Ad Code

Assalamualikum

“ ကိယာမသ်၏နိမိတ်လက္ခဏာများ (သို့) ဖိသ်နာ(၇၂)မျိုး ”



“ ကိယာမသ်၏နိမိတ်လက္ခဏာများ (သို့) ဖိသ်နာ(၇၂)မျိုး ”
ဟုဇိုင်ဖာဟ်(ရသွေ့)သခင် ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွ)သခင်အမိန့်ရှိသည်မှာကိယာမသ်နီးကပ်လာလျှင်(၇၂)မျိုးသော လက္ခဏာများကြုံတွေ့ရမည်။

၁။ လူတို့သည်နမားဇ်ကိုဖျက်စီးကြမည်။သဘောကနမားဇ်ကိုမလေးစားတော့။ဤစကားတွင်ဤအချိန်ကာလတွင်အံ့အား သင့်ဖွယ်မဟုတ်တော့ပါ။
ယနေ့ခေတ်ရှိမွတ်စ်လင်အများစုတို့သည်နမားဇ်ကိုမလေးစားကြတော့ပေ။သို့သော်တမန်တော်မြတ်(ဆွ)သခင်ကဤမိန့်ကြားချက်ကို
နမားဇ်သည်အီမာန်နှင့်ကုဖရ်(ငြင်းဆန်သူ)ကြားတွင်ခြားနားပေးသောတံတိုင်းဖြစ်သည်ဟုသတ်မှတ်ထားချိန်မှာမိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုခေတ်ကအဘယ်မျှဆိုးသွမ်းသောဖာဂျိရ်ဖာစစ်က်မုအ်မင်န်ဖြစ်ပါစေနမားဇ်ကိုလက်မလွတ်ကြပါ။
ထိုခေတ်ထိုအခြေအနေမှာတမန်တော်မြတ်(ဆွ)သခင်ကအမိန့်ရှိခဲ့သည်။လူတို့သည်နမားဇ်ကိုဖျက်စီးကြမည်။

၂။ အမာနသ်ပစ္စည်းများကိုဆုံးရှုံးစေမည်။မိမိထံအပ်နှံထားသောပစ္စည်းကိုအလွဲသုံးစား(ခယာနသ်)လုပ်မည်။

၃။ အတိုးစားကြမည်။

၄။ မုသားကိုဟလာလ်(လုပ်ပိုင်ခွင့်ရှိသောအရာ)အဖြစ်မှတ်ယူကြမည်။
သဘောမှာမုသားပြောခြင်းကိုအတတ်ပညာတစ်ခုဟူ၍မှတ်ယူကြမည်။

၅။ သာမန်ကိစ္စရပ်များအပေါ်သွေးထွက်သံယို၊ခိုက်ရန်ဖြစ်မည်။အသေးအမွှားကိစ္စလေးများအပေါ်တခြားသူကိုသတ်ဖြတ် ကြမည်။

၆။ မြင့်မားသောအဆောက်အဦးများဆောက်လုပ်ကြမည်။

၇။ သာသနာကိုရောင်း၍ လောကီပစ္စည်း စုဆောင်းမည်။

၈။ ဆွေမျိုးဖြတ်ခြင်း၊ ဆွေမျိုးများနှင့် ရိုင်းဆိုင်းစွာဆက်ဆံကြမည်။

၉။ တရားမျှတမှုရှားပါသွားမည်။

၁၀။ မုသားသည် အမှန်ကဲ့သို့ဖြစ်သွားမည်။

၁၁။ ပိုးထည်၊ ပိုးချည်များကို ၀တ်ဆင်ကြမည်။

၁၂။ မတရားမှု များပြားလာမည်။

၁၃။ တွလာက်း(လင်မယားပြတ်ဆဲမှု)များပြားလာမည်။

၁၄။ ရုတ်တရက်သေဆုံးမှုပေါများလာမည်။
အစတည်းကကြိုမသိရသောသေဆုံးမှုပေါများလာမည်။ရုတ်တရက်မည်သူ မည်ဝါသည်အကောင်းပကတိရှိနေလျှက်ယခုဆုံးသွားပြီးဟု သိရှိရမည။

