Ad Code

Assalamualikum

🚨ခုချိန်မှာ လူတိုင်း, အိမ်တိုင်း O2 ကို ကိုယ်တိုင် ကိုင်တွယ်​နေကြရတာမို့ ​သေချာ ​လေး ဖတ်​​စေချင်ပါတယ် 🚨

 



Crd   Prof Dr Mu Mu Naing


ကိုယ်တို့တ​တွေ ​နေ့စဥ်လူ​နေမှုဘဝမှာ ​အောက်စီဂျင်ရှူဖို့ လိုသလား။ ဒီလို​​မေးခဲ့ရင် ရှူဖို့လိုတယ်လို့​ဖြေမလား၊ ဒါမှ မဟုတ် ရှူဖို့မလိုဘူးလို့ ​ပြောမလား။ 


ဒီ​နေ့ရက်​တွေမှာ ​အောက်စီဂျင် ရှူဖို့လို​နေပြီ လို​နေပြီ ဆိုပြီး လူ​တွေအ​ပြေးအလွှားရှာ​ဖွေရှူ​နေကြရတဲ့ ​အောက်စီဂျင်ဆိုတဲ့အရာက ခါတိုင်းဘာ့​ကြောင့်ရှာ​ဖွေပြီးရှူ​နေစရာမလိုတာပါလိမ့်။ အဲ့ဒီအချိန်​တွေက​ရော ခန္ဓါကိုယ်ကြီးက ​အောက်စီဂျင်ဆိုတာကို မလိုအပ်​တာလေသလားဆိုပြီး  စဥ်းစား​နေကြလေမလားမသိ။ 


ခန္ဓါကိုယ်ကြီးက ​အောက်စီဂျင် လိုသလားလို့​မေးရင်  ဘယ့်နှယ်​ပြောလိုက်ပါလိမ့် သိပ်လိုတာ​ပေါ့ ​ဖြေရမှာ။ ဒီ​အောက်စီဂျင်မရှိရင် လူ​တွေ လှုပ်ရှားသွားလာ​ပြီး အလုပ်လုပ် နေနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဦး​နှောက်ဟာ ၃ မိနစ်ထက်ပိုပြီး ​အောက်စီဂျင်အပြတ်မခံနိုင်ဘူး ​သေမှာ။  ကိုယ်တို့ ငယ်ငယ်က ​မေရွက်ဝါဆိုတဲ့သီချင်းလိုဘဲ 🎵 ​အောက်စီဂျင် မရှိလို့ မဖြစ်ဘူး🎶 ဟုတ်တယ်၊ ဒါအမှန်ဘဲ။ 


ဒါဆို ခါတိုင်း​ ဘာလို့ ​အောက်စီဂျင်ကို ပိုက်တပ်ရှူမ​နေကြသလဲ ဆိုရင် သီးသန့်ဒီလိုရှူ​နေစရာမလိုလို့​ပေါ့။  ကိုယ်တို့​တတွေ ဒါကို အလိုလိုရ​နေတယ်။  ကိုင်ဇာရဲ့သီချင်းထဲကလို 🎶 အဝင်တခါ၊ အထွက်တခါ၊ ရှူလိုက်တဲ့ အသက်တိုင်း🎵

အဲ့ဒီ ရှူလိုက်တဲ့ အသက်တိုင်းမှာ၊ ​ဝင်သက် ထွက်သက်​တွေတိုင်းမှာ ​အောက်စီဂျင်က အလိုလို ပါ​နေတယ်။ အများကြီး​တော့မဟုတ်ဘူး။ ​​လေထုရဲ့  ၂၀ ရာခိုင်နှုန်းထဲရယ်။ ဒီရာခိုင်နှုန်းအနည်းမျှ​လေးနဲ့ဘဲ လုံ​လောက်စွာ အသက်ရှင်ရပ်တည်​နေနိုင်ကြတယ်​လေ။ ​အောက်စီဂျင်ရှူ​နေတာပါလားလို့​တောင် သတိထားစရာမလို​အောင် အဆင်​ပြေ​​နေလွန်းလို့ပါဘဲ။ ခန္ဓါကိုယ်ရဲ့ ​အောက်စီဂျင် လိုအပ်ချက်နဲ့ ​လေထဲက အောက်စီဂျင်ပမာဏ သဟဇာတ မျှတ​နေလို့​လေ။ 


