*#06# - - - "IMEI Code"
*#*#4636#*#*
"This code can be used to get some interesting
information about Xiaomi Mi Note and battery."
*#*#7780#*#*
"This code can be used for a factory data reset."
*2767*3855#
"This code is used for factory format.
It'll remove all files and settings including
the internal memory storage."
*#*#34971539#*#*
"This code is used to get
information about phone camera."
*#*#7594#*#*"
This code can be used to change the
End Call ' Power button action in your phone.
*#*#225#*#* - - - "Events calendar."
*#*#426#*#*
Debug information for Google Play service.
*#*#759#*#*
Access Google Partner setup (Rlz debug interface).
*#872564# - - - "USB logging control"
*#9900# - - "System dump mode Xiaomi Mi Note"
*#*#97#*#*
Language and Keyboard settings in Xiaomi Mi Note.
*#*#46*#*# - - - "Reset Sim in Xiaomi Mi Note"
*#301279# - - - "HSDPA/HSUPA Control Menu"
*#7465625# - - - "View phone lock status"
"*#*#273283*255*663282*#*#*
This code opens a File copy screen
where you can backup your media files e.g.
Images, Sound, Video and Voice memo.
"*#*#197328640#*#*
This code can be used to enter into Service mode.
You can run various tests and change settings in
the service mode.
"*#*#232339#*#*
WLAN test (Use Menu button to start various tests)
*#*#232338#*#* - - - Shows WiFi MAC address.
*#*#1472365#*#* - - - "GPS Test"
*#*#1575#*#* - - - "For a more advanced GPS test"
*#*#232331#*#* - - - "Bluetooth test"
*#*#8255#*#*
This code can be used to launch GTalk Service Monitor
*#*#36245#*#* - - Access email debug information.
##002# - - - "Cancel all diverts"
##004# - - - "Cancel all conditional call forwarding.
**004* phone number #
Activate all conditional call forwarding.
အခုမှ Xiaomi ဖုန်းကို စပြီးအသုံးပြုတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်ပါတယ်။
အရေးပေါ် Power ဘယ်လိုပိတ်မလဲ?
=========================
တစ်ခါတစ်ရံမှာ ဖုန်းမှာ app တွေ အသုံးများပြီး RAM မနိုင်တော့လို့ Touch ကလုံးဝ အလုပ်မလုပ်တော့တာမျိုးဖြစ်တတ်ပါတယ်။ Touch ပဲမကောင်းသလိုလို ဖုန်းကပဲပျက်သွားသလို လို ကြုံ ဖူးကြမှာပါ။
ဒီလို အချိန်မျိုးမှာ Power ပိတ်ဖို့အတွက် ဘာခလုတ် နှိပ်နှိပ် အဆင်မပြေတတ်ပါဘူး။ဒါပေမယ့် လျှို့ဝှက်ချက်ကတော့ရှိပြီးသားပါ။
Power ခလုတ်ကို ၁မိနစ်ခန့် ဖိထားပေးပါ။ အလိုလျှောက် Restart ဆင်းသွားမှာဖြစ်ပါတယ်။
ဖုန်းကို Reset မချခင် Backup ဘယ်လိုလုပ်မလဲ?
==============================
အကြောင်းအမျိုးမျိုးကြောင့် ဖုန်းကို Reset ချတော့မယ်ဆိုရင် အရင်ဆုံး Backup ပြုလုပ်သင့်ပါတယ်။
MIUI မှာ Build in backup&restore option ပါဝင်ပြီးသားဖြစ်ပါတယ်။ အတော်လေး ပြည့်စုံကောင်းမွန်ပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်ဟာ ဘယ်လောက်ကောင်းသလဲဆိုရင် Facebook , viber အကောင့် တွေပါ Restore ပြန်လုပ်ရင် အသစ်ပြန်ဝင်စရာ ဖွင့်စရာမလိုလောက်အောင် database တွေအထိ Backup လုပ်ပေးနိုင်ပါတယ်။
Backup ပြုလုပ်ချင်တယ်ဆိုရင်တော့ Setting>Additional Settings>Backup & Reset ထဲမှာ မိမိ လိုအပ်သလိုရွေးချယ်ပြီး Backup ပြုလုပ်နိုင်ပါတယ်။ Backup လုပ်ပြီးတော့ File manager ထဲက MIUI Folder တစ်ခုလုံးကို Computer ထဲဖြစ် ဖြစ် OTG နဲ့ပဲဖြစ်ဖြစ် ထပ်မံ ကူးယူထားသင့်ပါတယ်။
ဖုန်းမှာပါဝင်တဲ့ Recent,Home,Back ခလုတ်တွေကို မီးအဖွင့် အပိတ် ဘယ်လိုလုပ်မလဲ?