၁၅။ ခေယာနသ် ထိန်ချန်သူကိုသမာဓိရှိသည်ဟု မှတ်ယူကြမည်။

၁၆။ သမာဓိ သစ္စာ ရှိသူကိုအလွဲသုံးစားပြုသူဟု မှတ်ယူကြမည်။

၁၇။ လိမ်ညာသူ၊ မမှန်ကန်သူကို မှန်ကန်သူဟု မှတ်ယူကြမည်။

၁၈။ မှန်ကန်သူကို လူလိမ်လူညှာဟု မှတ်ယူကြမည်။

၁၉။ မတရားစွပ်စွဲမှု များပြားလာမည်။သဘောမှာလူတို့သည်တစ်ဦးကိုတစ်ဦးမတရားစွပ်စွဲမှုပြုကြမည်။

၂၀။ မိုးရွာသွန်းပါလျှက်ပူအိုက်မည်။

၂၁။ လူတို့သည်သားသမီးရလိုသည့်ဆန္ဒအစား၊သားသမီးကိုရွံမုန်းမည်။
လူတို့သည်သားသမီးရရှိရန်ဒိုအားတောင်းကြမည့် အစားသားသမီးမရရှိစေရန်ဒိုအာတောင်းကြမည်။
ယနေ့ခေတ်ကိုကြည့်ကြစမ်းပါ။မိသားစုကန့်သတ်ရေးစီမံကိန်းများလုပ်နေကြသည်။
သားသမီးနှစ်ယောက်သာကောင်းသည်ဟု ကြွေးကျော်နေကြသည်။

၂၂။ ယုတ်မာသူများ ထည်ဝါစွာနေထိုင်ကြမည်။သဘောမှာယုတ်မာဆိုးသွမ်းသူတို့သည်
ကြီးကျယ်သောစည်းစိမ်နှင့်တကွနေထိုင်ကြမည်။

၂၃။ ဂုဏ်သရေရှိသူများ စိတ်ညစ်လာမည်။ဂုဏ်သရေရှိသူများဂုဏ်သိက္ခာကိုစွဲကိုင်၍ နေထိုင်ပါကလောကနှင့်အဆက်ပြတ်သွားမည်။

၂၄။ ခေါင်းဆောင်များ၊ လူကြီးများတို့သည် မုသားပြောသောအကျင့်ရှိသူများဖြစ်ကြမည်။

၂၅။ သစ္စာသမာဓိရှိသူသည် အလွဲသုံးစားလုပ်လာမည်။

၂၆။ ခေါင်းဆောင်တို့သည် မတရားမှုပြုသူများ ဖြစ်လာကြမည်။

၂၇။အလင်မ်နှင့်ကာရီတို့သည်အကျင့်ဆိုးသူများဖြစ်လာကြမည်။
သဘောကအာလင်မ်ဖြစ်ပြီးကုရ်အာန်သေလာ၀သ်ပြုသူ ဖြစ်ပါလျှက်အကျင့်မကောင်း သူများဖြစ်ကြမည်။

၂၈။ လူတို့သည် တိရစ္ဆာန်တို့၏သားရေနှင့်လုပ်ထားသောအ၀တ်အစားကို၀တ်ဆင်ကြမည်။

၂၉။ ထိုသူတို့၏စိတ်ဓါတ်သည်အသေကောင်ထက်ပင်ပို၍နံဆော်သူဖြစ်မည်။သဘောမှာလူတို့သည်တိရစ္ဆာန်များ၏သားရေနှင့် လုပ်ထားသောအဆင့်မြင့်အ၀တ်အစားများကို၀တ်ဆင်ကြမည်။သို့ရာတွင် ၄င်းတို့၏စိတ်ဓါတ်သည်အသေကောင်ထက်ပို၍နံစော်မည်။

၃၀။ ပို၍ခါးမည်။

၃၂။ ရွှေများပေါများသွားမည်။

၃၃။ ငွေ၏လိုလားချက်ပိုလာမည်။

၃၄။ ငြိမ်းချမ်းမှု၊ ဘေးကင်းလုံးခြုံမှု လျော့နည်းလာမည်။

၃၅။ ကျမ်းတော်မြတ်ကုရ်အာန်၊ စာစောင်များကို အမျိုးမျိုးချယ်သလာကြမည်။

၃၆။ ဗလီများတွင် ပန်းချီ၊ ပန်းခက်များ ပြုလုပ်လာကြမည်။

၃၇။ မြင့်မားသေားမျှော်စင်များ(အဇန်ဆိုစဉ်)ဆောက်လာကြမည်။

၃၈။ လူတို့၏ စိတ်ဓါတ်များခန်းခြောက်နေမည်။

၃၉။ အရက်သေစာများ၊ သောက်သုံးလာကြမည်။

၄၀။ တရားတော်အရ အပြစ်ပေးမှုများကို ရပ်ဆိုင်းပြစ်ကြမည်။

၄၁။ ကျွန်မက မိမိသခင်ကိုမွေးဖွားမည်။သဘောမှာ သမီးကမိခင်အပေါ်၊သြဇာညောင်းမည်။
သခင်က ကျွန်မနှင့်ဆက်ဆံသကဲ့သို့ မိခင်ကို သားသမီးကဆက်ဆံလာမည်။