ဒါဆို ​"အောက်စီဂျင်ရှူ​နေရတယ်" ဆိုတာကို​ဘယ်အခါမှာပြောကြသလဲဆို ​​ဆေးရုံ​တွေရဲ့ နံရံမှာ ​တပ်ထားတဲ့ ​အောက်စီဂျင်ပိုက်လိုင်းတွေကတဆင့်၊ ဒါမှမဟုတ် ​အောက်စီဂျင်အိုး၊ အောက်စီထုတ်စက်​တွေကထွက်လာတဲ့ ​အောက်စီဂျင်ကို ပိုက်တပ်ရှူ​နေရပြီဆိုရင်​ပေါ့။ 


ဒါကဘာကိုပြ​နေသလဲဆို  လူတ​ယောက်ရဲ့ခန္ဓါကိုယ်မှာ လိုအပ်​နေတဲ့​အောက်စီဂျင်ပမာဏကို  လေထဲက ​အောက်စီဂျင် ရှူရုံမျှနဲ့ မလုံ​လောက်​နိုင်တော့ဘူးဆိုတဲ့အ​ခြေအ​နေ​ပေါ့။ 

အဲ့ဒီအချိန်မှာ​ပေးရတဲ့ ​အောက်စီဂျင်ဆိုတာကလည်း ​ဆေးကုသမှုရဲ့ တစိတ်တပိုင်းမို့ Oxygen therapy( ​အောက်စီဂျင်ကုထုံး)လို့ဆိုတာ​ပေါ့။ 


ဒါဟာကုထုံးဆိုမှ​တော့ ဆေးတခုလိုဘဲ​ပေးရမှာ​ပေါ့။ ဘယ်​လောက်ပမာဏ​ပေးမှာလဲ။ ​သောက်ရမှာလား၊ ထိုးရမှာလား၊ အ​ကြောထဲထိုးရမှာလား၊ အသားထဲထိုးရမှာလား စသည်ဖြင့်​ပေါ့။ 

​အောက်စီဂျင်​ပေးရမယ့် ပမာဏကို တမိနစ်မှာ​ပေးရမယ့် လီတာပမာဏ(Litre/min)နဲ့​ရေးပြရမယ်။  5 L/min, 10L/min စသည်ဖြင့်​ပေါ့။ ​ 


သောက်​ဆေးလာ၊ထိုး​ဆေးလားဆိုတာမျိုး​ရွေးချယ်ရသလို  nasal prongs ​လေးနဲ့ နှာ​ခေါင်း​ပေါက်​လေးထဲ ထည့်​ပေးရမလား။ နှာ​ခေါင်းနဲ့ပါးစပ်​ပေါ်အုပ်​ပြီး​ မျက်နှာအုပ်​ face mask ဆိုတာ​လေးနဲ့ ပေးရမှာလား  အဲ့ဒီမှာမှ ​မျက်နှာအုပ်​အောက်မှာ လေအိတ်​လေးတွဲပြီးပါတဲ့ face mask with reservoir bag ( FMRB) ဆိုတာ​လေးနဲ့​ပေးရမလားဆိုတာ​ရွေးချယ်ရတာ​ပေါ့။ 


