အလုပ်သမားတစ်ယောက်ရှိတယ်။ တစ်ရက်မှာ အလုပ်ကို ရောက်မလာလို့ အလုပ်ရှင်သူဌေးက ဒီအလုပ်သမားလေးခင်ဗျာ၊ အလုပ်မှာ စိတ်ဝင်တစားနဲ့ ရက်မပြတ် အလုပ်ဆင်းရအောင် လုပ်အားခနည်းနည်းတိုးပေးရင် ကောင်းမယ်ဆိုပြီး စဉ်းစားတယ်။ ဒီလိုနဲ့ သူအလုပ်လာတော့ လုပ်အားခ ပိုတိုးပေးလိုက်တယ်။ အလုပ်သမားလည်း ဘာမှ မပြောဘူး၊ ယူသွားလိုက်တယ်။
ရက်သိပ် မကြာခင်မှာပဲ အလုပ်သမားလေးက အလုပ်မဆင်းပြန်ဘူး။ အဲဒီမှာ အလုပ်ရှင်သူဌေးက ဒေါသထွက်ပြီး လုပ်အားခကို ပြန်လျှော့ချလိုက်တယ်။ နဂိုအတိုင်းပဲ ပေးတယ်။ ဒီအခါမှာလည်း အလုပ်သမားလေးက ဘာတစ်ခွန်းမှ မပြောဘဲ ရတဲ့လုပ်အားခကို ယူပြီး ပြန်တယ်။
ဒါနဲ့ အလုပ်ရှင်က မေးရော။ မင်းကို လုပ်အားခ ပိုတိုးပေးတုန်းကလည်း တစ်ခုမှ မပြောဘူး။ ထားတော့။ အခု လုပ်အားခ လျှော့လိုက်တော့လည်း မင်းက ဘာတစ်ခွန်းမှ မပြောဘဲ ဖာသိဖာသာ နေနေတယ်။ ဘယ်လို ဖြစ်တာတုန်း။
အဲဒီမှာ အလုပ်သမားက ရှင်းပြတယ်။ ဒီလိုပါ သူဌေး၊ ပထမအကြိမ် အလုပ်မလာတာက ကျွန်တော့်မိန်းမ သားလေးတစ်ဦး မွေးလို့ပါ။ နောက်ရက်အလုပ်လာတော့ သူဌေးက လုပ်အားခပိုတိုးပေးတယ်။ သြ၊ သားလေးရဲ့ရိုဇီကိုး လို့ တိတ်တိတ် ရေရွတ်မိတယ်။
တစ်နေ့က အလုပ်မလာတာက ကျွန်တော့်အမေ ကွယ်လွန်သွားလို့ပါ။ ပြီးတော့ သူဌေးက အလုပ်ပြန်ဆင်းတဲ့အခါ လုပ်အားခ လျှော့လိုက်တယ်။
ဒါနဲ့ ကျွန်တော်သိလိုက်တယ်။ အမေ့ရိုဇီကုန်ပြီဆိုတော့ ငါ လျှော့ပြီး ရတယ်။
သူဌေးရယ်၊ ကျွန်တော့် ဒီရိုဇီရိက္ခာတွေဆိုတာက အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် စီမံနေတာ၊ ပေးသနားနေတာ သိရှိထားတာမို့ ကျွန်တော်က ထွေထွေထူးထူး ပြောမနေတော့တာပါ။ တွေဝေတာမျိုး၊ အံ့အားသင့်တာမျိုး မရှိတော့တာပါ။
ဥပဒေသ.....
(ရိုဇီရိက္ခာပေးသနားတော်မူတာက အလ္လာဟ်အရှင်မြတ်ပါ။ သူတစ်ပါးချောင်လည်စေဖို့၊ သူတစ်ပါး ပြေလည်စေဖို့ ကိုယ်က အကြောင်းခံဖြစ်နေရင် (တစ်နည်း ပေးကမ်းရသူ ဖြစ်နေရင်) အတတ်နိုင်ဆုံး အလ္လာ့ဟ်မျက်နှာကို ကြည့်ပါ။ ငါပြေလည်ရင် ပြီးရောလို့ ပေါ့ပေါ့လေးပဲ တွေးထားရင် သင့်အကြောင်းခံမဟုတ်တဲ့ အခြားအကြောင်းခံပေါင်း များစွာတင်မကဘူး၊ တိုက်ရိုက်ကျွေးမွေးစောင့်ရှောက်တော်မူနိုင်တဲ့၊ တကယ့်လက်တွေ့မှာလည်း ကျွေးမွေးပေးကမ်းနေတော်မူတဲ့ အလ္လာဟ်အရှင်ရှိနေတယ်ဆိုတာ နှလုံးသွင်းထားပါ။)
Muhamed Karimullah Hasan
0 تعليقات