၄၂။ ၀တ်လစ်စလစ်နေသူများ၊ ဖိနပ်မစီးနိုင်သူများ၊ မယဉ်ကျေးသူများ၊ဘုရင်ဖြစ်လာကြမည်။
ယုတ်မာဆိုးသွမ်းသူများဇာတ်နိမ့် သူများ၊မျိုးနွယ်အားဖြင့်လည်းကောင်း၊ကိုယ်ကျင်တရားအားဖြင့်လည်ေးကာင်း
၊နိမ့်ကျယုတ်မာသူများသည်ခေါင်းဆောင်ဖြစ်ကြ၍ အုပ်ချူပ်သူများဖြစ်လာကြမည်။

၄၃။ အရောင်းအ၀ယ်တွင် အမျိုးသမီးတို့သည်အမျိုးသားများနှင့်အတူပါ၀င်ရောင်း၀ယ်လာကြမည်။
ယနေ့ဖြစ်ပျက်နေသည့် အတိုင်းဖြစ်သည်။အမျိုးသမီးတို့သည် ယနေ့ကဏ္ဍတိုင်းတွင်အမျိုးသားတို့နှင့်ရင်ဘောင်တန်းနိုင်ရန် ကြိုစားနေကြသည်။

၄၄။ အမျိုးသားတို့သည် အမျိုးသမီးတို့ပုံစံ အတုခိုးလာကြမည်။
၄၅။ အမျိုးသမီးတို့က အမျိုးသားတို့၏ပုံစံ အတုခိုးလာကြမည်။
သဘောကအမျိုးသားတို့ကအမျိုးသမီးတို့၀တ်စားပုံအတိုင်း အမျိုးသမီးတို့ကအမျိုးသားတို့၏၀တ်စားပုံအတိုင်းအတုခိုးကြမည်။
ယနေ့ခေတ်သစ်ဖက်ရှင်ကအဝေးမှလှမ်းကြည့်လျှင်အမျိုးသားလား၊ အမျိုးသမိးလားခွဲခြားရန်ခက်ခဲတော့သည်။

၄၆။ ဂိုင်ရွလ္လာဟ်(အလ္လာဟ်အရှင်မှအပ)၏ကစမ်ကျိန်ဆိုကြမည်။အမှန်မှာကစမ်သည်အလ္လာဟ်အရှင့်နာမတော်၊အလ္လာဟ်အ ရှင့်ဂုဏ်တော်၊ကုရ်အာန်၏ကစမ်ကိုသာကျိန်ခွင့်ရှိသည်။တခြားအရာများ၏ကစမ်ကျိန်ဆိုခြင်းဟရာမ်ဖြစ်သည်။သို့သော်ထိုသို့ သောအချိန်အခါတွင်လူတို့သည်တခြားအရာများ၏ကစမ်ကိုကျိန်ဆိုကြမည်။
ဥပမာအသင့်ဦးခေါင်း၏ကစမ်စသည်များဖြစ်ကြသည်။

၄၇။ မွတ်စ်လင်တို့လည်း မခေါ်ဘဲမပြောဘဲနှင့်မုသားသက်သေလိုက်ရန်အသင့်ဖြစ်ကြမည်။(လည်း)ဟူသောစားလုံးအားဖြင့် တခြားသူများဤအလုပ်ကိုလုပ်ကိုင်နေကြသည်မှာဓမ္မတာပင်။သို့သော်မွတ်စ်လင်တို့သည်လည်းမုသားသက်သေလိုက်ရန် အသင့်ဖြစ်ကြမည်။

