ပုဂ္ဂိုလ် တစ်ယောက်ဟာ တမန်တော်မြတ် မုဟမ္မဒ်ﷺۢ ဆီ ရောက်လာတယ်။ အဲဒီ့ ပုဂ္ဂိုလ်က မိမိဖခင်နဲ့ ပတ်သက်ပြီးတိုင်ကြားတယ်။
"အို ၊…ကိုယ်တော် ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ်အားမမေးမြန်းပဲ ကျွန်ုပ်၏ ပိုက်ဆံအားလုံး သုံးစွဲလိုက်လေသည်"ဟု လျှောက်တင်သဖြင့် တမန်တော်မြတ် မုဟမ္မဒ် ﷺ သည် သူရဲ့ဖခင်ကို ခေါ်ခိုင်းလေသည်။ သူ၏ ဖခင်က ဒီအကြောင်းအရာကို သိသွားသောအခါမှာ အလွန်မှ စိတ်သောက ရောက်သွားတယ်။
၎င်းနောက် တမန်တော်မြတ်မုဟမ္မဒ်ﷺ ထံတော်ပါးကို သွားဖို့ အတွက် ထွက်လာခဲ့တယ်။ အာရဗ် ဒေသမှာ ကဗျာရဲ့ အစဉ်အလာရှိတော့ လမ်းမှာ လာနေရင်းနဲ့ အချို့သော ကဗျာတွေကို ခေါင်းထဲမှာ စဉ်းစားပြီး လာနေတယ်။
တမန်တော်မြတ်မုဟမ္မဒ်ﷺ ဆီကို မရောက်ခင်မှာပဲ ဟဇရသ် ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်) တမန်တော်မြတ်ﷺ ထံ ကြွမြန်းလာပြီး အမိန့်ရှိတယ်။
"အို…ကိုယ်တော် အလ္လာဟ်ﷻ အရှင်မြတ်က အမိန့်ရှိတယ်။ အရင်ဆုံး သူတို့ရဲ့ အဖြစ်ပျက်ကို နားမထောင်ခင် ထိုဖခင် စဉ်းစားပြီးလာနေတဲ့ ကဗျာကို နားထောင်လိုက်ပါ။"
ပုဂ္ဂိုလ်က တမန်တော်မြတ်မုဟမ္မဒ်ﷺ ထံရောက်လာတော့ တမန်တော်မြတ်မုဟမ္မဒ်ﷺ က အမိန့်ရှိတယ်။
"အို…ပုဂ္ဂိုလ်၊ အသင့်ရဲ့ ပြဿနာကို နောက်မှ နားထောင်မယ်။ အရင်ဆုံး လမ်းမှာတုန်းက စဉ်းစားပြီးလာနေတဲ့ ကဗျာတွေကို ဖတ်ပြပါ။" ထိုပုဂ္ဂိုလ်ဟာ အလွန်စိတ်ထားကောင်းမွန်တဲ့ ဆွဟာဗီတစ်ပါးဖြစ်တယ်။
တမန်တော်မြတ်မုဟမ္မဒ်ﷺ ရဲ့ စကားကို ကြားပြီး ငိုလေတော့တယ်။
"ကျနော်ကိုယ်တိုင် ဒီကဗျာတွေကို အခုထိ နှုတ်လျှာမှာတောင် ယူမလာသေးဘူး။ အခုထိ ကျနော်နားက မကြားရသေးဘူး။ ကိုယ်တော်က ဒါကို ကြားသွားပြီ။"
ထိုဆွဟာဗဟ်ؓ က ကဗျာဖတ်ပြလေသည်။ ကဗျာရဲ့ အဓိပ္ပါယ်က-
["အို…သားတော်၊
မင်းမွေးလာတဲ့ နေ့ကစပြီးတော့ ငါတို့ရဲ့ ကြိုးစားတဲ့
နေ့က အစ,ပြုလာတယ်။
မင်းငိုတဲ့ချိန် ငါတို့ အိပ်လို့မရနိုင်ခဲ့ဘူး။
မင်း အစားမစားဘူးဆိုရင် ငါတို့ အစာ မစားနိုင်ခဲ့ဘူး။
မင်းနေမကောင်း ဖြစ်တဲ့အခါ မင်းကို တစ်ခါတစ်လေ ဆရာဝန်ဆီ ခေါ်သွားတယ်။
ဆေးဝါးကုသဖို့ ဘာမှမဖြစ်သွားရလေအောင် သေဆုံးမသွားရလေအောင် ပြေးလွှားလုပ်ခဲ့ရတယ်။
တစ်ကယ်တန်းတော့ သေခြင်းတရားဆိုတာ သီးသန့်ပါပဲ။ ရောဂါဆိုတာလဲ သီးသန့်ပါပဲ။
တဖန် မင်းကို အပူရှိန်ကနေ ကယ်တင်ဖို့တွက် နေ့၊ည အလုပ်လုပ်ရတယ်။
သြော် ငါ့သားကို အေးမြတဲ့ အရိပ်လေးရသွားအောင် တစ်ခါ အအေးကနေ ကယ်ဖို့တွက် ခဲတွေကို ထုပြီးတော့ ဒုက္ခတွေခံခဲ့တယ်။ သြော် ငါ့သားလေး အအေးရသွားအောင် ငါရှာခဲ့တာ မင်းတွက်ပါပဲ။ ငါကယ်တင်ခဲ့တာ အားလုံး မင်းအတွက်ပါပဲ။
