Ad Code

Assalamualikum

●▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬▬▬● ➳ ➳ မှားယွင်းသော အယူအဆများ➳ ➳ ●▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬▬▬●



များစွာသော မြန်မာမွတ်စလင်မ်တို့သည် အသားလှုပ်ခြင်း • 
ပျားစွဲခြင်း • ဖွတ်တက်ခြင်း • အိမ်အောက်မှာလည်းကောင်း
အိမ်ဝိုင်းခြံတွင်လည်းကောင်း တောင်ပို့ပေါ်ခြင်း • ဗျိုင်း
 လင်းတ • စသည်များနားခြင်း ညအခါ ငှက်ဆိုး ဇီးကွက် • ဟစ်အော်ခြင်း • ခွေးအူခြင်း • အိမ်မြောင်စုတ်ထိုးခြင်း • မျက်ခုံးလှုပ်ခြင်း • အိမ်မြောင်စုတ်ထိုးခြင်း •ငှက်ဆိုးထိုးခြင်း စသည်တို့မှအတိတ်နမိတ်ကောက်တက်ကြတယ် !!
ထိုအတိတ်နိမိတ်တွေတွေရဲ့ အကောင်းအဆိုးက လူမှာလာဖြစ်တက်တယ်လို့အတိတ်နိမိတ်ကောက်တက်ကြတယ် ။ အာ့မျိုးတွေတွေ့ရင်အနှောက်အယှက်ဖြစ်တက်ကြတယ်။ အချို့ ဗမာ မွတ်စလင်မ်တွေဆို ယတြာတောင်ချေလိုက်ကြသေးတယ်

အစ္စလာမ့်တရားတော် အရ လူထက်နိမ့်ကျသော အရာများ • လူပြုသမျှ ခံရမယ့် အရာများက စကြဝဠာထဲမှာ အမြတ်ဆုံးဖြစ်တဲ့ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကို ဖြစ်စေတယ် ပျက်စေတယ် ဆိုတဲ့ ယုံကြည်မှုတွေက တကယ်တော့ တရားတော်နဲ့ လုံးဝဆန့်ကျင်နေတယ်။ အီမာန် နဲ့တစ်ဖက်တစ်လမ်းစီဖြစ်နေတယ်။  

တစ်ချို့ မွတ်စ်လင်တွေရဲ့ ဝါသနာက အဲ့လိုအယူသည်းမှုတွေကိုစောဒကတက်ချင်ကြတယ် "အထောက်အထားပြပါ ကျမ်းပြပါ " ဆိုကြတယ် ကိုယ့်ရဲ့ကိုယ်ပိုင်အသိဥာဏ် ဆင်ခြင်တုံတရားကို အသုံးမပြုကြဘူး မိမိတို့ကိုယ်တိုင်ကျတော့ အစ္စလာမ်စာပေတွေမှာ လုံးဝအထောက်အခံမရှိတဲ့ အစွဲအယူများကိုယုံကြည်နေကြပြီး အခြားသူကို ကျမ်းအထောက်အထားတွေပြခိုင်းနေတာကတော့ စဉ်းစားတက်သူတွေအဖို့ရီစရာ သာဖြစ်ပါတယ်။

တမန်တော်မြတ်(ဆွ)လက်ထပ်တွင် 
လူတစ်ယောက်က တမန်တော်မြတ်ထံလာရောက်၍ "အို အလ္လာဟ်အရှင်မြတ်၏ တမန်တော် ကျွန်တော်မျိုးတို့သည် အိမ်တစ်အိမ်၌နေထိုင်ကြပါသည်။ ထိုအိမ်တွင်နေထိုင်သူ လူအရေအတွက်လည်းများပါသည်။ ဥစ္စာပစ္စည်းများလည်းတိုးပွားခဲ့ပါသည်။

၎င်းနောက်တွင် ကျွန်တော်မျိုးတို့သည် အခြားအိမ်တစ်အိမ်သို့ပြောင်းရွှေ့သွားရာ ထိုအိမ်တွင် လူများကွယ်လွန်သေဆုံးခြင်းဖြင့်လျော့နည်းသွားပြီး ဥစ္စာပစ္စည်းများလည်း ဆုတ်ယုတ်ပျက်ပြားခဲ့ပါသည်။

ထိုအခါ တမန်တော်မြတ်က "အကြောင်းမသင့်သောကြောင့်"ဟူ၍သာ မှတ်လော့ဟု မိန့်တော်မူခဲ့သည်။(ဒါဝူဒ်ကျမ်း-မစ်ရ်ှကားသ် ၉:၇၇)

အလွန်ရှင်းပါတယ် မကောင်းဆိုးရွား • အတိတ်နိမိတ်ကြောင့်မဟုတ်ပါ လူတို့ပြောနေကြတဲ့ "ခိုက်"တက်သည်ဆိုသော မှားယွင်းသောအယူအဆတွေသာဖြစ်ပါတယ်။

အထက်ပါ ဟဒီးစ်က ဥပါဒါန်အစွဲအလမ်းကြောင့်မဟုတ် သန့်ရှင်းစင်ကြယ်မှု • ကျန်းမာရေးထိခိုက်ဖွယ်ရာနေရာ • ဖြစ်သောကြောင့်ဖြစ်သည် ဟူ၍ ပြထားပေသည်။

ဥပမာ ထိုအိမ်သည် ယခင်က ကပ်ရောဂါရှိဖူးသည့်အိမ်
အလင်းရောင် လေကောင်းလေသန့်မရသောအိမ် • 
ရောဂါ ပိုးမွှားရှိနေသော ရပ်ကွက်ဖြစ်ပေမည်။
ပစ္စည်းဥစ္စာတက်ခြင်း ဆုတ်ယုတ်ခြင်းသည် အကြောင်းအမျိုးမျိုးရှိသည်ဖြစ်ရာ အဓိက ကအလ္လာဟ်အရှင်စီမံတော်မူခြင်းဖြစ်တယ်။

အိမ်ကလည်းကောင်း မြေကလည်းကောင်း အရပ်ကလည်းကောင်းဖန်တီးနိူင်သည် မဟုတ်။

ဒီလောက်နဲ့ပဲ အယူသည်းမှုများ အတိတ်တဘောင်များ ယတြာချေမှုများ အစ္စလာမ့်တရားတော်တွင်လက်မခံကြောင်း ထင်ရှားလောက်ပါပြီ ၎င်းအရာတွေက ဒွန်န္နယာမှာရော အာခေရသ်မှာပါ လွဲမှားနစ်နာစေနိူင်တဲ့အကြောင်းတွေဖြစ်တယ်!!

 အီမာန်တိမ်းပါးစေမယ့် ထိုလွှဲမှားသော အစွဲအလမ်းများ မှ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီး လူကြီး လူငယ် တိုင်း အထူးပြုရှောင်ကြဉ်နိူင်ကြပါစေ ••••••••••
 |I{•------»အာမီန်း«------•}I|
Kyaw Zin Lat Nadvi

Post a Comment

0 Comments

Close Menu