ညီလေး..
မင်း အားမငယ်နဲ့..
ခုချိန်မှာ မင်းစီးစရာ ဆိုင်ကယ်အစုတ်လေးပဲရှိနေပေမယ့်
နောက်တစ်ချိန်ကျ ဟာလီကြီးခွချင်ခွနေရမှာ..
ခုချိန်မှာ မင်းခန္ဓာကိုယ် အဝတ်မကပ်နိုင်ပေမယ့်
နောင်တစ်ချိန်ကျ အနောက်တိုင်းဝတ်စုံဝတ်ပြီး
လူကြားထဲ ပေါ်လွင်ချင် ပေါ်လွင်လာမှာ..
ခုချိန်မှာ အလုပ်ကြမ်းတွေကြောင့်
မင်းအရမ်းပင်ပန်းနိုင်ပေမယ့်
နောင်တစ်ချိန်ကျ
ဆိုဖာထိုင်ခုံပေါ်ထိုင်ပြီး
အဲကွန်းခန်းထဲ အမိန့်တွေပေးချင်ပေးနေရမှာ..
ဘာမှအားမငယ်နဲ့..
အဓိက က
မင်းရဲ့စိတ်လေး ဖြူစင်နေဖို့ပဲ..
လူသားချင်းစာနာမယ်..
လူသားချင်းဖေးမကူညီမယ်..
အများအတွက် ကောင်းကျိုးတွေဖြစ်ထွန်းဖို့ ရှေးရှုဆောင်ရွက်ရမယ်..
အများကြီးမလိုဘူး..
မင်းရဲ့စေတနာ မင်းရဲ့မေတ္တာတွေ
ကမ္ဘာလောကကြီးရဲ့ တစ်ထောင့်တစ်နေရာလေးကနေ
ဖြည့်ဆည်းပေးနိုင်ရင် မင်း လူပီသလိမ့်မယ်..
လူတိုင်းမလုပ်နိုင်တဲ့ ရိုးသားမှုကိုမင်းလုပ်ပါ..
လူတိုင်း မတွေးနိုင်တဲ့ စိတ်ကူးကိုမင်းတွေးပါ...
သမားရိုးကျထဲက ခွဲထွက်ကြည့်..
လူတိုင်းက မင်းကို အာရုံစိုက်မိနေစေရမယ်..
ပိုက်ဆံရှိမှမဟုတ်ဘူးညီလေး...
လောကမှာ လုပ်ဆောင်မှုလေးတစ်ခုနဲ့
ကမ္ဘာကျော်ခဲ့သူတွေ အများကြီး..
ပရဟိတမေတ္တာကို ဝီရိယလေးထည့်ကြည့်လိုက်
တစ်နေ့တော့
မင်းနေတဲ့ကမ္ဘာကြီးက မင်းကို
ကောင်းချီးပေးလာမှာပါ..
SNM
Photo.. crd
0 تعليقات