၄၈။ သိကျွမ်းသူများကိုသာ စလာမ်နှုတ်ခွန်းဆတ်သကြမည်။သဘောကလမ်းတွင်ဖြတ်သွားနေရင်းမသိကျွမ်းသူများကိုစလာမ် ဆိုမည်မဟုတ်ပါ။
သိကျွမ်းသူဖြစ်ပါကစလာမ်ဆိုမည်။အမှန်မှာတမန်တော်မြတ်(ဆွ)သခင်ကအမိန့်ရှိခဲ့သည်။အသင်သိသူ၊မသိသူအားလုံးကိုစလာမ်ဆိုပါ။
အထူးသဖြင့်လမ်းပေါ်တွင်တစ်ယောက်စ၊နှစ်ယောက်စဖြတ်၍သွားနေစဉ်သွားလာနေသူအားလုံးကို စလာမ်ဆိုသင့်ပါသည်။
သို့သောဖြတ်သန်းသွားလာနေသူများအလွန်များပြားနေပါကစလာမ်ပေးနေရသည့်အတွက်မိမိလုပ်ငန်းတွင်ထိခိုက်မှုရှိလာနိုင်ပါကစလာမ်မပေးချင်လည်းအခွင့်ရှိနေပေသည်။
သို့ရာတွင်တစ်ယောက်စနှစ်ယောက်စသွားလာနေသောအခါမျိုးမှာပင်စလာမ်မပေးသောအချိန်အခါမျိုး ရောက်ရှိလာလိမ့်မည်။
စလာမ်ပေးသောအစဉ်အလာဓလေ့ကုန်ဆုံးသွားမည်။

၄၉။ ဒီးန်မဟုတ်သောကိစ္စရပ်များအတွက်အိလင်မ်ပညာသင်ယူကြမည်။အလိုသဘောမှာသာသနာ့ပညာကိုဒီးန်အတွက်သင် ယူကြမည်မဟုတ်။လောကီအတွက်သင်ယူကြမည်။ထိုပညာဖြင့်ဒီဂရီရရှိရန်၊အလုပ်ရရှိရန်၊ငွေကြေးရရှိရန်၊ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုရရှိရန် ရည်ရွယ်ချက်ဖြင့် သင်ယူကြမည်။

၅၀။ အာခေရသ်အလုပ်ကိုလုပ်၍ လောကီရှာဖွေကြမည်။

၅၁။ သုံ့ပန်းပစ္စည်းကိုကိုယ်ပိုင်ပစ္စည်းအဖြစ်မှန်ယူကြမည်။ဤနေရာတွင်သုံ့ပန်းပစ္စည်းဆိုတာအမျိုးသားပိုင်ငွေကြေးဓနကိုဆို လိုသည်။အမျိုးသားပိုင်၊ နိုင်ငံပိုင်ငွေကြေးကိုကိုယ်ပိုင်ငွေကြေးအဖြစ်မှတ်ယူလာကြမည်။

၅၂။ အပ်နှံငွေပစ္စည်းကို လုယူရရှိငွေဟု မှတ်ထင်လာကြမည်။ဆိုလိုသည်မှာ တစ်ဦးတစ်ယောက်အမာနသ်ငွေအပ်နှံလာပါက ဤသည်လု၍ရရှိသောပစ္စည်းဟု မှတ်ယူကြမည်။

၅၃။ ဇကားသ်ငွေကို ဒဏ်ကြေးဟု မှတ်ယူကြမည်။

၅၄။ အနိမ့်ကျဆုံးသူသည် အမျိုးသားခေါင်းဆောင်၊ ရှေ့ဆောင်အဖြစ်မှတ်ယူလာကြမည်။

၅၅။ မိမိဖခင်၏စကားကို မနာခံသူဖြစ်လာကြမည်။

၅၆။ မိမိမိခင်နှင့်ရိုင်းဆိုင်းစွာဆက်ဆံမည်။

၅၇။ မိတ်ဆွေကို ထိခိုက်နစ်နာအောင်ပြုခြင်းမှ ရှောင်ရှားမည် မဟုတ်ပါ။

၅၈။ ဇနီးသည်၏စကားကိုနာခံလာမည်။

၅၉။ လူဆိုး၊ အကျင့်ဆိုးသူတို့၏အသံများ ဗလီတွင်ဆူညံ့လာမည်။

၆၀။ သီဆိုသူမများကိုလေးစားဂုဏ်ပေးလာကြမည်။အဆိုတော်အလုပ်လုပ်သူမများကိုဂုဏ်ပေးလေးစားလာကြမည်။
မြင့်မားသောအဆင့်များပေးလာကြမည်။

