Ad Code

Assalamualikum

"#ချင်း ... (ဂျင်း) နားအစက်ချဆေးရည်(လက်တွေ့)"


အချိန်မတော် နားကိုက်၍

ရုတ်တရပ်ဆေး၀ယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစု၀င်များထဲတွင် ဖြစ်ဖူး တတ်ကြပါလိမ့်မည်။


ထိုသို့ဖြစ်ပါလျှင် ဆေးဖက်၀င်အာနိသင်ဖြင့် 

ပြည့်ဝနေသော အိမ်တိုင်း မီးဖိုဆောင်တွင် ဆောင်ထားတတ်သည့် သဘာ၀ချင်းကို သတိရကြပါ။


 မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့် သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။ 


တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသော ဂျင်းသတ္တုရည်ကို သန့်စင်သော စတီးဇွန်းထဲသို့ ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။ နွေးနွေးလေးဆို ရပါပြီ။ ကိုက်နေသော နားအတွင်းသို့(၅) စက်မျှ ချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာ ပျောက်ကင်းသွားပါမည်။


ထိုနည်းမှာ #ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။

မိမိကိုယ်တိုင်လည်း ခံစားဖူးသလို၊မိသားစု၀င်လူကြီး/ကလေးများ နားကိုက်ခြင်း ဝေဒနာခံစားရပါက တင်ပြပါ ချင်းနားအစက်ချ ဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာ ပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။

သင့်မိသားစုတွင် နားကိုက်ပါက ထူးထူးထွေထွေ     မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင်  အမြဲ                                                                            အသင့်ရှိနေတတ်သော  ချင်းတစ်မျိုးသာ လိုပါကြောင်း သိမီသမျှတင်ပြလိုက်ပါသည်။


အကိုးအကား

တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးရေးမှထုတ်ဝေသော လက်တွေ့အသုံးချ ဆေးဖက်၀င်အပင်များ အတွဲ(၁)


မေတ္တာဖြင့် ပြန်လည်မျှဝေပါတယ်ရှင် 


Credit :ရဲမျိုးသူ(ဗောဓိမြိုင်)

Post a Comment

0 Comments

Close Menu