ကိုယ်ဟာ​မေ့​ဆေးဆရာဝန်တ​ယောက်​လေ။ ​အောက်စီဂျင်ဆိုတာက ​မေ့​ဆေးဆရာဝန်တ​ယောက်ရဲ့ဖွားဘက်​တော်။ ​​မေ့​ဆေး စီနီယာကြီး​တွေကဆို နဝရတ်​ရေစင် လို့​တောင် တင်စားကြတယ်။ ခွဲခန်းထဲမှာ ကိုယ်​ ​စောင့်​ရှောက်​နေရတဲ့ လူနာတခုခုဖြစ်ရင် တခြားဘာမှ မစဥ်းစားနိုင်ခင် ဘာဖြစ်ဖြစ် ​အောက်စီဂျင်သာ အရင်အုပ်လို့ မှာကြား​လေ့ ရှိကြတယ်။ လူကသာ လူနာဘက်မျက်နှာမူ​နေရင်ရှိမယ် ကိုယ့်​နောက်​ကျောက ​မေ့​ဆေးစက်​ပေါ်ကိုလှည့်မကြည့်ဘဲ ကိုင်လိုက်ရင်​တောင် O2 ခလုတ်​ပေါ်လက်ကတန်း​​ရောက် နိုင်အောင်ကို ကျင့်သားရ​နေကြတာ။ ​နေ့စဥ် ​အောက်စီဂျင်နဲ့ အ​ဖော်ပြု အလုပ်လုပ် လာခဲ့တာ ခုဆို နှစ်အစိတ်​ကျော်ခဲ့ပြီ။ Oxygen therapy ဆိုတဲ့​ခေါင်းစဥ်​လေးဟာလည်း ​ဘွဲ့ကြို ဘွဲ့လွန်​ကျောင်းသားမျိုးစုံကို နှစ် ၂၀ ​​ကျော် သင်​ပေးရတဲ့ ​ခေါင်းစဥ်​လေးမို့ တ​ရေးနိုးထပြီးသင်ရမယ်ဆိုရင်လည်း  ၏/သည် မ​ရွေး ပါးစပ်ကထွက်နိုင်တဲ့ သင်ခန်းစာ​ခေါင်းစဥ်​လေး။ 


​​ဆေးကျောင်းသား​တွေကို စာသင်​နေတာ မဟုတ်လို့ လွယ်လွယ်ကူကူ နားလည်လွယ်​အောင်​ရေးမှာမို့ ဆရာကြီး ဆရာမကြီးများမှ ဟို​​ထောက်ပြ ဒီ​ထောက်ပြ​တော့ မလုပ်ကြနဲ့​နော်။ 


      O2 ​အောက်စီဂျင်​ပေးရ​တော့မယ်ဆို သိထားဖို့က ​ဆေးရုံရဲ့ နံရံ​ပေါ်က O2  ပိုက်လိုင်းကဘဲဖြစ်ဖြစ်၊  ​ဆေးရုံသုံး O2 ဆလင်ဒါကဘဲဖြစ်ဖြစ်၊ Portable O2 concentrator ကဘဲဖြစ်ဖြစ်  ထွက်လာမယ့် Oxygen က ​အောက်စီဂျင်ချည့်ဘဲ၊  တခြားဘာ gas မှ အ​ရောမပါဘူး၊  ၁၀၀ % ရာခိုင်နှုန်းအပြည့်လို့ လွယ်လွယ်ကူကူ မှတ်မယ်။ ဒီထက်​တော့ ဘယ်လိုမှ မ​ကျော်ဘူး။ 

ဒါ့​ကြောင့် O2 ​ပေးချင်ရင် ဒါအစွမ်းကုန်ဘဲ။ ဒီ ၁၀၀%  ကို လူနာရဲ့ အဆုတ်ထဲ အပြည့်အဝ ဝင်​စေချင်ရင်​တော့ ​မေ့​ဆေးစက်နဲ့ဖြစ်ဖြစ်၊ အသက်ရှူစက်နဲ့ဖြစ်ဖြစ် လူနာရဲ့​လေပြွန်ထဲ ပိုက်တိုက်ရိုက်ထည့်ပြီး​ပေးမှဘဲ အ​လေအလွင့်မရှိ​ရောက်နိုင်မယ်။ ​ပြော​ပြော​နေကြတဲ့ ကျုထည့်တယ် ကျုထည့်တယ် ဆိုတာ​ပေါ့။  (Endotracheal tube) 


ဒါကလွဲရင် ဘယ်ပိုက်နဲ့​တပ် ပေး​ပေး ၁၀၀%အပြည့်   လူနာရဲ့ အဆုတ်ထဲ​ရောက်မသွားနိုင်ဘူး။ ဒီလိုကြီး ၁၀၀% ​ရောက်သွားဖို့လည်း လူနာတိုင်းမလိုအပ်ပါဘူး။ လိုအပ်​နေပြီဆိုရင်လည်း  အဲ့ဒီအဆုတ်ဟာ ဘယ်လိုမှမ​ကောင်းနိုင်တဲ့ အဆုတ်ဖြစ်​နေ​လောက်ပါပြီ။ 


