Ad Code

Assalamualikum

ဖခင်လည်း ကောင်းဖို့လို

 


ဖခင်လည်း ကောင်းဖို့လို

ဒီအတိုင်းပဲ မွတ်စ်လင်မ်အမျိုးသမီးတွေဟာလည်း ခင်ပွန်း

ရွေးခြယ်တဲ့နေရာမှာ ဥစ္စပေါသူ၊ ရုပ်ချောသူထက် ဒီးန်ရှိသူ

အလ္လာဟ်ကို ကြောက်တဲ့သူကို ရွေးရမယ်။ 


ကိုယ့်ကိုအုပ်ထိန်းမယ့်သူ၊ ကိုယ့်ကို ရှာကျွေးမယ့်သူဟာ 

ဒီးန်ရှိတဲ့သူဖြစ်ဖို့ သိပ်အရေးကြီးတယ်။ ဒါမှပဲ ဒီယောက်ျား

ဟာ ကိုယ့်ဇနီးသည်ကို တန်ဖိုးထားတတ်မယ်။ ချစ်ခင်မယ်။

ဟလာလ်ရိုဇီ ရှာကျွေးမယ်။


ကျမ်းမြတ်ကုရ်အာန်မှာ အရှင်မြတ် တင်ပြထားတယ်။ 

တမန်တော်မူစာ ( အ ) နဲ့ ခသိရ် ( အ )တို့ ခရီးထွက်တဲ့အခါ

လမ်း ခုလပ်မှာ ပြိုကျနေတဲ့ အုပ်တံတိုင်းတစ်ခုကို ပြန်ခိုင်

သွားအောင်ဆောက်လုပ်ပေးခဲ့တယ်။ 


ဒီအုပ်တံတိုင်းရဲ့အောက် ယသီးမ်ကလေး နှစ်ယောက်ရဲ့

အမာနသ်ပစ္စည်းတွေကို မြှုပ်နှံထားတယ်။ အုပ် တံတိုင်း 

ပြိုကျသွားရင် ရွာနီးချုပ်စပ်ကလူတွေဟာ ဒီကလေးတွေရဲ့

စည်းစိမ်ကို အဓမ္မယူလိုက်မှာစိုးတဲ့အတွက် တမန်တော်

မူဆာ ( အ ) နဲ့ ခသိရ် ( အ ) သခင်က ပြန်တည့်မတ်ပေး

ခဲ့တာဖြစ်တယ်။ 


တစ်ဆက်တည်း ကျမ်းမြတ်ကုရ်အာန်မှာ ဒီကလေး

နှစ်ယောက်ရဲ့စည်းစိမ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့

အကြောင်း အလ္လာဟ် အရှင် အမိန့်ရှိထားတယ်။


وَكاَنَ اَبوْهُماَصاَلِحاً

( သူတို့နှစ်ယောက်ရဲ့ ဖခင်ဟာ လူကောင်းလူမြတ်တွေ

ဖြစ်တယ်။ ) 


ဒီတော့ကြည့်ပါ။ ဖခင်ဟာ လူကောင်းသူကောင်းဖြစ်တယ်။

အလ္လာဟ်နှစ်သက်တဲ့သူ ဖြစ်တဲ့အခါ အလ္လာဟ်အရှင်မြတ်က

ဒီဖခင်ရဲ့ သားစဉ်မြေးဆက် ကိုပါ ထိန်းသိမ်းစောင့်ရှောက်

ပေးထားတယ်။


ဆက်လက်ပို့စ်တင်ပေးသွားပါမည်။

إرسال تعليق

0 تعليقات

Close Menu