=============================================
MIUIဟာ ဖုန်းတစ်ခုလုံးကို ကောင်းမွန်စွာ စိတ်ကြိုက်မွန်းမံနိုင်ပါတယ်။ Recent,Home,Back ခလုတ်တွေကို Battery စားမှာကြောက်လို့ ပိတ်ထားချင်ရင်တော့ Setting>Additional Settings>Buttons ထဲကိုဝင်ပြီး Button Lights ကို ပိတ်ပေးလိုက်ပါ။
Download ဆွဲတဲ့ အခါ Require Wi-Fi Connection လို့ပြပြီးဆက်မဆွဲရင်ဘယ်လိုဖြေရှင်းမလဲ
Home Screen မှာရှိတဲ့ Downloads ဆိုတဲ့ app လေးကိုရှာပါ။ app ကိုတွေ့ရင် ဝင်လိုက်ပါ။ ညာဘက်ဒေါင့်စွန်းအပေါ်လောက်မှာ အစက် ကလေး သုံးစက်ကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ရင် Menu တစ်ခုပေါ်လာမှာဖြစ်ပြီး ၃ခုမြောက်မှာတွေ့ရမယ် Setting ထဲကိုဝင်ပါ။ Download size limit မှာ unlimiter ပြောင်းပြီး Download ပြန်ဆွဲကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
Facebook,Messemger,Vber တို့ရဲ့ Pop-Up Window တွေ ပေါ်မလာရင် ဘယ်လိုဖွင့်မလဲ?
===============================================
Messenger မှာတစ်ဖက်က ပြောတဲ့ စာတွေ ဖုန်း မှာ တောင်လို့ အသံကြားရပြီး Display မှာပေါ်မလာခဲ့ရင် ဒီလိုဖြေရှင်းပါ။
Security app ထဲကိုဝင်ပါ။ ညာဘက်ထောင့် အောက်ဆုံးမှာ Permission ဆိုတာတွေ့ပါလိမ့်မယ်။ ဝင်လိုက်ပါ။Permissions ဆိုပြီးထပ်တွေ့ပါလိမ့်မယ်။ Facebook အတွက် ဆိုရင် Facebook ထဲကိုဝင်ပြီး အောက်ဆုံးမှာရှိတဲ့ Display Pop-up window ကို accept လုပ်ပေးပါ။Messenger,Viber လည်း ထို့နည်းတူဖြစ်ပါတယ်။
Battery ကို ရာခိုင်နှုန်း နဲ့ပြအောင် ဘယ်လိုပြောင်းမလဲ။?
=================================
Security app ထဲကိုထပ်ဝင်ပါ။ညာဘက်ထောင့်အောက်လောက်မှာ Battery ဆိုတဲ့ စာလေးတစ်ခုတွေ့ပါလိမ့်မယ်။ဝင်လိုက်ပါ။အထဲရောက်ရင် ညာလက်ထောင့်အပေါ်က Setting ကိုနှိပ်လိုက်ပါ။
Battery indicator လို့ပေါ်လာရင် Graphical အစား Percentage လို့ ပြောင်းပေးလိုက်ပါ။
Data speed indicator ကို ဘယ်လို ဖော်မလဲ?