   ဆလင်ဒါအိုးကဖြစ်ဖြစ် OC လို့​ပြော​ပြော​နေကြတဲ့ O2 concentrator ကဖြစ်ဖြစ်၊ ​ဆေးရုံ နံရံ လိုင်းကဖြစ်ဖြစ် အထွက်မှာ ​ပေးရမယ့် O2ပမာဏကို ချိန်ရမယ့် Flow meter ​လေးကို ​အောက်ခံ​ရေခွက်​လေးတပ်လျက်​လေးနဲ့ ​တွေ့ရမှာပါ။ ခလုတ်​လေးဖွင့်လိုက်ရင် O2 ဟာ ​ရေခွက်​လေးထဲက​နေဖြတ်ပြီး ထွက်လာမှာမို့ ​ရေ​မျက်နှာပြင်မှာ ပလုံစီ ပူ​ဖောင်း​လေး​တွေထလာမှာပါ။ ​ရေ​ငွေ့ပါတဲ့​အောက်စီဂျင်​လေး​ပေါ့။  Flow အနည်းအများ​ပေါ်မူတည်ပြီး​​တော့ လူနာဟာ ​လေထဲက ​အောက်စီဂျင် ၂၀% ထက်ပို ပြီးရမှာ​ပေါ့။ ၂၅%က​နေပြီး ၈၀% ​လောက်ထိ။ အ​ပေါ်မှာ​ပြောခဲ့သလို ၁၀၀% ​တော့ လူနာဟာမရနိုင်ပါဘူး။ အဆုတ်မ​ကောင်း​လေ​လေ ရာခိုင်နှုန်းများများလိုအပ်​လေ​ပေါ့။ 


အဲ့ဒီ flow meter ကထွက်လာမယ့် O2 ကို လူနာရဲ့ အသက်ရှူလမ်း​ကြောင်း ( နှာ​ခေါင်း၊ ပါးစပ် ) တို့ဆီပို့​ဆောင်​ပေးမယ့် ပိုက်က​တော့ အကြမ်းဖျဥ်း ၃ မျိုးရှိပါတယ်။  Nasal prongs လို့​ခေါ်တဲ့ ပိုက်ထိပ်မှာ အစွယ်​လေး ၂ခုထွက်​နေတာ​လေးရယ်၊ Face mask လို့​ခေါ်တဲ့ နှာ​ခေါင်းနဲ့ပါးစပ်ကို အုပ်နိုင်တဲ့ mask အကြည်​လေးရယ်။ ​နောက်ဆုံးတမျိုးက​တော့ mask အကြည်​လေး​အောက်မှာ ပလတ်စတစ်အိတ်တွဲ​လောင်းပါတဲ့ Face mask with reservoir bag  FMRB လို့ အတ်ု​ကောက်​ခေါ်တဲ့ ပိုက်ဆက်​လေးရယ် အဲ့ဒီ၃ မျိုး ​ထဲက​ရွေးကြရမှာ​ပေါ့။ 


ပထမဆုံး nasal prongs ကိုကြည့်ကြမယ်။ အ​ကောက်​လေး ၂ခုကို ​အောက်စိုက်ပြီးထည့်​နော်။ အ​ပေါ်လန်ပြီးတပ်မိရင် O2 မရဘဲ နှာ​ခေါင်းကြီး​ထော်သွားလိမ့်မယ်။ 

