ခွေး သတ္တဝါ သည် ညစ်ညမ်းသော သတ္တဝါ ဖြစ်သည်။
ညစ်ညမ်း သော အမူအကျဉ့် လည်း ရှိသည်။ အလားတူ လူကို
အန္တရာယ် ပြု နိုင်သော သတ္တဝါ လည်း ဖြစ်သည်။ ထိုအပြင် ခွေး ၏ အာရေ (သွားရည်) တွင် အဆိပ် တစ်မိူ းရှိသဖြင့် လူ ၏ ကျန်းမာရေး အား ထိခိုက် စေနိုင်သည်။
ထိုကြောင့်ပင် ရှရီအသ် တရားတော်က ခွေး၏ သောက်ကြွင်း စားကြွင်း တို့အား မသန့် သော အရာ အဖြစ်သတ်မှတ် ထားသည်။ခွေးစားသောက် သွားသော အိုးခွက် ပုဂံအား ဟဒိးဆ် တော်တွင် သုံးကြိမ် ဆေးလျှင် သန့်သွားသော် လည်း 7 ကြိမ် 8 ကြိမ် ထိ ဆေးရန် တိုက်တွန်း ထားသည်။ ရေဖြင့် ဆေး လျှင် သန့်သွားသော်လည်း မြေကြီးဖြင့် ပါ ပွတ်တိုက်၍ ဆေးရန်လည်း မိန့်ထားသည်။
ဟဒိးဆ် တော်၌ ခွေးရှိသော အိမ်တွင် ဖရိရ်ှသာ ကောင်းကင် တမန် များ ဝင်ရောက်ခြင်း မရှိကြောင်း လာရှိထား သည်။
နောက် ဟဒိးဆ် တစ်ပုဒ်တွင် အကြောင်းမဲ့ ခွေး မွေးသူ ၏ အမလ် များ အနက် နေ့စဉ် ကီရားသ် တစ်ခု လျော့ သွားကြောင်း လာရှိသည်။ ( ကီရားသ် ဟုသည် မှာ အလွန် များသော အအ်မားလ် များ ပါဝင်သည့် အစိတ်အပိုင်း ကို ခေါ် ဆို သည်)
တင်ပြပါ ဟဒိးဆ် တော်များ ကို ထောက် ၍ အကြောင်းမဲ့ အလှသော် ၎င်း ခွေးချစ်၍ သော် ၎င်း ခွေးမွေးခြင်း သည် ဟရာမ် ဖြစ်ကြောင်း ဂိုနာ ကဗီရာ ဖြစ်ကြောင်း သာသနာ ပညာရှင် များက ရေးသား ဖေါ် ပြထားသည်။
လယ်ယာ၊ ခြံ ၊ အိမ် စောင့်ရန် နှင့် လုံခြုံရေး ကိစ္စများ အတွက်သော် ၎င်း အမဲလိုက်ရန် အတွက် သော်၎င်း
ခွေးမွေး ခြင်း ပိုင်ကြောင်း ဟဒိးဆ် တော် များမှ ကောက်နူတ် ၍ ပညာရှင်များ က ရေးသားထားသည်။
ယခု ခေတ် အခါ သာမယ တွင် ခွေးမွေးခြင်း မှာ ယဟူဒီ နဆ်ွရာနီ များ ၏ အလေ့ အကျဉ့် ၊ယဉ်ကျေးမှုဖြစ်သည်။
ခွေးမွေးခြင်း ဟရာမ် ဖြစ်ခြင်းနှင့် အတူ ကာဖိရ် များ၏ ယဉ်ကျေးမှု အား အတုခိုးခြင်း ၎င်းတို့နှင့် အတူ ၎င်းတို့၏ အကျင့်စရိုက် တွင် ပါဝင်ခြင်း လည်း သီခြား ဂိုနာ တစ်ခု ဖြစ်သည်။
ဟဇ်ရသ် အဗူဟိုရိုက်ရဟ် ဆင့်ပြန်ပါတယ်
တမန်တော်မြတ် ( ﷺ ) အမိန့် ရှိပါတယ်
အကြင်သူ တစ်ဦးတစ်ယောက် ရဲ့ အိမ်မှာ
ခွေး ရှိပါက ထိုသူပြုလုပ်တဲ့ အအ်မာလ်များ
အနက်မှ နေ့စဉ် ကီရာသ် တစ်ခုစာ လျော့နည်း
နေလိမ့်မည် သို့သော် လယ်ကိုစောင့်သောခွေး
တိရိစ္ဆာန်တွေကိုစောင့်သောခွေး ထားခွင့်ရှိပါသည်
( ဗိုခါရီကျမ်း / မုစ်လင်မ်ကျမ်း /
အိဗ်နေဟိဗ္ဗါန်ကျမ်း / အိဗ်နေမာဂျာကျမ်း )
မွေးခွင့် ရှိသောခွေးမျိုးကို
အရောင်း အဝယ်လုပ်လို့ ပိုင်ပါတယ်
မွေးခွင့်မရှိသော ခွေးမျိုးကို
အရောင်းအဝယ် လုပ်လို့လဲ မပိုင်ဘူး
မွေးခွင့်ရှိသော ခွေးများမှာ
လယ် ကိုစောင့်သောခွေး
ဆိတ် / နွား / သိုး စသော တိရိစ္ဆာန်များကို
စောင့်သောခွေး အမဲလိုက်ရန်
လေ့ကျင့်ပေးထားသောခွေး
ခြံစောင့်ခွေးများဖြစ်သည်
ထိုခွေးများမှအပ ကျန်ရှိသော
ခွေးများအား အရောင်းအဝယ်ပြုလုပ်ပိုင်ခွင့်
လုံးဝ မရှိ။
ရဒ်ဒွလ်မုဟ်သာလ်ကျမ်း
အတွဲ 5 စာမျက်နှာ 68
အသ်ဖသ်ဝါ ဟင်န်ဒီယဟ်
အတွဲ 3 စာမျက်နှာ 114