မင်းရဲ့ လူလားမြောက်လာတဲ့ လူလင်ပျို အရွယ်ရောက်လာဖို့ အတွက် ငါက နေ့ည ကြိုးစားခဲ့တယ်။
ယခု ငါ့ရဲ့ အရိုးတွေတောင် အားအင် ချိနဲ့ သွားပြီ။
သို့သော် မင်းက လူပျို ဖြစ်သွားပြီ။ တဖန် ငါကတော့ ခြောက်သွေ့တဲ့ ရာသီလို ဘာမှမတတ်နိုင်တော့ဘူး။
သို့သော် မင်းအပေါ်မှာတော့ စိမ်းလန်းစိုပြေတဲ့ ရာသီရောက်လာခဲ့ပြီ။ အခု ငါကတော့ ကိုင်းညွတ်သွားပြီး မင်းကတော့ အတည့်ဖြစ်သွားပြီ။
အခု ငါ့ရဲ့ ရမ္မက်တွေ မျှော်လင့်ချက်တွေ ပြည့်ဝသွားပြီ။ မင်းကတော့ စိမ်းလန်းစိုပြေတဲ့ သူတစ်ယောက် ဖြစ်သွားပြီ။
ငါ စဉ်းစားတယ်။ "ယခု ငါ့အနေနဲ့ သက်တန်းရဲ့ နောက်ဆုံးခရီးကို မင်းအနားမှာနေပြီး မင်းရဲ့ တဲလေးမှာနေပြီး ကုန်ဆုံးရင်ကောင်းမယ်"လို့။
သို့ပေမယ့် မင်းက လူပျိုအရွယ်ရောက်လာတာနဲ့ မင်းရဲ့ပုံစံဟာ ပြောင်းလဲသွားတယ်။
မင်းရဲ့ နားထင်ကြောတွေက တင်းလာတယ်။
မင်း ငါ့ကို ဆက်ဆံတဲ့ပုံစံက ငါ့ရဲ့ရင်ဘက်ကို ဆွဲဖြဲလိုက်သလိုပဲ။
မင်းက ငါကို ကျွန်တစ်ယောက်ထက် ပိုပြီးတောင် ဦးစားပေးပြီး စကားမပြောတော့ဘူး။
တဖန် ငါက သက်တမ်းတစ်လျှောက်လုံး ကြိုးစားလာခဲ့တာတွေကို ဘာမှမဟုတ်သလိုပဲ မှတ်ယူလိုက်တယ်။
ငါက မင်းရဲ့ ဖခင်တစ်ယောက်မဟုတ်ဘူး။ ကျွန်တစ်ယောက်ဖြစ်တယ်။
ကျွန်တစ်ယောက်ကိုတောင် သခင်က တစ်နပ်စာ ရိုတီကျွေးသေးတယ်။
မင်းလည်း ငါ့ကို ကျွန်တစ်ယောက်လို့ မှတ်ယူပြီး ရိုတီကျွေးပါ။"]
ဒီကဗျာတွေကို ဖတ်ပြရင်းဖတ်ပြရင်း တမန်တော်မြတ်မုဝမ္မဒ်ﷺ ရဲ့ ရွှေမျက်နှာတော်ကို ကြည့်လိုက်သောအခါ တမန်တော်မြတ်မုဟမ္မဒ်ﷺ ရဲ့ ရွှေမျက်နှာပေါမှာ မျက်ရည်တွေ ယိုစီးနေလေတယ်။ ဘယ်အထိ ဆိုရရင် ကိုယ်တော်ရဲ့ ရွှေမုတ်ဆိတ်တော်ပါ ရွှဲစိုသွားလေတယ်။
အဲ့ဒီအချိန်မှာပဲ တမန်တော်မြတ်မုဟမ္မဒ်ﷺ သည် အရှိန်ဝါတတ်လာပြီ မိမိနေရာက ထပြီးတော့ သားရဲ့ လည်ကုတ်ကို ကိုင်ပြီး အမိန့်ရှိတယ်။
"အိုသားတော်၊ မင်းမှတ်ထားပါ။ မင်းရော မင်းရဲ့
ပစ္စည်းတွေရော မင်းရဲ့ ဖခင်ပိုင်ဆိုင်တယ်။"
ဒီ အမိန့်ကို (၃)ကြိမ်တိတိ အမိန့်ရှိတော်မူသည်။
(တဖ်စီရ် ကုရ်သုဗီကျမ်း )
#ဖခင်ရဲ့ တန်ဖိုးကို နားလည်ပါ။ မိဘရဲ့ စကားကို နားထောင်ပါ။ မိဘတွေ ဘယ်လို ယုယုယယနဲ့ ကိုယ့်အပေါ်မှာ သနားကြင်နာခဲ့သလဲ? စောင့်ရှောက်ခဲ့သလဲ? သူတို့တွေ အသက်အရွယ် ကြီးလာတဲ့ အချိန်မှာလည်း ပြုစု စောင့်ရှောက်ပါ။ ချိူချိုသာသာ စကားပြောပါ။ ရိုင်းစိုင်းစွာ မတုံ့ပြန်ပါနဲ့။ တမန်တော်မြတ်မုဟမ္မဒ်ﷺ ရဲ့ အမိန့် ရှိသလို ကျမ်းတော်မြတ်ကုရ်အာန်မှာလဲ အလ္လာဟ်ﷻ အရှင်မြတ်က တားမြစ်ထားပါတယ်။
Credit to original Writer
(ဖခင်ကို လေသံမာမာဖြင့်ပင် ပြန်ပြောသော
သားများ သတိပြုကြပါရန်)
Muhammed Hussein King Win
0 تعليقات