Low flow O2 ကုထုံးလို့ဆိုသ​ပေါ့။ သူက O2 လိုအပ်ချက်နည်းတဲ့ အ​ပျော့စားအ​ခြေအ​နေ​လောက်မှာ​ပေးရတာ။  Flow 1 - 2 L/min ​လောက်ဘဲ​ပေးဖို့လိုရင်​ပေါ့။ ဒီထက်ပိုဖွင့်ပြီး နှာ​ခေါင်းမှာတပ်ရင် လူနာက flow ဒါဏ်ကို  ကြာကြာမခံနိုင်ဘူး။ နှာ​ခေါင်းအ​​မြှေး​လေး​တွေလည်း​ခြောက်ကုန်လိမ့်မယ်။  ပြီး​တော့ O2 ​တွေလည်း အလဟသ ဖြစ်ကုန်မယ်။ ပိုတဲ့ O2 ​တွေကို သိမ်းထားနိုင်မယ့် ​နေရာလည်းမရှိဘူး​လေ။ နှာ​ခေါင်း​ပေါက်ဆိုတာ ​သေး​သေး​လေးကိုး။ O2 ဘယ်​လောက် ရာခိုင်နှုန်း လူနာရမလဲဆို ၂၅% နဲ့ ၃၀% အတွင်း။ ​လေထဲကထက်​တော့များသွားတာ​ပေါ့​လေ။  ကိုဗစ်ဖျက်ထားတဲ့ အဆုတ်ကို ဒါနဲ့စီးချင်းထိုးလို့​တော့ မရနိုင်ဘူး။ 


ဒီထက်ပိုများရချင်ရင်​တော့ Face mask အကြည်​လေးကို သုံးရမယ်။ Mask  ​လေးက  ပိရမစ်​ခလးလို အ​ပေါ်ကချွန်ချွန်​လေး အဲ့ဒီမှာ သံဘားတန်း​လေးပါတဲ့ အချွန်​လေးက နှာ​ခေါင်း​ပေါ် ​အောက်​ခြေကျယ်ကျယ်က ပါးစပ်​ပေါ် အုပ် ရမယ်။ ကြိုးအ​လျော့အတင်း​လေးက​တော့  Mask လုံ​အောင်ကိုယ့်ဟာကိုယ်ချိန်။ သံပြားလားတန်း​လေးက နှာ​ခေါင်းရိုး​ပေါ်မှာ ​နေရာကျ​အောင်ဖိ။ မမတို့ .."ငါ့​မေး​စေ့က V shape ဟဲ့" ဆိုပြီး အချွန်ပိုင်းကို ​အောက်စိုက်ပြီး မ​တော်တ​ရော်​တော့  မတပ်နဲ့​နော်။  သူက နှာ​ခေါင်းကို flow က တိုက်ရိုက်မတိုးတာမို့ ကြိုက်သ​လောက် flow တင်လို့ရသွားပြီ။ 

ဒါ​ပေမယ့် အနည်းဆုံး​တော့ 4L/min ​ပေးရမယ်။ အဲ့ဒီထက်နည်းရင် ကိုယ်ရှူထုတ်တဲ့အထဲမှာပါတဲ့ ကာဗွန်ဒိုင်​အောက်ဆိုဒ်​တွေ mask ထဲက​နေမထွက်နိုင်ဘဲစု​နေပြီး ​ အောက်စီဂျင်မရဘဲ ကာဗွန်ဒိုင်​​အောက်ဆိုဒ်​တွေ ပြန်ရှူမိပြီး သတိလစ်သွားမယ်။ ထွက်ပြီးသားတံ​တွေးပြန်မျိုလို့မဖြစ်ဘူး .. အဲ့သလိုမျိုး ..ကိုယ်ရှူထုတ်တဲ့ ကာဗွန်ဒိုင်​အောက်ဆိုဒ်ကို ကိုယ်ပြန်မရှူရဘူး။ အဲ့ဒါ​ကြောင့် flow က အနည်းဆုံး  4 L/min နဲ့ အပြင်ကိုထုတ်ပစ်ရမယ်။ ထွက်မယ့် အ​ပေါက်​လေး​တွေ mask တဖက် တချက်မှာပါတယ်။ CCTV အ​ပေါက်​လေး​တွေလို။ ကိုယ်ပေးလိုက်တဲ့ O2 ​တွေ အပြင်ကိုထွက်ကုန်ရင် နှ​မြောစရာကြီးဆိုပြီး ပလာစတာနဲ့​တော့ ပိတ်မပစ်လိုက်နဲ့​နော်။  လူသတ်မှု​မြောက်သွားမယ်။ ခြိမ်း​ခြောက်ရတာပါ​အေ ။ Mask နဲ့​ပေးရင် flow အနည်းဆုံး 4L နဲ့အထက် ကြိုက်သ​လောက်တင်။  သူက ပိုတဲ့​အောက်စီဂျင်​လေး ​တွေ mask ထဲမှာစုထားနိုင်တာမို့ nasal prongs ထက်ပိုရမှာပါ။ လူနာရသွားမှာက 40 - 60% ။ ကိုဗစ်​ကြောင့် SpO2 ကျရင် ဒါနဲ့ စမှရ​လောက်မယ်။ 4 L ကစပြီးတိုးတိုးကြည့် 10 L/min ​ရောက်လို့မှ မတက်နိုင်​သေးရင်​တော့ ​နောက်ဆုံးကျန်တာ တမျိုးနဲ့ ​ပေးရ​တော့မှာ​ပေါ့။ 


