.
အမျိုးသားတွေမရနိုင်တဲ့အစ္စလာမ့်အမျိုးသမီးများ
အတွက်အထူးအခွင့်အရေး
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
( သို့မဟုတ်)
အစ္စလာမ့်အိမ်ထောင်သည် အမျိုးသမီးများ၏
ထွဋ်မြတ်မှု အကျိုးကျေးဇူးများ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
☞ ကောင်းမွန်သော အမျိုးသမီးတစ်ဦးသည်
ဝလီပေါင်း( 70 )ထက်သာမြတ်၏။
☞ မကောင်းသော အမျိုးသမီးတစ်ဦးသည်
မကောင်းသော အမျိုးသားပေါင်း( 1000 )ထက်
သာပိုဆိုး၏။
☞ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး
`နမာဇ်( 2 )ရကအသ်´သည်
ကိုယ်ဝန်မရှိသည့် အမျိုးသမီး
တစ်ဦး၏`နမာဇ်( 80 )ရကအသ်သာ ပိုထွဋ်မြတ်၏။
☞ နို့တိုက်ကျွေးသည့် မိခင်အား
နို့ရည်တစက်ခြင်းအပေါ်တွင်
( သက်ရှိကိုရှင်စေသည့် )
ကောင်းမတစ်ခုကျစီ ချီးမြှင့်ခြင်းခံရ ပေမည်။
☞ စိတ်သောကနှင့် ပြန်ရောက်လာသူ
ခင်ပွန်းသည်အား
နှစ်သိမ့်သြဘာစကားဖြင့် အားပေးသူ
ဇနီးမယားကို ဂျေဟာဒ်( 1 )ကြိမ်(သို့) ( 2 )ကြိမ်၏
ကုသိုလ်အကျိုးစဝါးဗ်ကို ချီးမြင့်ခြင်း ခံရ၏။
☞ နို့တိုက်ရ၍ တစ်ညလုံးမအိပ်စက်နိုင်သည့်
မိခင်အား ကျွန်( 20 )သူကောင်းပြုသော
အကျိုးစဝါးဗ် ချီးမြင့်တော်မူ၏။
☞ ခင်ပွန်က ဇနီးကိုသော်လည်းကောင်း၊
ဇနီးက ခင်ပွန်းကိုသော်လည်းကောင်း
ချစ်ခင်ကြင်နာသော အရှုနှင့်ကြည့်ခဲ့ပါလျှင်
အရှင်မြတ် ကိုယ်တိုင် ထိုဇနီးမောင်နှံအား`ရဟ်မသ်´ဂရုဏာတော်
သက်သောအရှူနှင့်
ရှုကြည့်တော်မူမည်ဖြစ်၏။
☞ ဇနီးက ခင်ပွန်းကို အလ္လာဟ်လမ်းတော်၌
စေလွှတ်ပြီး မိမိအိမ်တွင် စည်းကမ်းတကျ ကျင့်ကြံ
နေထိုင်လျင်ထိုဇနီးသည်အား ခင်ပွန်းထက်နှစ်ပေါင်း
( 500 )စော၍ ဂျန္နသ်သို့ဝင်စေမည်ဖြစ်၏။
ဖရိရ်ှသာပေါင်း( 70000 )နှင့် ဂျန္နသ်ရှိ
ဟူးရ်ကညာပျိုများ၏ ခေါင်းဆောင်ဖြစ်စေမည့်အပြင်
ထိုသူမအား ဂျန္နသ်၌
ရေချိုးသန့်စင်စေပြီး မြစိမ်းရောင်ဝတ်စုံနှင့်
မြမကိုဋ်သရဖူ အားဆောင်းစေပြီး
မြင်းပေါ်တွင် စီးနင်းစေလျက်
ခင်ပွန်းအား စောင့်ကြိုစေမည် ဖြစ်၏။
☞ အကြင်မိခင်သည် ကလေးနာမကျန်းဖြစ်၍
မအိပ်ရသည့်အပြင် ကလေးသက်သာရန် ကြိုးစားနေပါက