ခွေးရဲ့အာရည်နဲ့ထိမိရင် ရေစိုနေတဲ့ခွေးနဲ့ထိမိရင် ထိတဲ့နေရာကို ရှရီအသ်အရ သန့်ပြန့်အောင် ဆေးကြောဖို့အရေးကြီးပါတယ် ခွေးအာရည်သည် မသန့်အထဲတွင်ပါ၀င်သည်။
ခွေး ၀က် ကိုမမုန်းရပါ သူတို့အနာတရဖြစ်တာ အစာငတ်နေတာ တခုခုဖြစ်ရင် မထိမကိုင်ပဲ ကူညီပေးသင့်တယ် ရေမစိုတဲ့ခွေးကိုထိမိလို့ မသန့်မဖြစ် အဓိက က သွားရည်နဲ့ ရေစိုနေမှသာ သန့်ပြန့်အောင်လုပ်ဖို့အရေးကြီးတယ် အဲ့လိုထိမိပြီး ရှရီအသ်ကပြသထားသလိုသန့်ပြန့်မှုမလုပ်ရင် ဝူဇူ အထမြောက်မည်မဟုတ်ပါ ဝူဇူ အထမမြောက်လို့ နမားစ်ပါ အထမြောက်မည် မဟုတ်။
အမေးပို့စ်မဖျက်ရန်
အခြားသူများသိစေရန်
မွဖ်သီဆပ်များ၏ဗယာန်များ နှင့် အစ္စလာမ့်စာပေများ adအဖွဲ့
✍✍✍TTH_နစခစရထ
တင်ပြပါ စာသားများ သည် အောက်ပါ ဟဒိးဆ် တော်များ နှင့် ဖိက်ဟ် ပညာရှင်များ ၏ အဆိုများ အား ကိုးကား တင်ပြခြင်း သာ ဖြစ်သည်။
عن أبي هريرة رضي الله عنه أنَّ النَّبيَّ صلى الله عليه وسلم قال : ( مَنِ اتَّخَذَ كَلْباً إِلاَّ كَلْبَ مَاشِيَةٍ ، أوْ صَيْدٍ ، أوْ زَرْعٍ ، انْتُقِصَ مِنْ أجْرِهِ كُلَّ يَوْمٍ قِيرَاطٌ ) رواه مسلم ( 1575 )
عن أبي هريرة رضي الله عنه , أنَّ رسولَ الله صلى الله عليه وسلم قال : ( طُهُورُ إِنَاءِ أحَدِكُمْ إِذَا وَلَغَ فِيهِ الكَلْبُ أنْ يَغْسِلَهُ سَبْعَ مَرَّاتٍ أُولاَهُنَّ بِالتُّرَابِ ) رواه مسلم ( 279 ) .
روى ابن ماجه (3640) عَنْ عَلِيِّ بْنِ أَبِي طَالِبٍ رضي الله عنه عَنْ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ : ( إِنَّ الْمَلائِكَةَ لا تَدْخُلُ بَيْتًا فِيهِ كَلْبٌ وَلا صُورَةٌ )
وفي الهندية 242/4
لا ينبغي أن يتخذ الكلب إلا خوفا من اللصوص أو غيرهم....ويجب أن يعلم أن إقتناء الكلب لأجل الحرس جائز شرعا. وكذالك اقتنائه للإصطياد مباح. وكذالك اقتنائه لحفظ الزرع والماشية جائز. كذا في الذخيرة.
وفي الدر مع الرد 222/1
فسور خنزير وكلب وسباع بهائم .... نجس مغلظ
قال رسول الله صلي الله عليه وسلم : من تشبه بقوم فهو منهم رواه ابو داود
قال النووي في "شرح مسلم" (10/340) :
" هَلْ يَجُوز اِقْتِنَاء الْكِلَاب لِحِفْظِ الدُّور وَالدُّرُوب وَنَحْوهَا ؟ فِيهِ وَجْهَانِ : أَحَدهمَا : لا يَجُوز ، لِظَوَاهِر الأَحَادِيث ، فَإِنَّهَا مُصَرِّحَة بِالنَّهْيِ إِلا لِزَرْعٍ أَوْ صَيْد أَوْ مَاشِيَة , وَأَصَحّهمَا : يَجُوز ، قِيَاسًا عَلَى الثَّلاثَة ، عَمَلا بِالْعِلَّةِ الْمَفْهُومَة مِنْ الأَحَادِيث وَهِيَ الْحَاجَة
وقال الشيخ ابن عثيمين في "شرح رياض الصالحين" (4/241) :
" وأما اتخاذ الكلب وكون الإنسان يقتنيه فإن هذا حرام , بل هو من كبائر الذنوب , لأن الذي يقتني الكلب إلا ما استثنى ينقص كل يوم من أجره قيراطان . . .
كتبه محمد نعمان عفي عنه
١٤٣٨.٣.١٣
Crd#SHN ment
0 تعليقات