[️ ၁ ] အိမ်၌ ပင့်ကူအိမ်များ ရှိနေခြင်း။
[️ ၂ ] အမှိုက်သရိုက်များကို အိမ်၌စုပုံထားခြင်း။
[️ ၃ ] နေထွက်သည်အထိ အိပ်စက်နေခြင်း။
[️ ၄ ] ပန်းကန်ကို မဆေးကြောပဲ ပစ်ထားခဲ့ခြင်း။
[️ ၅ ] မဂ်ရိဗ် နှင့် အိရှာကြား အိပ်စက်ခြင်း။
[️ ၆ ] သီချင်း ဗုံ ဆိုင်းသံများ နားထောင်ခြင်း။
[️ ၇ ] ဖိနပ် ပက်လက်လှန်နေခြင်း။
[️ ၈ ] များစွာ အိပ်စက်ခြင်း။
[️ ၉ ] ဆွေမျိုးသားချင်းများဖြင့် ကောင်းမွန်စွာ မဆက်ဆံခြင်း။
[️ ၁၀] အရက်ပုလင်းနှင့် စစ်တုရင်ကျားကွက်များ
ထားရှိသောအိမ်။
[️ ၁၁] သန်း နှင့် ကြမ်းပိုးတို့ကို မသတ်ပဲ အရှင်လွှတ်ပစ်ခြင်း။
[️ ၁၂] ချက်အောက်နှင့် ချိုင်းမွှေးများကို ကပ်ကြေးဖြင့်ညှပ်ခြင်း။
[️ ၁၃] အိုးခွက်ပန်းကန်တို့၏ ပဲ့နေသောနေရာမှ စားသောက်ခြင်း။
[️ ၁၄] ရေပုံး ရေအိတ်တို့ကို စောင်း၍ပါးစပ်တေ့၍သောက်ခြင်း။
[️ ၁၅] တောင်းရမ်းသူကို လက်မဲ့ ပြန်လွတ်ခြင်း
အထူးသဖြင့် ညအချိန်တောင်းရမ်းသူ။
[️ ၁၆] နမာဇ်ဖတ်ရန် ပျင်းရိခြင်း။
[️ ၁၇] ရိုင်းပျ စွာ ဆက်ဆံခြင်း။
[️ ၁၈] မုသားပြောဆိုခြင်း။
[️ ၁၉] သေသူရှေ့တွင် စားသောက်ခြင်း။
[️ ၂၀] သက်ရှိရုပ်ပုံများ ချိတ်ဆွဲထားခြင်း။
[️ ၂၁] မိဘ အမိန့်ကို ဖီဆန်သော သားသမီး။
[️ ၂၂] ချစ်ခင်ပွန်းပေါ် သစ္စာမဲ့သော အမျိုးသမီး။
[️ ၂၃] ကျသွားသော အစားအစာကို
ပြန်လည်ကောက်ယူ၍ မစားခြင်း။
[️ ၂၄] လက် နှင့် ပါးစပ်ကို အင်္ကျီအနားစဖြင့်သုတ်ခြင်း။
[️ ၂၅] ဆရာသမား ကို မရိုသေခြင်း။
[️ ၂၆] ဇေနာ ကာမေသုမိစ္ဆာကံ ကျူ းလွန်ခြင်း။
[️ ၂၇] အချိန်မတော် ဒွန္နယာအတွက် အိပ်ရာမှထခြင်း။
[️ ၂၈] လိမ်လည်၍ ကျိန်ဆိုခြင်း။
[️ ၂၉] ပုပ်သိုးသော အစားများ စားသောက်ခြင်း။
[️ ၃၀] လက်နှင့် ပါးစပ်ကို တံခါးဝ၌ ထိုင်၍ဆေးခြင်း။
[️ ၃၁] လောဘကြီးတတ်ခြင်း။
[️ ၃၂] လက်မဆေးပဲ စားသောက်ခြင်း။
[️ ၃၃] သားသမီး နှင့် ဧည့်သည်များကို တန်ဖိုးမထားခြင်း။
[️ ၃၄] အမှန်တရားကို ဖုံးကွယ်မသင့်ပဲ ဖုံးခြင်း။
[️ ၃၅] ဝုဇူလုပ်ရင်း လောကီစကားပြောခြင်း။
[️ ၃၆] ကျင်ကြီး ကျင်ငယ်စွန့်ချိန် စကားပြောခြင်း။
[️ ၃၇] ကျင်ကြီး ကျင်ငယ်စွန့်သောနေရာ၌
ဝုဇူပြုလုပ်ခြင်း ဂိုစွလ်လုပ်ခြင်း။
[️ ၃၈] ဝုဇူ မရှိပဲ ကုရ်အာန် ကိုင်ခြင်း ဖတ်ခြင်း။
