Ad Code

Assalamualikum

ဆံပင်/အမေွှးအမျှင်များနှင့် သက်ဆိုင်သော မက်စ်အလာဟ်များ?


့့အမျိ ုးသမီးများအကြောင်းမဲ့ခေါင်းတုံးခြင်း 
ဟရာမ်ဖြစ်သည်။ရောဂါဝေါဒနာကြောင့်
မဖြစ်မနေခေါင်းတုံးလိုက်ရခြင်းသည်ပြသ
နာမရှိပေ။

အမျိ ု းသမီးများသည်ဖက်ရှင်စတိုင်လ် ကိုအတုယူသောအားဖြင့်လည်းကောင်း/အချင်းချင်းအလှပြိုင်ရန် ကြွားဝါရန် ဆံပင်ညှပ်ခြင်း/ဆံသခြင်း
သည်လည်း မပိုင်ပေ။အပြစ်ဂိုနာဟ်ထိုက်သည်။

အမျိ ု းသမီးများအတွက်  ဆံနွယ်များနှစ်ခွနှစ်ခွဖြစ်နေသာကြောင့် ဆံနွယ်များတညီတည်းဖြစ်သွားပြီး ဆံပင်သန်လာစေရန် ဆံနွယ်ထိတ်ဖျားလေးများကိုအနည်းငယ်လိုအပ်သလောက် တိပေး ညှိပေးခြင်းပိုင်ပါသည်။

ထိုနည်းတူစွာ ဆံနွယ်ထိတ်ဖျားလေးများပြတ်နေသည့်အတွက် အမျိ ု းသမီးအများစု၏ဆံပင်ထက် မိမိဆံပင်ကတိုနေပါက ဆံပင်သန်စေရန်ထိတ်ဖျားလေးများကိုအနည်းငယ်တိပေးခြင်း/ညှပ်ပေးခြင်းပိုင်ပါသည်။

အကယ်၍ဦးခေါင်းဒဏ်ရာကြောင့် မဖြစ်မနေ 
ဆံပင်ညှပ်ရခြင်း/လိုအပ်သလောက် ခေါင်းတုံး
ရခြင်းသည်အပြစ်မထိုက်ပေ။အခွင့်ရှိပါသည်။

အမျိ ုးသမီးများအတွက် မင်းသမီးများ/cele 
များကိုအတုခိုးခြင်းမဟုတ်ပဲ ပရ်ဒါဟ်ထဲတွင်နေပြီးမိမ်ိအလှတရားတိုးပွါးစေရန် ဆံပင်ဖြောင့်ခြင်း
ကောက်ခြင်းပိုင်ပါသည်။ခင်ပွန်းသည်အတွက်
အလှတရားကိုထုတ်ဖေါ်ရန်အတွက်လည်း ပြု လုပ်ပိုင်ပါသည်။

 ပေါင်မွှေး နှင့်ခြေသလုံးမွှေး လက်မွှေးများကိုရိပ်ရန် ညှပ်ရန် မလိုအပ်သည့်အတွက် မရိပ်သင့် မညှပ်သင့်ပေ။

အကယ်၍ခင်ပွန်းသည်က ၎င်းအမွှေးများကို
မနှစ်မြို့ပါက တနည်းနည်းဖြင့် ရှင်းလင်းခွင့်
ရှိသည်။

အမျိ ုးသမီးဖြစ်စေ /အမျိ ုးသားဖြစ်စေ အနက်ရောင်စစ်စစ်မှလွဲ၍ အခြားအရောင်ဖြင့် ဆံပင်ကို
အရောင်ဆိုးခြင်းပိုင်ပါသည်။မင်းသမီး/မင်းသားများ /cele များက်ိုအတုခိုးသောအားဖြင့်
ဆံပင်ဆေးဆိုးခြင်းမဖြစ်ရပေ။မိမ်ိ၏အလှတရားအတွက်/ခင်ပွန်းသည်ကြိုက်နှစ်သက်စေရန် ဆေးဆိုးခွင့်ရှိပါသည်။

အမျိ ုးသားများအတွက် ဒါရီမုတ်ဆိတ်ရိတ်ခြင်း
ညှပ်ခြင်း ဟရာမ် ဖြစ်သည်။သို့သော်လက်တစ်
ဆုပ်စာခန့်ထက်ပိုသောမုတ်ဆွတ်မွှေးများကိုညှပ်ပိုင်ခွင့်ရှိပါသည်။

မုတ်ဆိတ်၏ လေးဘက်လေးတန်အားသေသပ်
ညီညာစေရန်ညှပ်ခြင်းလည်းပိုင်သည်။

နှုတ်ခမ်းမွှေးများကိုနှုတ်ခမ်းနဲ့တပြေးညီခန့်ဖြစ်
ပြီး အောက်မှအရေပြားကိုမြင်နေရသည့်အတိုင်းအတာခန့်ညှပ်ခြင်းသည် စွန္နသ် ဖြစ်သည်။
မရိပ်ပစ်ခြင်းသည်အကောင်းဆုံးရှောက်ကျဉ်မှုတရားဖြစ်သည်။