================================================
လက်ရှိ ကိုယ်အသုံးပြုနေတဲ့ အင်တာနက် speed ကို ဖော်ထားချင်တယ်ဆိုရင်တော့ Security app ထဲကိုဝင်ပါ။ ဒုတိယမြောက် Data Usage ဆိုတဲ့ function ထဲကိုဝင်ပါ။Battery Percentage တုန်းကလိုပါပဲ။ အပေါ်က Setting ကိုဝင်လိုက်တာနဲ့ Show network aped ဆိုတာကို ဖွင့်ပေးလိုက်ပါ။
Developer Option ဘယ်လိုဖွင့်မလဲ။
ဒါကတော့ MIUI ရဲ့ သူများတဲ့ မတူတဲ့အချက်တစ်ချက်ပါ။ အခြားဖုန်းတွေမှာ က kernel ဘာညာကို ၇ ချက်ထောက်ပေးရပေမယ့်။Xiaomi မှာတော့ MIUI Version ကို ၇ ချက်ခေါက်ပေးပါ။ ဒါဆိုရင်တော့ Additional Setting ထဲမှာ Developer option တစ်ခု တိုးနေပါလိမ့်မယ်ခင်ဗျာ။
#MrFone #MIUItips
ဆက်လက်ဖော်ပြပါဦးမည်။
Xiaomi ဖုန်းတစ်လုံး ဝယ်ယူခဲ့ပြီဆိုရင် ( အပိုင်း -၂ )
လက်သုံးချောင်းနဲ့ဆွဲလိုက်ရင် Screenshot ရိုက်အောင် ဘယ်လိုလုပ်မလဲ (MIUI8)?
=================================================
Setting ထဲက Screenshot ထဲကိုဝင်ပါ။ Slide three fingers to take screenshot ကိုဖွင့်ပေးပါ။
ဒါဆိုရင်တော့ သင့်လက်သုံးချောင်းနဲ့ အပေါ်ကနေ အောက်ကို ဆွဲချလိုက်တာနဲ့ Screenshot ရိုက်ပေးမှာဖြစ်ပါတယ်။
Long Screenshot ဘယ်လိုရိုက်မလဲ?
=======================
Facebook တို့ ဘာတို့မှာ စာတွေအရှည်ကြီးဖြစ်နေတယ်။ ဓါတ်ပုံအဖြစ်လည်းသိမ်းချင်တယ်ဆိုရင်တော့ Long Screenshot ဆိုတဲ့ စနစ်ကို MIUI 8 မှာအသုံးပြုနိုင်ပါတယ်။
Screenshot ရိုက်ပြီးရင် ပုံလေးက ညာဘက်ထောင့်မှာပေါ်လာပါတယ်။ အဲ့ပုံလေးကိုထောက်လိုက်ရင် ဘယ်ဘက်ထောင့် အောက်ဆုံးမှာ Scroll ကိုနှိပ်လိုက်ပြီး လိုသလောက် ရိုက်ယူနိုင်မှာဖြစ်ပါတယ်။
Quick Ball ဆိုတာဘာလဲ?
===================
Quick Ball ကတော့ Easy Touch လို မျိုးပါပဲ။ iPhone ရဲ့ AssistiveTouch နဲ့ သဘောတရားဆင်တူပါတယ်။ Quick Ball ကို MIUI 8 မှာ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ Setting>Additional Setting>Quick Ball ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
Flash မီးကို အရေးပေါ် အခြေအနေမှာဘယ်လိုဖွင့်မလဲ?
======================================
အကယ်၍များ Flash မီးကို ဓါတ်မီးအဖြစ်အရေးပေါ်သုံးချင်တယ်ဆိုရင်တော့Lock Screen အနေအထားမှာ Home Button ကို 15 second လောက် ဖိထားပေးလိုက်ပါ။
Call Recorder ဘယ်လိုဖွင့်မလဲ?
=====================
သင်တစ်ခါတစ်လေ သတိမထားမိတဲ့အရာက သင့်အနားမှာရှိနေတတ်ပါတယ်။MIUI မှာ Build in Call Recorder ပါဝင်ပြီးသားဖြစ်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းခေါ်တဲ့ app ထဲဝင်ပါ။ ဘယ်ဘက် အောက်ထောင့်နားမှာ လိုင်းလေး ၃ကြောင်းရှိပါတယ်။ နှိပ်ပြီး Setting ထဲကိုဝင်ပါ။Call Recording ကိုဖွင့်ပေးလိုက်ပါ။Record automatically ကိုမဖွင့်ထားရသေးရင်ဖွင့်ပေးပါ။
ဖုန်းလာရင် Flash မီးလင်းအောင်ဘယ်လိုလုပ်မလဲ?