အရှင်မြတ်သည် ထိုမိခင်၏ အပြစ်ဂိုနာဟ်များကို ခွင့်လွှတ်တော်မူပြီး
( 12 )နှစ်တာ ကဘူလ်ပြုလက်ခံပြီးသော
အေဗာဒသ်၏ အကျိုးစဝါးဗ်ကို ချီးမြင့်တော်မူလေသည်။
☞ အကြင်အမျိုးသမီးသည်( ဗိစ္စမစ်လ္လာဟ် )
ရွတ်ဆို၍ နွားနို့ညှစ်လျှင်
ထိုသားကောင်က
အမျိုးသမီးအား ဒိုအာပြုပေးပေမည်။
☞ ( ဗိစ္စမစ်လ္လာဟ် )ရွတ်ဆို၍ ဂျုံနယ်ခြင်း၊
ဆန်ဆေးခြင်းများကိုပြုလျှင် ထိုအမျိုးသမီး၏
ရိက္ခာတွင်`ဗရ်ကသ်´မင်္ဂလာချပေးတော်မူ၏။
☞ သူစိမ်းအမျိုးသားကို ကြည့်ရန်သွားသော
အမျိုးသမီး၏အပေါ်တွင် အရှင်မြတ်က
လအ်နသ်ပြုတော်မူ၏။
ထို့အတူ သူစိမ်းအမျိုးသမီးကိုကြည့်ခြင်း
အမျိုးသားများအတွက်( ဟရာမ် )ဖြစ်သကဲ့သို့
သူစိမ်းအမျိုးသားကို ကြည့်ခြင်းသည်လည်း
အမျိုးသမီးများအတွက်( ဟရာမ် )ပင် ဖြစ်လေသည်။
☞ ဇိကိရ်ပြုလျက် တံမြတ်စည်းလှည်းသည့်
အမျိုးသမီးအား ကအ်ဗာ ကျောင်းတော်ဝန်းကျင်၌
တံမြတ်စည်းလှည်းသည့် အကျိုးစဝါးဗ်ကို ချီးမြင့်တော်မူမည်။
☞ နမာဇ်/ရိုဇာမြဲပြီး ကိုယ်ကာယသန့်စင်မှုကို ဂရုပြု၍ မိမိတို့၏ ကာအိနြေ္ဒကို
စောင့်ထိန်း ပြီးလျှင် ခင်ပွန်းသည်၏
အနွံတာခံသူ အမျိုးသမီးတို့အတွက်
ဂျန္နသ်သုခဘုံ၏ တံခါး( 8 )ပေါက်မှ
ကြိုက်နှစ်သက်ရာ တံခါးမှ
ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ပြု မည်ဖြစ်၏။
☞ သခင့်ထံမှ ထွက်ပြေးသည် ကျွန်၏ နမာဇ်၊
ခင်ပွန်းလင်၏ အမိန့်ဖီဆန်သည့် ဇနီးသည်တို့၏ နမာဇ်များသည်
ဦးခေါင်းထက်မှပင် အပေါ်သို့မတက်နိူင်ပေ။
☞ ကိုယ်ဝန်ဆောင်သည်၏ညသည် အေဗာဒသ်၊
နေ့သည် ရိုဇာ အဖြစ် သတ်မှတ်ထားလေသည်။
☞ ကလေးမျက်နှာမြင်သည့်မိခင်အတွက်
နှစ်ပေါင်း( 70 )နမာဇ် ရိုဇာ၏
အကျိုးကျေးဇူးများကို ရေးမှတ်ပေမည်။
မွေးဖွားချိန်တွင် အနာတရဖြစ်လျှင် ဒုက္ခခံရသော
အကြောမျှင်တစ်ခု( တစ်ခု )စီ၏အစား
တစ်မနက်ခင်း ကြိုးပမ်းသည့်
အေဗာဒသ်၏ အကျိုး စဝါးဗ်အား
ပေးသနားတော်မူမည် ဖြစ်၏။
☞ ကလေးမွေးဖွားပြီးနောက် ရက်( 40 )အတွင်း
ကွယ်လွန်သည့် မိခင်အား `ရှဟာဒသ်´ ၏
အဆင့်အတန်းကို ချီးမြင့်တော်မူပေမည်။
☞ ည၌ ကလေးငိုသောအခါတွင် မကျိန်ဆဲဘဲ