FMRB ဆိုတဲ့​ ပလပ်စတစ်အိတ် တွဲ​လောင်း​ကောင်ကိုသုံးမယ်ဆိုရင်  Mask က​တော့ အ​ပေါ်ကအတိုင်း

တပ်။  flow က​တော့ အနည်းဆုံး 10L/min ​ပေးရမှာဖြစ်ပါတယ်။ ​အောက်ကအိတ်​လေးဟာလည်း အနည်းဆုံး​တော့ တဝက်​လောက်​ဖောင်း​နေသင့်တာ​ပေါ့။ Flow 10L/min ထက်နည်းပြီးပေးရင် လူနာ မွန်းသွားနိုင်တယ်။ 10L/min အထက် ကြိုက်သ​လောက်​ပေး။

လူနာရသွားနိုင်မှာက 60- 80%။ 


Flow meter က 15 L/min အထိ marking ကပါ​လေ့ရှိ​တော့  အဲ့ဒီထက်flow များချင်ရင် Double source ဆိုပြီး ပိုက် ၂ခု ထပ်ပြီးတပ်ကြတာပေါ့။Nasal prongs နဲ့ flow  source တခု mask နဲ့ flow source တခု ၂ခု​ပေါင်း flow ဆို မနည်းမ​နောဘဲ။  


Covid guideline အရ​တော့ O2 flow 15 L/min သုံးလို့မှ  SpO2 က 93% မရင် ICU လိုပြီလို့ဆိုတယ်။ ဒါ့​ကြောင့် Face mask with reservoir bag ကိုသုံး့ပြီး O2 flow 15 L/min နဲ့အထက်​ပေး​နေတာ​တောင် SpO2 ကတက်မလာ​တော့ဘူးဆိုရင် ​ဒေါ်မူမူနိုင့်ဆီသွား။  HFNC တို့ NIV တို့လို​နေပြီ။ 


ဒါ​ပေမယ့် သူ့မှာလည်း ICU beds မရှိရှာဘူး။ 

Oxygen flow လိုအပ်မှုကို​ ဆလျော့ချနိုင်မယ့် Tips ​လေး ၂ခု​တော့ ရှိတယ်။ လူနာရဲ့ အ​နေအထား​ပေါ့။ 

ဘယ်သူမဆို လှဲအိပ်တာနဲ့ မတ်မတ်ထိုင်တာနဲ့ဆို မတ်မတ်​နေတာက အဆုတ်​အောက်​ခြေက ​လေအိတ်​​လေးတွေကို ပိုပွင့်​စေနိုင်လို့ O2 ပိုရပါသတဲ့။ လှဲအိပ်ရင် ဗိုက်ထဲက ကလီစာ​တွေက အသက်ရှူခြင်းရဲ့ ရင်ဝမ်းခြားကြွက်သား (diaphragm) လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှုကို ဟန့်တားထားလို့ အဆုတ်​​အောက်​ခြေက လေအိတ်​လေး​တွေ ​ကောင်း​ကောင်းမပွင့်နိုင်ဘူး။ အထူးသဖြင့် ဗိုက်​ဖောင်း​နေတဲ့သူ​တွေ။ လူနာ​တွေအတွက်​ပြောတာပါ။ ​ကြောက်ပြီး ညကျရင် ငုတ်တုတ်ကြီးအိပ်မ​နေကြနဲ့အုံး​နော်။ 

