Ad Code

Assalamualikum

ကျမ္မာရေးဗဟုသုတ♥♥♥


အာရုံကြော အားနည်းခြင် ပင်ပန်းနွမ်းနယ် လွယ်ခြင်း ခြေလက်လေးလံခြင်းနှင့် ညအိပ်မပျော်ခြင်း


ညအိပ်မပျော်တာကြာရှည်လာခဲ့လျင်အစားအသောက် စားရာတွင်လည်း ခံတွင်းမလိုက်တော့ပါဘူး။


အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်း လာတတ်ပါတယ် နှလုံးအားပါ နည်းလာတတ်ပါတယ်။


သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျား အေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာ တွေနဲ့ အဆုတ် ၊ကျောက်ကပ်စွမ်းဆောင်ရည်ကျ ဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံ ခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။


ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့ မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။


အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်း


1- သံပုရာသီးအလုံးကြီးတစ်လုံး။

2 - ကြက်ဥအစိမ်းတစ်လုံး(မည်သည့်ကြက်ဥမဆိုရပါသည်)

3 - ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း(သဘာဝပျားရည်

မရလွယ်ပါကမွေးမြူရေးပျားရည်ကိုသုံးစွဲပါ)။

4.- ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။

5 - ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန်

တစ်ဝက်စသည်တို့လိုအပ်ပါမည်။


- ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍ နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကို ဖယ်ရှားပစ်ပါ။

- ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာ ထည့်ပါ။

- ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။  

- တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ်ဝက်စာကိုထပ်မံလောင်းထည့်ပြီးသမအောင် ခေါက်မွှေပေးပါ။

- ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက်နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။

- ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါပြီ။


အထက်ပါအာရုံကြောအားဆေးကိုသောက်သုံး ရမည့်အခြေအနေနှင့်အချိန်အခါများ

====================


1= အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။

2=ညအိပ်ရေးပျက်သည့်အခါ။

3=ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။

4=စိတ်ရွှင်လန်းမှုမရှိသည့်အခါ။

5=မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင် သောက်သုံးပြီးအနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ်

သက်စွာအိပ်စက်အနားယူပေးပါကအားအင်ပြည့် ဖြိုးပြီးပြန်လည်လန်းဆန်းလာစေပါမည်။


အထက်အားဆေး၏ထူးခြားချက်မှာ

အကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။


ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစားမှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍ကောင်းပါသည်။


အကယ်၍ မိမိအဆင်ပြေရာအချိန်

တစ်ချိန်တွင် သောက်သုံးပေးမည်ဆို

လျင်လည်းရပါသည်။


အနည်းလေး တစ်ရက်တစ်ကြိမ် နေ့စဉ် မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။


မှတ်ချက်။

ညအိပ်ချိန်ဖုန်းမကြည့်ရပါ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါးသည်။


Cd



Post a Comment

0 Comments

Close Menu