နှုတ်ခမ်းမွှေးများကိုညှပ်ပြီး ဘေးနှစ်ဖက်မှ
ကြင်စွယ်များကို အရှည်ထားခြင်းပိုင်ပါသည်။
အောက်နှုတ်ခမ်း၏အမွှေးများရိပ်ခြင်း /ညှပ်ခြင်း
သည် ဗိဒ်အသ်ဖြစ်၍အပြစ်ထိုက်သည်ဟုလာရှိ
သည်။

အမျိ ုးသားများအတွက် နားနုနေရာအထိ/နားနု
၏အနည်းငယ်အောက်နားအထိ/လည်ဂုတ်အထိ ဆံပင်ထားခြင်းစွန္နသ်ဖြစ်သည်။ဆံသ
ခြင်းသည်းပိုင်သည်။

သို့သော်ယနေ့ခေတ်တွင်ခေတ်စားနေသည့်အတ်ိုင်း ဦးခေါင်းတစ်ခုလုံးကိုဆံပင်ညှပ်ပစ်ပြီး ရှေ့ပိုင်းတွင်/ဦးခေါင်း အလည်တွင်ဆံပင်အရှည်ထားခြင်းသည် မပြု ပိုင်ပေ။ဆံပင်အားလုံးက်ိုညှပ်ပစ်ပြီး ဆံပင်အချိ ု ့ကိုချန်ထားခြင်းသည်လည်းမပြုပိုင်ပေ။တမန်တော်မြတ်(ဆွ)သခင်က အတိအလင်းတားမြစ်ထားပါသည်။

ပါးပြင်ပေါ်တွင်ပေါက်သောအမွှေးအမျှင်များကို
တစ်နည်းနည်းဖြင့်ရှင်းလင်းခြင်းလည်းပိုင်ပါသည်။သို့သော်မနှုတ်သင့်ပါ။

လည်ပင်းမွှေးများ မရိပ်သင့် /မညှပ်သင့်ပါ။
စွန္နသ်လည်းမဟုတ်ပါ။ရိပ်မိ/ညှပ်မိပါက အပြစ်
တော့မရှိပေ။လည်ဂုတ်မွှေးများရိပ်ခြင်းသည်
အပြစ်မထိုက်သော်လည်း "မက်ရူးဟ်" ဖြစ်သောကြောင့်မသင့်လျော်ပါ။

လှပတင့်တယ်မှုကိုရှေးရှု၍ အမျိ ု းသားဖြစ်စေ 
အမျိ ု းသမီးဖြစ်စေ ဆံပင်အဖြူ များကို နှုတ်ခြင်း
ညှပ်ခြင်း မပိုင်ပေ။ အနက်ရောင်စစ်စစ်မှလွဲ၍
အခြားအရောင်ကိုဆိုးခွင့်ရှိပါသည်။

နှာခေါင်းအတွင်းမှအမွှေးများမနှုတ်ရပါ။ညှပ်ခွင့်
ရှိသည်။(ညှပ်ခြင်း စွန္နသ် တော့မဟုတ်ပါ။)

ရင်ဘတ်နှင့် ကျောကုန်းရှိအမွှေးများ ရိပ်ခြင်း
ညှပ်ခြင်း/ပြု ပြင်ခြင်းသည် အပြစ်မထိုက်သော်
လည် မသင့်လျော်ပါ(လိုလည်းမလိုအပ်ပါ။)

ခြေသလုံးမွှေးများ /ပေါင်မွှေး များကိုမရိပ်သင့်ပါ။(လိုအပ်လည်းမလိုအပ်ပါ)

အမျိ ုးသားများသည် ချက်အောက်စနားမှစ၍
ချက်အောက်မွှေးများကိုရှင်းလင်းရမည်။ဘလိတ်ဓါးစသည့်ကိရိယာများကိုလည်းအသုံးပြု နိုင်သည်။စွန္နသ် မှာရိပ်ခြင်းဖြစ်သည်။ဆေးများ
ကိုအသုံးပြု ၍လည်း ရှင်းလင်းခွင့်ရှိသည်။

အမျိ ုးသမီးများအတွက် ဇာဂနာစသည်တို့ဖြင့် ချက်အောက်မွှေးများအား နှုတ်ခြင်း စွန္နသ်ဖြစ်သည်။ထုံး/ဆေးများကိုအသုံးပြု ၍ လည်းနှုတ်ခွင့်
ရှိပါသည်။

အမျိ ုးသားများနှင့်အမျိ ုးသမီးများအတွက် 
ဂျိ ုင်းမွှေး ညှပ်ခြင်း /ရိပ်ခြင်းထက် နှုတ်ခြင်းက
သာပိုကောင်းသည်။ နာကျင်မှုဒဏ်ကိုခံနိုင်ရည်မရှိပါက ဘလိတ်ဓါးဖြင့်ရိပ်ခြင်း/ဆေးမှုန့်
ထုံးမှုန့်များအသုံးပြု၍လည်း ရှင်းလင်းခွင့်ရှိသည်။

