Covid pဖြစ်ပြီး ချွဲအရမ်းကပ် ချောင်းအခြောက်ရော
ချောင်းအစိုပါ ချွဲတွေနဲ့ဆိုးနေတဲ့သူတွေ
ခုနည်းကို လုပ်ကြည့်ပါနော်
အုန်းအုန်းနဲ့အသေကြေဆိုးနေတာ
ဘေးကလူပါနားထောင်ရတာ စိတ်မချမ်းသာရတဲ့ ရောဂါ
ချောင်းဆိုးရင်း အသံတွေဝင် အသံတွေအက်ကွဲ
လည်ပင်းတွေအက်ကွဲ အတော်ခံရခက်တဲ့ရောဂါ
(3)လကြာအောင် ချောင်းအရမ်းဆိုးခဲ့ဖူးပါတယ်
တီဗ်ီရောဂါလားစစ်ကြည့်တော့လဲ မဟုတ်ခဲ့ဘူး
သာမာန်ချောင်းဆိုးတဲ့ English ဆေးအမျိုးအစုံကို
သောက်ခဲ့တယ် ဆေးခန်းလဲစုံပြီ
လုံးဝမသက်သာပါဘူး
အဲ့တုန်းက လူလဲပိန်ချုံးပြီး
မျက်နာတွေလဲ ချောင်ကျ အတော်ခံခဲ့ရတဲ့ အချိန်ပေါ့
အရမ်းမသက်သာလို့
လုပ်မိလုပ်ရာ အာဂေါင်တွေထဲ ပရုတ်ဆီ တွေကို
လက်နဲ့ထိုးပြီးပွတ်တယ်
ပူလောင်ပြီးများချွဲကင်းစင်ပြီး သက်သာမလားစိတ်နဲ့

နောက်ဆုံးလက်နက် ရဲယိုရွက်ကို ထောင်း
အရည်ညစ် (အဲ့တုံးက ကြိတ်စက်တွေခေတ်မရှိသေး)
ရလာတဲ့ အရည်ကို ထမင်းစားစွန်း တစ်ဇွန်းသောက်
ရမည် ပြီးလျှင် ရေနွေးလေး သောက်ချရမည်
ပိုနေသေးလျှင်ရေခဲသေတ္တာထဲသိမ်းထားပေးပါ
နောက်နေ့သောက်လို့ရပါတယ်
ပုံတစ်ပုံချင်းစီမှာ ကြိတ်နည်းလေးရေးပေးထားပါတယ်
(3)လအသေအကြေဆိုးလာတဲ့ ချောင်းဆိုးခြင်းက
နောက်နေ့သူမဟုတ်သလိုပဲ ပျောက်သွားတာပါ
တစ်ဇွန်းနဲ့ကိုသိသာပါတယ် မသက်သာလျှင် နောက်တနေ့တစ်ဇွန်းထပ်သောက်ပေးပါ
ကျန်းမာရေးအတွက် အလွန့်အလွန်အသုံးတည့်တဲ့
အရွက်မို့ ဘေးထွက်ဆိုးကျိုးလဲမရှိပါဘူး
အရွက်ကို ငါးခူ(သို့)အသားတစ်မျိုးမျိုးနဲ့ ချဥ်ငံစပ်လေး
အရွက်ကြော်စားပါ တစ်ပတ်တစ်ခေါက်လောက်
စားပေးရင်ကို အတော်လေးအကျိူးဖြစ်ပါတယ်
ငါးရံ့ပတူရွက်ပြီးလျှင် ဒုတိယ
သံဓာတ်အများဆုံး ပါဝင်တဲ့ အရွက်ပါ
ကိုယ်အလိုသောက်ပြီး အဲ့နောက်ပိုင်း
ချောင်းဆိုးတယ်ဆိုတာ အတော်ရှားပါတယ် တော်ရုံ ဖျားနာတာ အချိုတွေစားတာတို့ဆို
တော်ရုံကို ချောင်းမဆိုးတော့ပါ
ချောင်းနဲ့အတော်ဝေးသွားပါတယ်
ကိုယ်တကယ်ဖြစ်ခဲ့တဲ့အတွေ့အကြုံကို sharingလုပ်တာပါ ခုcovidက ချောင်းအရမ်းဆိုးတယ် ချွဲကပ်တယ်
အဖျားကျရင်လဲ ချောင်းအရမ်းဆိုးပြီး အုန်းအုန်းနဲ့
ရင်ဘတ်တွေနာ ကျောတွေနာတဲ့အထိ ခံရခက်အောင်
ဆိုးနေတာမို့ ချောင်းဆိုးတာအရမ်းများပြီး
အရမ်းမောတယ်ရယ် အောက်ဆီဂျင်မကျပဲ
ချွဲအရမ်းကြပ်ပြီး သေဆုံးသူတွေလဲ မြင်ရတာကြောင့်
ကုသိုလ်ယူ sharingလုပ်ပေးတာပါ
ကိုယ်တိုင်အတွေ့အကြုံပါ
ခုရက်ပိုင်း ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို အဲ့နည်းအတိုင်း
သောက်ခိုင်းတာ အပေါ်ကပြောခဲ့သလို အရမ်းထိရောက်တာမို့ publicမှာ ကုသိုလ်ယူတာပါ
လွပ်လပ်စွာ shareနိင်ပါတယ်
အရွက်(5)ရွက်လောက်ကို ရေသေချာဆေး
ကြိတ်လို့ကောင်းအောင် ကတ်ကြေးနဲ့ ခပ်ကြမ်းကြမ်းညှပ်လိုက်ပါ ထမင်းစားဇွန်းနဲ့ ရေ 4စွန်းလောက်ထည့်ပြီး
စိတ်ရှည်ရှည်နဲ့ကြိတ်ပေးပါ
အရွက်တွေ လုံးဝကြေသွားတဲ့အထိပါ
ကြိတ်စက်နဲ့ဆို(2)မိနစ်ခန့်ကြာပါတယ်
အရွက်ထဲက သဘာဝဆေးဖက်ဝင် အရည်တွေ
သေချာထွက်အောင်လို့ပါ
ပြီးရင် ဇကာလေးနဲ့ စစ်လိုက်ပါရလာတဲ့အရည်ကိုထမင်းစားဇွန်း တစ်ဇွန်းပဲသောက်ပေးရပါမယ် ပြီးရင် ရေနွှေးလေး တစ်ခွက်လောက်သောက်ပေးပါပိုတဲ့အရည်ကို ရေခဲသေတ္တာထဲသိမ်းထားပါနောက်နေ့မသက်သာရင် ဆက်သောက်လို့ရပါတယ်
0 Comments