Ad Code

Assalamualikum

ကိုဗစ်နဲ့ကွယ်လွန်သူဆီကနေ ရောဂါပျံ့/မပျံ့ ကိစ္စက



ဆေးပညာရှင်တွေကြား အကွဲအလွဲဖြစ်နေတာ 

ဝူဟန်မှာ ကိုဗစ်စဖြစ်ကတည်းကပါ။ 


အခုထိမပြီးသေးပါဘူး။ မပြီးသေးဘူးဆိုရင်လည်း 

အကွဲအလွဲမရှိထားတဲ့ ရေချိုးပေးရမယ့်အရေးကြီး

ကိစ္စကိုတော့ မပေါ့ကြပါနဲ့။ 


သေသူကို ရေချိုးကဖန်ဒဖန်ပေးရမှာက လူသေ

အတွက် လူရှင်တွေကျေပွန်ပေးရမယ့် အရေးကြီး

တာဝန် တစ်ရပ်ပါ။ 


အစ္စလာမ်က လူသေကိုလည်း လူရှင်အတိုင်းပဲ 

အိဇ်ဇသ်ပေးခိုင်းထားတယ်။ သူအနားယူနေတဲ့ 

ကဗရ်ကိုတောင် ကျောမှီထိုင်တာ၊ ခြေနဲ့နင်းတာတွေ 

မလုပ်ကြဖို့ တားမြစ်ထားတယ်။


ကွယ်လွန်သူရဲ့ နောက်ဆုံးအချိန်ဟာ ဘယ်လိုဖရိုဖရဲ

ဖြစ်နေလဲဆိုတာ ကြုံဖူးသူတိုင်းသိကြတယ်။ သူသွား

ရမယ့်ခရီးက ဒွန်ယာက ခရီးစဉ်တွေထက် အဆပေါင်း

သန်းချီ သာမြတ်တယ်။ 


ကျွန်တော်တို့လူရှင်တွေ ခန္ဓာကိုယ်ဖရိုဖရဲဖြစ်နေတဲ့

အနေအထားနဲ့ လမ်းထိပ်က ကွမ်းယာဆိုင်တောင် 

မထွက်ချင်ကြတာ လူသေရဲ့မွန်မြတ်သန့်စင်တဲ့ 

အာခိရသ်ခရီးစဉ်ကို ဘာလို့စုတ်ပြတ်နုံချာတဲ့ပုံစံနဲ့ 

စေလွှတ်ချင်နေကြတာလဲ။


သေသူကရော အဲဒီလိုအနေအထားနဲ့ သွားရမှာကို 

ကြိုက်ပါ့မလား။ ဒီမိုင်ယသ်ကို ဖရိရ်ှသဟ်တွေ လာကြို

ကြမှာ။ 


ဖရိရ်ှသဟ်ဆိုတာ အသန့်ကြိုက်တဲ့အမျိုး။ အိမ်မှာ

မသန့်တဲ့ နာပါးက်အရာတွေကို မဆေးမကြောဘဲ 

ဖြစ်သလိုထားတတ်ရင် အဲ့ဒီအိမ်ထဲဖရိရ်ှသဟ်

မဝင်ကြောင်း ဟဒီးဆ်တော်မှာ လာရှိထားတယ်။ 


ဖရိရ်ှသဟ်က အဲ့ဒီလောက် အသန့်ကြိုက်တာ။ အဲဒါ

ကြောင့် ရေချိုးပေးပါ။ ကဖန်ပေးပါ။ အမွေးနံ့သာတွေ

လိမ်းကြိုင်ပေးပါ။ 


ဘယ်ဥပဒေနဲ့မှ တားမြစ်ချက်တစ်စုံတရာမရှိပါဘဲ 

သေသူကို ရေချိုးကဖန်ပေးလို့ရပါလျက် မလုပ်ပေး

ကြရင် ဖရဇေကိဖယဟ်ကို ချိုးဖောက်တဲ့အတွက် 

တစ်မျိုးသားလုံး အထူးသဖြင့် မိုင်ယသ်နဲ့နီးစပ်တဲ့

အသိုင်းအဝိုင်း တစ်ခုလုံး အဲဒီဂိုနာဟ်ကိုခံရလိမ့်မယ်။


ဘယ်သူချိုးပေးရမလဲမေးရင် ရန်ကုန်က ဆရာ (၆) ပါး

ထုတ်ပြန်ထားတဲ့စာမှာ ပါတယ်။ လူနာမကွယ်လွန်ခင်

အထိ လူနာနဲ့တောက်လျှောက် ထိတွေ့ထားသူတွေ

ချိုးပေးလို့ရတယ်။ 


ကူးနိုင်ခြေရှိတယ်ဆိုရင်လည်း အဲဒီလူတွေ လူရှင်နေတဲ့

အချိန်မှာ ထိတွေ့တုန်းကတည်းက ကူးမှာပဲလေ။ 


လူရှင်နေတဲ့အချိန် တောက်လျှောက် အနီးကပ်ပြုစုခဲ့

သူကို လူသေပြီးမှာ ကူးနိုင်ခြေရှိတဲ့ အကြောင်းပြချက်နဲ့

အနားပေးမကပ်တာ လုံးဝယုတ္တိမတန် သဘာဝမကျတဲ့ ကိစ္စတစ်ခုပါ။ 


ရေချိုးပေးတဲ့သူအနေနဲ့လည်း လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ 

အကာအကွယ်တွေ အပြည့်အဝသုံးစွဲဖို့ အရေးကြီးကြောင်းလည်း 

အဲ့ဒီစာမှာပါတယ်။ 


မချိုးတတ်ရင် YouTube မှာ မိုင်ယသ်ရေချိုးနည်းကော

ကဖန်ထုတ်နည်းကော အကုန်ရှိတယ်။ 


ကြည့်ပြီးချိုးပေးပါ။ ကြည့်ပြီးကဖန်ထုတ်ပေးပါ။ 

သေသူနဲ့ ထိတွေ့မှုမရှိထားသူတွေကို မလိုအပ်ရင် 

မခေါ်ပါနဲ့။ 


ဂျနာဇဟ်မှာလူအများကြီး လိုက်မပို့လည်း ပြဿနာ

မရှိဘူး။ ကျင်းထဲကို လူမဆင်းရလည်း ပြဿနာမရှိဘူး

 

ဒါပေမဲ့ တတ်နိုင်ပါလျက် ရေမချိုး၊ ကဖန်မပေးတာက

ပြဿနာရှိတယ်။


ကိုဗစ်နဲ့ကွယ်လွန်သူဆီကနေ ရောဂါပျံ့နှံ့နိုင်ကြောင်း

WHO က အတည်ပြုပေးထားတဲ့ အထောက်အထား

တစ်စုံတရာရှိရင် ပြပေးပါ။ မတ်စ်အလဟ်ပြန်ပြင်လို့

ရပါတယ်။ အဲ့လောက်မခက်ဘူး။


✍️ အရ်ှရဖ်စအီးဒ် (ကာစေမီ)

إرسال تعليق

0 تعليقات

Close Menu