စမူဆာကြော်နည်း 🥖🥖🥖🥖🥖🥖🥖🥖🥖
ပါဝင်ပစ္စည်းများ
ကော်ပြန့်ရွက်ကြက်သွန်နီ - ၅ ဥ (ပါးပါးလှီး)ကြက်သား - ၁၅ ကျပ်သားမဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းအရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းဆီ - ၁၀ ကျပ်သားပြုလုပ်နည်းဦးစွာ စမူဆာလိပ်ဖို့ ပလက်ကို အရင်ပြင်ပါမယ်။ ၃ ၁/၂ လက်မပတ်လည်ခန့်ရှိတဲ့ ကော်ပြန့်ရွက်လေးကို ပုံထဲကအတိုင်း ခေါက်ပါ။ ပြီးလျှင် ဘေးထွက်နေတဲ့ အစလေးမှာ ရေဆွတ်ပြီး အနားသတ်ခေါက်ပါ။ ပြီးလျှင် အနားသိမ်း ခေါက်ထားတဲ့ ခေါက်ရိုးကို အလယ် ရာက်သွားအောင် စွန်သဏ္ဌာန်လှည့်ပေးလိုက်လျှင် အဆာထည့်ရန် အသင့်ဖြစ်ပါပြီ။ အဆာသွတ်ရန် ကြက်သားကို အတုံးသေးများလုပ်၍ ပြုတ်ထားပါ။ ကျက်ရင်ဆယ်ပြီး ကြက်သွန်နီ၊ မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ အရသာမှုန့်တို့နှင့် နယ်ထားပါ။ ခေါက်ထားတဲ့ ကော်ပြန့်ရွက်ထဲကို အဆာကို သွတ်ပါ။ အောက်ဘက်က ပိုနေတဲ့အစကို အပြီးသတ် ရေဆွတ်ပြီး အဆာများ မထွက်ကျအောင် ပိတ်လိုက်လျှင် စမူဆာကြော်ရန် အသင့်ဖြစ်ပါပြီ။ ဆီပူအိုးတည်ပြီး မီးအလယ်အလတ်နှင့် နီရဲကြွပ်ရွလာအောင် ကြော်ပါ။အချဉ်ရည်ဖျော်ရန်အတွက်မန်ကျည်းရည်ဖျော်ပြီးသား - အကြမ်းပန်းကန်လုံး ၁ လုံးငရုတ်သီးစိမ်း - ၁၀ တောင့်ကြက်သွန်ဖြူဥသေး - ၁ ဥချင်း - လက်တစ်ဆစ်ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်းအရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းသကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်းပူဒီနာရွက် - အနည်းငယ်ပြုလုပ်နည်းစမူဆာ၊ အာလူးကက်သလိပ်နဲ့ တွဲစားဖို့ အချဉ်ရည်ဖျော်ပါမယ်။မန်ကျည်းရည်ထဲ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပူဒီနာထောင်းထည့်ပါ။ ဆား၊ အရသာ၊ သကြားထည့်ပြီး မပျစ်မကျဲလေးဖျော်လျှင် ရပါပြီ။
0 Comments