​နောက်တချက်က​တော့  အဆုတ်ကိုထိထားတဲ့ကိုဗစ်လူနာ​တွေအတွက်။ ကိုဗစ်ရဲ့ အဆုတ်ထိခိုက်မှုဟာ ​မှောက်လျက်အိပ်ရင် အဆုတ်​နောက်​ကျောခြမ်းဘက် ​လေအိတ်​တွေထဲ O2 ပို​ရောက်နိုင်တာမို့ အဆုတ် O2ရရှိမှုအား ပို​ကောင်းပါတယ်။ ကိုဗစ်က အဆုတ်ကိုထိထားမှ​နော် နှာ​စေးတာ​လောက်နဲ့​တော့ ​မှောက်အိပ်စရာမလိုဘူး။ တကယ်​မှောက်ရမယ့်အချိန်ကျမှ နံရိုးကြီးနာ​နေအုံးမယ်။ 

အဲ့ဒီ​တော့ ကိုဗစ်က အဆုတ်ကိုတိုက်ခိုက်ထားပြီဆို မတ်မတ်တလှည့် ၊ မှောက်တလှည့်နဲ့သာ O2 ပိုရ​အောင်​နေကြ​ပေ​တော့။ Flow ချည့်ဘဲ လှိမ့်တင်မ​နေကြနဲ့။ 


​မောလိုက်တာ​တော်။ 

Pulse oximeter ဆိုတဲ့ စက်​လေးနဲ့ SpO2ကိုတိုင်းကြတယ်မဟုတ်လား။ Flow  L/min နည်းနည်းဘဲလိုပြီး SpO2%  များများရတဲ့ အဆုတ်က​ကောင်း​သေးတာ​ပေါ့။  Flow ​တွေ အများကြီး​ပေးရပြီး SpO2 မတက်နိုင်တဲ့ အဆုတ်က​တော့ မ​ကောင်းဘူး​ပေါ့။ စာတိုက်က​နေ


ငယ်ငယ်ကဆို  hand phone ​တွေ၊ face book​ messenger ​တွေ၊ Viber ​တွေ မရှိ​တော့ စာ​ရေးစက္ကူ​ပေါ်မှာ လက်နဲ့စာ​ရေးရတယ်။  ပို့ရတယ်။ စာအရှည်ကြီး​ရေးပြီးရင် ကဲ.."စာလည်း အ​တော်ရှည်သွားတယ် ရွာက ကြီး​တော်ကြီးလည်း ​နေ​ကောင်းပါတယ်။ မင်းလည်း​နေ​ကောင်း​အောင်​နေ"လို့ အဆုံးသသုံးစွဲနိုင်ကြပါ​စေ။တ်သလိုဘဲ  ကြီး​တော်ကြီး ​ဒေါ် မူမူနိုင်လည်း​နေ​ကောင်းပါတယ်လို့ဘဲ ​ပြောပါရ​စေ။ 


မှန်မှန်ကန်ကန်​ရွေးချယ်ထားတဲ့ O2 ပိုက်အမျိုးအစားနဲ့ လိုအပ်တဲ့ flow ကို ချိန်ဆ သုံးစွဲနိုင်ခြင်းဖြင့် အပိုအလိုမရှိ O2   မိမိလိုအပ်သ​လောက်သာ သုံးစွဲခြင်းဖြင့် ​ဆေးရုံပိုက်လိုင်းမှ ​အောက်စီဂျင်များကိုဖြုန်းတီးရာမ​ရောက်ဘဲ။ မိမိထက်ပိုလိုအပ်သူများ ပိုရှူနိုင်​စေခြင်းအားဖြင့်၎င်း ကိုယ်ချင်းစာတရားများ၊ ကရုဏာ တရားများ ထားရှိခြင်းဖြင့်၎င်း ကုသိုလ်ယူနိုင်ကြပါ​စေ။

Post a Comment

0 Comments

Close Menu