၆၁။ သီဆိုသောတူရိယာ၊ မြူးဇစ်များကို ထိန်းသိမ်းလာကြမည်။

၆၂။ လမ်းထိပ်များပေါ်တွင် အရက်များသောက်လာကြမည်။

၆၃။ မတရားမှုများကို ဂုဏ်ရှိသည်ဟု မှတ်ယူလာကြမည်။

၆၄။ တရားမျှတမှု ရောင်းစားခံရမည်။တရားရုံးများတွင် တရားမျှတမှုကိုရောင်းစားကြမည်။လူတို့သည်ငွေပေး၍တရားမျှတမှုကို ၀ယ်ကြမည်။

၆၅။ ပုလိပ်များ ပေါများလာမည်။

၆၆။ ကုရ်အာန်ကိုသီချင်းဆိုမည့်ကိရိယာအဖြစ်ပြုလုပ်လာကြမည်။
သဘောမှာတူရိယာမြူးဇစ်အစားကုရ်အာန်ကိုညိမ့်ညောင်းသောအရာသာအရသာရရှိခံစားရရန် သေလာ၀သ်လုပ်ကြမည်။
ကုရ်အာန်၏ဖိတ်ခေါ်သံ၊ ကုရ်အာန်ကိုနားလည်သဘောပေါက် ရန်ကုရ်အာန်ကိုစဝါးဗ်ရရှိစေရန်အတွက် သေလာ၀သ်လုပ်ကြမည်မဟုတ်ပါ။

၆၇။ သားရဲတိရစ္ဆာန်များ၏သားရေးများကိုအသုံးပြုလာကြမည်။

၆၈။ အွမ္မသ်၏နောက်ပေါက်လူတို့သည်ရှေးလူများအပေါ်ပြစ်တင်ဝေဖန်လာကြမည်။ရှေးသူတော်စဉ်တို့ကိုအပြစ်ပြောလာကြ မည်။
၄င်းတို့အပေါ်အယုံအကြည်ထားကြမည်မဟုတ်ချေ။ဝေဖန်ပြစ်တင်ပြောဆိုကြမည်မှာ၄င်းတို့သည်ဤအချက်ကိုမှားယွင်းစားပြောခဲ့ကြသည်။
ဤသို့မှားယွင်းသောလမ်းကိုရွေးချယ်ခဲ့ကြသည်။

၆၉။ သို့ရှိရာယနေ့အချိန်တွင်လူအတော်များများသည်ဆွဟာဗာဟ်(ရသွေ့)တို့နှင့်ပတ်သက်၍မရိုမသေပြောင်လှောင်သရော်လာကြသည်။
များစွာသောသူတို့သည်ရှေးသာသနာ့အေမာမ်ရှေ့ ဆောင်တို့နှင့်ပတ်သက်၍ပြောင်လှောင်သရော်နေကြသည်။
စင်စစ်သာသနာသည်ထိုသူတော်စဉ်တို့မှတစ်ဆင့်ကျွန်ုပ်တို့ထံရောက်လာခြင်းဖြစ်သည်။
နောက်လူတို့က၄င်းတို့အားအသိဥာဏ်မရှိသူများဟုပြောဆိုနေကြသည်။
ထိုသူတော်စဉ်တို့သည်ငါတို့ယနေ့ဒီးန်သာသနာကို မှန်ကန်စွာသဘောပေါက်ကြသလို ၄င်းတို့သဘောမပေါက်ခဲ့ကြဟု ဝေဖန်နေကြသည်။

၇၀။ မြေငလျင် လှုပ်လာမည်။

၇၁။ လူတို့၏ရုပ်၊ မျက်နှာများ ပြောင်းသွားမည်။

၇၂။ မိုးကောင်းကင်မှ ခဲမိုးများရွာချလာမည်။သို့မဟုတ်အလ္လာဟ်ဘက်တော်မှ တခြားအာဇားဗ်များကျရောက်လာမည်။

ယခုဖော်ပြပါ လက္ခဏာများကိုအနည်းငယ်စဉ်းစားကြည့်ကြစမ်းပါ…။
ဤလက္ခဏာများသည်တစ်ခုချင်းမည်သို့မည်ပုံကျွန်ုပ်တို့၏လူ့အသိုင်းအဝိုင်းအတွင်းကျရောက်နေသနည်း။
ယခုကျွန်ုပ်တို့အပေါ်အာဇားဗ်များကျရောက်နေသည်။
ထိုအာ ဇားဗ်များမှာစင်စစ်ကျွန်ုပ်တို့၏မကောင်းသောအမလ်များ၏ ရလဒ်ဖြစ်သည်မဟုတ်ပါလား…။


 

Post a Comment

0 Comments

Close Menu