Ad Code

Assalamualikum

နမားဇ်ဖတ်နေစဥ် မိဘ (သို့) တစ်စုံတစ်ယောက် ကခေါ်ပါက နမားဇ်ဖျက်ပြီး ထူးရမလား?? မထူးပဲနမားဇ်ဆက်ဖတ်ရမလား?? °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°



နမားဇ်ဖတ်နေစဥ် မိဘ (သို့) တစ်စုံတစ်ယောက်
ကခေါ်ပါက နမားဇ်ဖျက်ပြီး ထူးရမလား??
မထူးပဲနမားဇ်ဆက်ဖတ်ရမလား??
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁)အကယ်၍မိမိသည် စွန္နသ် (သို့) နဖိလ်
ဖတ်နေသူဖြစ်မည်။ထိုအချိန်တွင်မိဘ/အဖ်ိုး
အဖွား တစ်စုံတစ်ယောက်က နမားဇ်ဖတ်နေသည်
ကိုမသိသောကြောင့်ခေါ်နေခြင်းဖြစ်ပါက နမားဇ်ဖျက်
၍ထူးရန်/အဖြေပေးရန်အရေးကြီးသည်။မထူးပဲနမားဇ်
ဆက်ဖတ်နေပါက အပြစ်ထိုက်မည်။

(၂)အကယ်၍မိမိသည် စွန္နသ် (သို့) နဖိလ်
ဖတ်နေသူဖြစ်မည်။ထိုအချိန်တွင်မိဘ/အဖ်ိုး
အဖွား တစ်စုံတစ်ယောက်က နမားဇ်ဖတ်နေသည်
ကိုသိပါလျှက်နှင့်ခေါ်နေခြင်းဖြစ်ပါက/ခေါ်ရခြင်း၏
အကြောင်းအရင်းမှာ ဒုက္ခတစ်စုံတစ်ခုနှင့်ကြုံနေရသည့်
အတွက်(ဥပမာ ချော်လဲသည့်အတွက်ထူပေးဖို့လူမရှိသည့်အတွက်ခေါ်ခြင်း)မဟုတ်ပါက  နမားဇ်ဖျက်၍ ထူးရန်/အဖြေပေးရန်အရေးမကြီးပေ။။မထူးပဲနမားဇ်ကိုသာဆက်ဖတ်နေရမည်။

(၃)အကယ်၍မိမိသည် စွန္နသ် (သို့) နဖိလ်
ဖတ်နေသူဖြစ်မည်။ထိုအချိန်တွင်မိဘ/အဖ်ိုး
အဖွား တစ်စုံတစ်ယောက်က ဒုက္ခတစ်စုံတစ်
ရာနှင့်ကြုံနေရသည့်အတွက် ခေါ်၍အကူအညီ
တောင်းခံခြင်းဖြစ်ပါက(ဥပမာ လဲကျသည့်အတွက်
ထူပေးရန်ခေါ်ခြင်း)နမားဇ်ဖျက်၍ထူးရန်/အကူအညီ
ပေးရန် ဝါဂျိဗ် တာဝန်ဖြစ်သည်။အရေးကြီးသည်။
နမားဇ်ဆက်ဖတ်နေပါက အပြစ်ထိုက်မည်။

(၄)အကယ်၍မိမိသည် ဖရက်ဇ် (သို့) ဝိသိရ်
ဖတ်နေသူဖြစ်မည်။ထိုအချိန်တွင်မိဘ/အဖ်ိုး
အဖွား တစ်စုံတစ်ယောက်က ခေါ်နေပါက/ခေါ်
ရသည့်အကြောင်းအရင်းမှာ ဒုက္ခရောက်နေသည့်
အတွက်အကူအညီတောင်းခံသည့်သဘောမျိုးမဟုတ်
ပါက နမားဇ်ကိုဆက်ဖတ်ရမည်။နမားဇ်ဖျက်၍ထူးခွင့်
မရှိပေ။နမားဇ်ဖျက်၍ထူးပါကအပြစ်ထိုက်မည်။

(၅)အကယ်၍မိမိသည် ဖရက်ဇ် (သို့)ဝိသိရ်
ဖတ်နေသူဖြစ်မည်။ထိုအချိန်တွင်မိဘ/အဖ်ိုး
အဖွား တစ်စုံတစ်ယောက်က ဒုက္ခတစ်စုံတစ်ရာ
နှင့်ကြုံနေရသည့်အတွက် အကူအညီတောင်းသည့်
သဘောဖြင့်ခေါ်နေခြင်းဖြစ်ပါက နမားဇ်ဖျက်၍ကူညီ
ပေးရန်အရေးကြီးသည်။နမားဇ်ဆက်ဖတ်နေပါကအပြစ်
ထိုက်မည်။

#ဖျက်လိုက်ရသောနမားဇ်အားအသစ်တဖန်
ပြန်လည်ဝတ်ပြုရမည်။

အချုပ်အားဖြင့်ဆိုရသော်.......
#ဖရက်ဇ်နှင့်ဝိသိရ်နမားဇ်များတွင်မဖြစ်မနေ
အရေးကြီးသည့်အခြေအနေတွင်သာနမားဇ်ဖျက်
ခွင့်ရှိသည်။အရေးမကြီးပဲဖျက်ပါက အပြစ်ထိုက်
သည်။

#နဖိလ်နှင့်စွန္နသ်နမားဇ်များတွင်မဖြစ်မနေအရေး
ကြီးသောကြောင့်/အကူအညီလိုသောကြောင့်ခေါ်
နေခြင်းဖြစ်ပါက (သို့) အရေးမကြီးပေမဲ့ နမားဇ်ဖတ်
နေသည်ကိုမသိသောကြောင့်ခေါ်နေခြင်းဖြစ်ပါက 
နမားဇ်ဖျက်၍ထူးရန်/ အကူအညီပေးရန်အရေးကြီး
သည်။သို့မဟုတ်ပါကအပြစ်ထိုက်သည်။

#ဒုက္ခနှင့်ကြုံနေရသည့်အခြေအနေဟူသည်မှာ
သာမန်အသေးအဖွဲကိစ္စရပ်တိုင်းကိုမဆိုလိုပေ။
မဖြစ်မနေအကူအညီလိုအပ်သည့်အခြေအနေ 
ကိုသာဆိုလိုသည်။ဥပမာ လဲကျနေသည့်အတွက်
ထူပေးမည့်သူမရှိသောကြောင့်အော်ခေါ်၍အကူအညီ
တောင်းခြင်း စသဖြင့်......................

قوله: إلا في النفل أي فیجیبه وجوبًا و إن لم یستغث لأنه لیم عابد بني إسرائیل علی ترکه الإجابة وقال ﷺ ما معناه: لو کان فقیهًا لأجاب أمّه، وهذا إن لم یعلم أنه یصلي، فإن علم لاتجب الإجابة لکنّها أولی کما یستفاد من قوله: لا باس". (رد المحتار علی الدر المختار،ج:1،ص:654،ط:ایچ ایم سعید)

Inamulhasan Mazahiri


 

Post a Comment

0 Comments

Close Menu