🙂🙂🙂
ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊
ဆေးရုံရောက်ရင်
ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်
အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊
သင်ပြိုသွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်🙂
ရာထူးကြီးကြောင်း မကြွားပါနဲ့၊🙅
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်
အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့🙅
သင်မရှိတော့တာနဲ့ တခြားလူဟာဖြစ်သွားတယ်😊
ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့၊
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်
ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့၊
သင်ထွက်သွားတာနဲ့ ကားသော့က တခြားလူလက်ထဲရောက်သွားတယ်
သင်ကြွားနိုင်တဲ့ တစ်ခုတည်းသောအရာက
သင့် #ကျန်းမာရေး ပါ🙆
တခြားလူတွေ ထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက် နေပူစာလှုံရင်း
ဘဝကိုခံစား ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် ကောင်းကောင်းဆက်ဆံပါ။
သင့်တော်တဲ့ ကိုယ်အင်္ဂါပစ္စည်းအစိတ်အပိုင်းတွေက အဆမတန် စျေးကြီးလို့ပါ။
ပြီးတော့ အပိုပစ္စည်းလည်း မရှိလို့ပါ
မနက်စာကို ဘုရင်လိုစားတဲ့
ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပေးဖို့ကလည်း အဓိကပါ။
ကိုဗစ်ကို ကာကွယ်ဖို့ အိမ်မှာနေရင်း
ဆီလျှော့ ဆားလျှော့ အချိုလျှော့ စားခြင်းဖြင့်
ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့😷🙆
#Credit
0 تعليقات