည် မည်သည့်လူသားထံမှ မည်သည့်ပညာမှ မသင်ယူခဲ့ရခြင်း။

(Ref:အလ်အာလင်မ်/တွဲ ၂)

Thar Chaw

إرسال تعليق

0 تعليقات

Close Menu