[️ ၃၉] ကြက်သွန်နီ ကြက်သွန်ဖြူ အခွံကို မီးရှို့ခြင်း။
[️ ၄၀] အကြောင်းမဲ့ နမာဇ်ပြီး ဗလီထဲမှ
အမြန်အပြင်သို့ထွက်ခြင်း။
[️ ၄၁] မိမိအားအင်ပေါ် ဂုဏ်မောက်၍
တစ်ပါးသူကို ညှင်းပမ်းခြင်း။
[️ ၄၂] မိဘကို အမည်တပ်၍ ခေါ်ခြင်း။
[️ ၄၃] အဝတ်အစားအစုတ်အပြဲကို ဝတ်လျက်သားချုပ်ခြင်း။
[️ ၄၄] သူတောင်းစားများထံမှ အစားအသောက်ကို
ဝယ်ယူစားသောက်ခြင်း။
[️ ၄၅] ကလောင်တံ စက္ကူ ခဲတံ၏ ခဲချွန်စများကို
ခြေဖြင့်နင်းခြင်း။
[ ၄၆] ဘီးအကျိုး ဖြင့်ခေါင်းဖီးခြင်း။
[️ ၄၇] ဘောင်းဘီ ပုဆိုးများကို ထိုင်ဝတ်ခြင်း။
[️ ၄၈] လက်သည်းများကို သွားဖြင့်ကိုက်ခြင်း။
[️ ၄၉] မိမိထင်ပေါ်စေရန်လူအများရှေ့မှ ဖြတ်၍
လျောက်လှမ်းပြခြင်း။
[️ ၅၀] စဂ်ျဒါဟ်သေလာဝသ်ကို အမြန်မလုပ်ပဲ
အကြောင်းခံမရှိပဲ ဆိုင်းငံ့ထားခြင်း။
[️ ၅၁] မလိုအပ်ပဲ အပို သုံးစွဲခြင်း။
[️ ၅၂] နေဝင်မိုးချုပ်ချိန် မီးမထွန်းခြင်း။
[️ ၅၃] အမှောင်ထဲ၌ အစားစားခြင်း။
[️ ၅၄] အမှောင်ထဲ၌ တံမြက်စည်း လှဲခြင်း။
[️ ၅၅] သက္ကဒီးရ်ကို အထင်သေးခြင်း။
[️ ၅၆] မဂ်ရိဗ်ပြီး အိပ်စက်ခြင်း။
[️ ၅၇] ဝတ်လစ်စလစ်အပေါ့သွားခြင်း။
[️ ၅၈] ဝတ်လစ်စလစ်ဖြင့် အိပ်စက်ခြင်း။
[️ ၅၉] ရေချိုးထိုက်နေချိန် ချက်အောက်မွှေးရှင်းခြင်း။
[️ ၆၀] ရေချိုးထိုက်နေချိန်တွင် ဝုဇူမပါပဲစားခြင်း။
[️ ၆၁] အဝတ်အထည်ဖြင့် လှဲကျင်းမှုပြု ခြင်း။
[️ ၆၂] စျေးဆိုင် ရုံးများ လူများရာနေရာများတွင်
သူစိမ်းတရံစာများအား မကောင်းသော
အကြည့်ဖြင့်ရှု့ခြင်း။
အထက်ပါ ကိစ္စရပ်များအပြင်
များစွာသောအချက်များ ကျန်ရှိပါသေးသည်။
ကျမ်းစာတစ်အုပ်ထဲ၌ အားလုံးသောအချက်များ မပါ၀င်ပါ။
ဂိုနာဟ်ကဗီရာများ နှင့် ဂိုနာဟ်စွဂီရာ တို့သည်လည်း
သောင်ဗာဟ် အမှားဝန်ခံမှု မပြုသေးသရွေ့ဆင်းရဲမှုဖြင့်
ရင်ဆိုင်ရပေလိမ့်မည်။
[ မုသွာလေဗုန် မုအ်မိနီးန် နာဖွေ့အုလ်ခလာအိက်ကျမ်း ]
[ ဗိုင်ဟကီကျမ်း ]
[ အဘူလိုင်စ် စမရ်ကန်ဒီ၏ သန်ဗီဟွလ်ဂါဖွေ့လီးန်ကျမ်း ]
[ ဗုခါရီကျမ်း နှင့်ဟဒီးစ်ကျမ်းတော်များ ] မှ
တစ်ခုစီကောက်နုတ်၍ တင်ပြထားခြင်းဖြစ်ပါသည်။
ဤ အချက်တွေကို
အားလုံးပဲ ရှောင်ကြဉ်နိုင်တဲ့
သောင်ဝ်ဖိက် အလ္လာဟ်အရှင် အားလုံးကို ချီးမြှင့်တော်မူပါစေ။
🤲 🤲 အာမီန်း အာမီန်း ဆမ္မ အာမီန်း 🤲 🤲
Reshare to HJ Myat Thu
0 تعليقات