===================================
အပေါ်ကအတိုင်းပဲ Phone ခေါ်တဲ့ app ကနေ တစ်ဆင့် setting ထဲကိုဝင်ပါ။ Incoming Call Settings ထဲကိုဝင်ပြီးရင် Flash when ringing ကိုဖွင့်ပေးပါ။ဒါဆိုရင် ဖုန်းလာရင် Flash မီးလင်းလာပါလိမ့်မယ်။
ဆက်လက်ဖော်ပြပါဦးမည်။
Mi ကို ဝယ်တော့မှာလား ? ဝယ်လာလို့ စသုံးဖြစ်ပြီလား ? ဝယ်မယ့်သူကိုပြန်ရှင်းပြဖို့လား ?
#- ဖုန်းမှာ အဓိက Model နှစ်မျိုးက Mi နဲ့ Redmi ပါ။ Mi ကတော့ Spec မြင့်သလို ဈေးမြင့်ပါတယ်။ Redmi ကတော့ Spec မြင့်ပေမယ့် ဈေးသက်သာ အောင်ဖန်တီးထားပါတယ်။ အဲသည့် နှစ်မျိုးစီမှာ သာမာန်ထက် Screen Size ကြီးတဲ့ Note Serie တစ်မျိုးစီ ရှိပါတယ်။ ဒါကြောင့် Mi Note နဲ့ Redmi Note ဆိုပြီးထပ် ရှိပါတယ်။ Mi , Mi Note, Redmi, Redmi Note ဆိုတဲ့ Model တွေပါ။ Mi Max နဲ့ Mi Mix ကိုတော့ သီးခြား အမျိုးအစားထဲ ထည့်ရပါလိမ့်မယ်။
#- Mi ဖုန်းတွေမှာ Android ကိုအခြေခံထားတဲ့ စနစ်တစ်ခုရှိပါတယ်။ သူ့ကိုတော့ MIUI (မီယူအိုင်) လို့ခေါ်ပါတယ်။ Android မှာပါတဲ့ Function တွေထက်ကျော်လွန်ပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Android ကိုအခြေပြုပြီး မွေးဖွားလာတဲ့ MIUI ဟာ Mi ဖုန်းတွေရဲ့အသက်ပါ။ Android version ဘယ်လိုပဲဖြစ်နေပါစေ MIUI ကဖုန်းတစ်လုံးနဲ့ တစ်လုံးကို Feature တွေ ၉၉ ရာနှုန်းတူညီအောင် ထောက်ပံ့ပေးထားနိုင်တာမို့ Android Version ဟာ Mi အတွက် ကြီးကြီးမားမားအရေးမကြီးပါဘူး။ MIUI ကိုသာ အမြဲအဆင့်မြှင့်တင်ဖို့လိုပါတယ်။
#- MIUI ရဲ့အားသာချက်ကတော့ လိုသလို Customize လုပ်လို့ရတဲ့ အရာတွေရယ် ကမ္ဘာပေါ်က ထောင်ပေါင်းများစွာသော Developer တွေ Designer တွေကအလုပ်လုပ်ပေးနေပြီး အသစ်အဆန်းတွေ အမြဲ Up to date ဖြစ်နေတာရယ်။ Active ဖြစ်နေပြီး စက္ကန့်နဲ့ အမျှ လေ့လာစရာတွေ တိုးနေတတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ Forum ကြီးရှိနေတာရယ်။ ဘယ်မော်ဒယ်ကိုသုံးသုံး လုပ်ဆောင်ချက် အားလုံးနီးပါး အတူတူရရှိနိုင်လို့ ကွဲပြားနေတယ် ခွဲခြားထားတယ်လို့ မခံစားရတာရယ် ...