နို့တိုက်လျှင် တစ်နှစ်တာလုံး နမာဇ်/ရိုဇာ၏
အကျိုးများ ရရှိမည် ဖြစ်လေသည်။
☞ နို့တိုက်ကာလပြည့်မြောက်လျှင်
( အသင်မအတွက် အရှင်မြတ်က
ဂျန္နသ်သုခဘုံအား အတည်ပြုပြီးကြောင်း )
ဖရိရ်ှသာ ကောင်းကင်တမန် တစ်ပါးက ရောက်လာပြီး
( မိခင်ဖြစ်သူ၏ ပုခုံးကို ကိုင်၍ )
မင်္ဂလာသတင်းပြောကြားပေလိမ့်မည်။
☞ ခရီးမှပြန်လာသော ခင်ပွန်းအား(ခေသ်မသ်)
ပြုစုကျွေးမွေးသည့် အမျိုးသမီး
ခင်ပွန်းမရှိခိုက်
ဖောက်ပြန်ခြင်းများလည်း မရှိခဲ့ပါလျှင်
( 12 )နှစ်တာ
နဖွိလ်အေဗာဒသ်၏
အကျိုးများ ရရှိပေမည်။
☞ ခင်ပွန်းလင်က မစေခိုင်းသော်ငြ ားလည်း နှိပ်နယ်ပေးသော
အမျိုးသမီးသည် ရွှေ( 7 )တိုလာ ဆွဒကာ ပေးလှူသည့် အကျိုး
စဝါးဗ်များ ရရှိမည်ဖြစ်ပြီး
ခင်ပွန်းလင်စေခိုင်းသဖြင့် နှိပ်နယ်ပေးသော
ငွေ( 7 )တိုလာ ပေးလှူသည့် အကျိုးစဝါးဗ်များ ရရှိပေမည်။
☞ ခင်ပွန်း၏ သဘောတူကျေနှပ်မှုရှိစဉ်၌ ကွယ်လွန်ခဲ့သော
ဇနီးမယားအတွက် ဂျန္နသ်သုခဘုံ( ဝါဂျစ်ဗ် )ဖြစ်လေသည်။
☞ ဇနီးဖြစ်သူကို သာသနာ့သင်ခန်းစာတစ်ပုဒ်
သင်ပေးခြင်းအားဖြင့် နှစ်ပေါင်း( 80 )အေဗာဒသ်
အကျိုးစဝါးဗ်များ ရရှိမည်ဖြစ်၏။
☞ သူစိမ်းများမှ( ပရ်ဒါ )လုပ်ပါ။ ပါးလွှာသည့်ဝတ်စုံဝတ်ဆင်သောသူမ၊
တဏှာရာဂနိုးဆွသူမ၊ သူစိမ်းအမျိုးသားများ
ဘက်သို့ တဏှာရာဂစိတ်ဖြင့် စွဲလန်းအောင်လုပ်သူမ၊ ဂုဏ်ပကာသနအလှချယ်ပြသူမ၊
ထိုအမျိုးသမီးတို့သည်
ဂျန္နသ် သုခဘုံ၌ မဝင်ရောက်ရ။
ဂျန္နသ်သုခဘုံ၏ အနံ့
ကိုပင် ရှူရှိူက်ခွင့်ရမည် မဟုတ်ပေ။
☞ အရှင်မြတ်အား ဖူးမျှော်ရန်အတွက် ဂျန္နတီများသွားကြရမည်။
သို့သော် ကာအိနြေ္ဒစောင့်စည်း၍ ( ပရ်ဒါ ) လုံခြုံစွာနေထိုင်သည့်
အမျိုးသမီးများ ဖူးမျှော်နိုင်ကြစေရန်အတွက်
မာမူကား အရှင်မြတ်
ကိုယ်တော်တိုင် ကြွရောက်လာတော်မူပေမည် ဖြစ်၏။
☞ သင်အရှက် အိနြေ္ဒမရှိလျှင် ကြိုက်ရာလုပ်ပေတော့။ ဟဒီးစ်။
အလ္လာဟ် သျှင် ကျနော်မျိုး မိသားစုနှင့်တကွ
အစ္စလာမ့် မောင်နှမများကို အသျှင်နှစ်သက်သည့်
အတိုင်းနေသွားနိုင်သည့် စွမ်းပကား
ချီးမြှင့်ပေး
သနားတော်မူပါ...အာမီးန်
crd
Deen For Muslimeen page
0 تعليقات