ခြေသည်း လက်သည်းများ ညှပ်ခြင်းသည်
စွန္နသ် ဖြစ်သည်။

တစ်ပတ်ကိုတစ်ကြိမ် ခြေသည်းသည်းလက်သည်းညှပ်ခြင်း ဂျိ ုင်းမွှေး ချက်အောက်မွှေးရှင်း
ခြင်း နှုတ်ခမ်းမွှေးညှပ်ခြင်းသည်မွန်မြတ်သည်။
ဂျွမ်အာနေ့တွင်သန့်ရှင်းရေးပြုလုပ်ခြင်းသည်
သာပိုမြတ်ပါသည်။

တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးမပြု လုပ်နိုင်ပါက 15 ရက်တစ်ကြိမ် ပြုလုပ်ရမည်။

15 ရက်တစ်ကြိမ် သန့်ရှင်းရေးမပြု လုပ်နိုင်ပါက
ရက်ပေါင်းလေးဆယ် မပြည့်မီကာလအတွင်မဖြစ်မနေ သန့်ရှင်းရေးလုပ်ရမည်။

ွှရက်လေးဆယ်ပြည့်သည်အထိသန့်ရှင်းရေး
မလုပ်ပါက ကြီးလေးသောအပြစ်ဂိုနာဟ်ထိုက်ပါသည်။(နမားဇ်မပိုင်တော့ပါ  ဟူသော
စကားရပ်သည် မမှန်ကန်ပါ။ နမားဇ်တော့ပိုင်ပါသည်။)

အောက်ပါအစီအစဉ်အတိုင်း လက်သည်းညှပ်ခြင်းသည် ကောင်းပါသည်။
ဦးစွာပထအ လက်ယာဘက်လက်ညှိုးမှအစပြု
၍ လက်သန်းတွင်အဆုံးသတ်ရမည်။(လက်ယာဘက် လက်မကို မညှပ်သေးပဲခဏ
ချန်ထားရမည်။) ထို့နောက် လက်ဝဲဘက်လက်သန်းမှအစပြု ၍  ချန်ထားခဲ့သောလက်ယာဘက် လက်မအထိ အစဉ်လိုက်ညှပ်သွား၍အဆုံးသတ်လ်ိုက်ရမည်။

အောက်ပါအစီအစဉ်အတိုင်း ခြေသည်းညှပ်ခြင်းသည် ကောင်းပါသည်။
ဦးစွာပထမ ညာဘက် ခြေသန်းမှအစပြု
၍  ဘယ်ဘက် ခြေသန်းထိ မကျော်ပဲ အစဉ်လိုက်သာ ညှပ်သွားရမည်။(အထက်ပါ အစီအစဉ်
ကိုဆန့်ကျင်၍ လက်သည်း ခြေသည်းညှပ်ခြင်း
လည်းပိုင်ပါသည်။အပြစ်လည်းမထိုက်ပါ။)

 وحدثني أبو الطاهر، أخبرنا عبد الله بن وهب، عن ابن جريج، عن أبي الزبير، عن جابر بن عبد الله، قال: أتي بأبي قحافة يوم فتح مكة ورأسه ولحيته كالثغامة بياضاً، فقال رسول الله صلى الله عليه وسلم: «غيروا هذا بشيء، واجتنبوا السواد
صحيح مسلم (3/ 1663)

 قَطَعَتْ شَعْرَ رَأْسِهَا أَثِمَتْ وَلُعِنَتْ زَادَ فِي الْبَزَّازِيَّةِ وَإِنْ بِإِذْنِ الزَّوْجِ لِأَنَّهُ لَا طَاعَةَ لِمَخْلُوقٍ فِي مَعْصِيَةِ الْخَالِقِ
( شامی، ٦ / ٤٠٧)

اتفق المشايخ رحمهم الله تعالى أن الخضاب في حق الرجال بالحمرة سنة وأنه من سيماء المسلمين وعلاماتهم وأما الخضاب بالسواد فمن فعل ذلك من الغزاة ليكون أهيب في عين العدو فهو محمود منه، اتفق عليه المشايخ رحمهم الله تعالى ومن فعل ذلك ليزين نفسه للنساء وليحبب نفسه إليهن فذلك مكروه وعليه عامة المشايخ
الفتاوى الهندية (5/ 359)

سوال:عورت اپنے بال بڑھانے کی نیت سے بالوں کے کنارے میں تھوڑے سے بال کاٹے تو کیسا ہے؟ بعض عورتوں نے بتایا کہ  گاہے بال کے کناروں میں بال پھٹ کر اس میں سے دو بال ہوجاتے ہیں پھر بالوں کا بڑھنا بند ہوجاتا ہے، اگر سرے سے کاٹ دیے جائیں تو بڑھنا شروع ہوجاتے ہیں تو ایسی صورت میں کاٹنا کیسا ہے؟

جوب:اگر معتد بہ مقدار تک بال بڑھ چکے ہیں تو مزید بڑھانے  کے لیے بال کاٹنے کی اجازت نہ ہوگی۔‘‘
(فتاوی رحیمیہ10/120،ط:دارالاشاعت)

     စုစည်းတင်ပြသူ… 
Inamulhasan Mazahiri


 

إرسال تعليق

0 تعليقات

Close Menu