#- MIUI မှာ China ROM နဲ့ Global ROM ဆိုပြီး အဓိက ၂ မျိုး ရှိပါတယ်။ တစ်မျိုးစီမှာ Developer ROM နဲ့ Stable ROM တစ်ခုစီထပ်ရှိပါတယ်။ Custom ROM ဆိုတာကတော့ MIUI Team ကနေတရားဝင်ထုတ်လုပ်ထားတာ မဟုတ်ပဲ Developer တွေက သီးသန့် ဖန်တီးထားတဲ့ ROM တွေဖြစ်ပါတယ် Error တွေရှိနိုင်ပါတယ်။ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ပိုသုံးလို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေလည်း ပါနိုင်ပါတယ်။ ဒါကိုမရောထွေးစေဖို့ သတိပြုပါ။
#- အရင်က Developer ROM မှာ မြန်မာစာကိုTheme Font နဲ့ အလွယ်လေး ပြောင်းလို့ရပေမယ့် ပေါ်လစီအသစ်ကြောင့် အခု zawgyi ကို Theme font အနေနဲ့ လက်မခံတော့ပါ။ ဒါပေမယ့် Global ROM မှာ zawgyi တရားဝင်ပါလာပါပြီ။ အလုပ်ရှုပ်မခံချင်ရင် Global ROM ထွက်ပြီးသား Model တွေမှာ Global ROM ကိုတင်ထားတာ မြန်မာစာစိတ်ချရသလို Google ပြသနာလည်းကင်းသွားပါတယ်။
#- MIUI 7 ကစလို့ Mi Account ဟာသိပ်ကိုအရေးကြီးတဲ့ အခန်းကနေ ပါဝင်လာပါပြီ။ Mi ဖုန်းသုံးတော့မယ် MIUI ကိုစတင် ထိတွေ့တော့မယ်ဆိုရင် Account ကလုံခြုံရေးအရလည်း အရမ်းအရေးကြီးပါတယ်။ ဖုန်းစဝယ်စဉ်မှာ Setting ထဲက Mi Account ကိုကြည့်ပါ။ သူများအကောင့်ဝင်ထားရင် ထွက်ခိုင်းပါ။ ကိုယ်ပိုင်အကောင့်နဲ့သုံးသင့်ပါတယ်။ ဆိုင်ကတာဝန်ရှိသူတွေကလည်း တစ်ခါတစ်လေ မေ့လျော့တတ်တာမို့ အကောင့်ကိုပြန်ထွက်ခိုင်းဖို့ မမေ့ပါနဲ့။ သူများအကောင့်ကြီးနဲ့ Find Device On ပြီးပါလာရင် ပြသနာသေချာပေါက်တက်မှာပါ
#- ROM ကိုအခုမှ စပြီး Flash တော့မယ်ဆိုရင် ကျွမ်းကျင်သူတစ်ယောက်ကို အပြင်မှာ အကူအညီတောင်းပြီး အရင်ဆုံးစမ်းသပ်စေလိုပါတယ်။ Forum တွေမှာမေးတာ၊ Message တွေမှာမေးတာတွေက စလုံးရေစဖြစ်တဲ့ ကိုယ့်ကို ပိုပြီး ချာချာလည်စေပါတယ်။ ရှည်လျားပြီး အမှားမခံတဲ့ စနစ်တွေကို ရှင်းပြဖို့ အွန်လိုင်းကသင့်တော်တဲ့ communication မဟုတ်ပါ။
#- ဖုန်းကို ကိုယ့်တာဝန်ကိုယ်ယူပြီး ကလိဖို့ လေ့လာဖို့ မဟုတ်ရင် Root တာကိုအားမပေးပါဘူး။ Root ပြီးတက်တဲ့ ပြသနာက အမျိုးအစားပေါင်းများစွာ ရှိလို့ Online Support တိတိကျကျ ပေးဖို့ မလွယ်ပါဘူး။ ကိုယ်မနိုင်တော့ရင် ဆိုင်ပဲပြေးရပါမယ်။ မလိုလားအပ်တဲ့ လုံခြုံရေးပြသနာလေးတွေ တက်နိုင်ပါတယ်။ သာမာန်သုံးရုံဆို မ Root ပါနဲ့။ Bootloader Unlock မလုပ်ပါနဲ့။ လုပ်မိရင်လည်း မိမိကိုယ်တိုင်မှာ တာဝန်အရှိဆုံးဆိုတာ သိရပါလိမ့်မယ်။ ဆိုင်ကို ပြသနာရှာလို့မရပါ။
#- ဘက်ထရီကို တွေ့ကရာ ကြိုးတွေနဲ့ ယူသွင်းတာမျိုး မလုပ်ပါနဲ့ ဖုန်းပိတ်ကျသွားသည်အထိ မသုံးပါနဲ့၊ ၂၀ အောက်မရောက်သေးပဲ ခဏခဏ Charging သွင်းတာမျိုး မလုပ်မိပါစေနဲ့ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ ဘက်ထရီမခံတော့ဘူး ဆိုတဲ့ အခြေအနေဟာ အထက်ပါ အကြောင်းအရာတွေကြောင့် ၈၀% ဖြစ်တတ်ပါတယ်။ Quick Charge စနစ်ပါတဲ့ဖုန်းတွေဆိုရင် A ပိုမြင့်ပါတယ်။
#- ဖုန်းတွေဟာ သုံးနေရင် အနည်းနဲ့ အများ ပူတတ်ပါတယ်။ တစ်ခါတစ်လေ သာမာန်ထက်ပိုပူတတ်ပါတယ်။ အားသွင်းထားစဉ် ပူတာမျိုးဆို သတိရှိပါ။ ပလပ်ပြောင်းထိုးပါ နေရာပြောင်းအားသွင်းကြည့်ပါ။ ဖုန်းကိုပိတ်ပြီး အားသွင်းကြည့်ပါ။ အမြဲပူနေရင်တော့ သတိရှိပါစေ။ ရောက်နေတဲ့နေရာက Network လိုင်းတွေအားနည်းတဲ့အခါမျိုးမှာလည်း ဖုန်းကပူလာတတ်တာကို သတိပြုပါ။
#- Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ...
#- Developer Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ..
#- Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ...
#- Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger Popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ...
#- Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ...
#- Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် - (၁) Setting >> Sound and Vibration >> Phone Ringtone>> အပေါင်းကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ ဖိုင်ကိုရွေးပေးလိုက်ပါ...
#- Screen ကိုလက်နှစ်ချောင်းနဲ့ စုဆွဲလိုက်ရင် Home Screen ရဲ့ Menu ကိုရောက်သွားပြီး လက်သုံးချောင်းနဲ့ စုဆွဲလိုက်ရင်တော့ Home Screen Preview ကိုရောက်သွားမှာပါ...
#- ကင်မရာကိုဖွင့်ထားပြီး Home back menu ခလုတ်သုံးခုထဲက menu ခလုတ်ကိုဖိထားရင် Camera setting ကိုမြင်ရမှာပါ။ Dial Pad ကိုဖွင့်ထားပြီး နှိပ်ရင် Call Setting .. Message ကိုဖွင့်ထားပြီး နှိပ်ရင် Message setting စသဖြင့် မြင်ရပါမယ်။
#- Second Space ဆိုတာက ဖုန်းတစ်လုံးကိုပဲ ၂ လုံးပုံစံ ခွဲထားတာပါ။ သီးခြားကန့်သတ်မှုတွေလုပ်လို့ရသလို Password ခံထားလို့လည်းရပါတယ်။ မလိုချင်တော့ရင် Second Space ကိုပြန်ဖျက်နိုင်ပါတယ်...
#- Dual app ဆိုတာက App တစ်ခုကို ၂ ခုဖြစ်အောင်ပွားသုံးတဲ့ လုပ်ဆောင်ချက်ပါ။ SIM နှစ်ကတ်သုံးထားလို့ VIber ၂ ခုဖွင့်ချင်တာ Messenger နှစ်ခုသုံးချင်တာ Facebook အကောင့် ၂ ခုသုံးချင်တာ တွေအတွက် လည်းအဆင်ပြေသွားစေမယ့် လုပ်ဆောင်ချက်ပါ...
#- ဖုန်းတစ်လုံးနဲ့ တစ်လုံး အသစ်လဲရင် Data တွေပျောက်မှာ မစိုးရတော့ပါဘူး။ Setting တွေကအစ အကုန်လုံး ဟိုဘက်ဖုန်းအသစ်ဆီ လက်ရှိအတိုင်း Transfer လုပ်ပစ်နိုင်မယ့် Mi Mover က Setting ထဲမှာ ရှိပါတယ်။
#- ပုံကို Hide လုပ်မိလို့ ပျောက်သွားသူတွေအတွက်က Gallery ကိုဖွင့်ပြီး Menu Key ကိုနှိပ်ထားကာ Setting ခေါ်လိုက်ပါ။ အဲထဲမှာ Show Hidden Album ကိုပြလိုက်ရင် ကိုယ့်ပုံတွေ ရေးရေးပေါ်ပါပြီ ဖိထားပြီး Unhide လုပ်ပါ။
cred
🅟.🅝---နည်းပညာများ
Page လေးကို
Like & Share လေးလုပ်ပေးပါဦး
🅟.🅝---နည်းပညာများ
0 Comments