♦️ပါဝင်ပစ္စည်းများ
သင်္ဘောအစိမ်း - အနေတော် တစ်လုံး
ပုစွန်ခြောက် - အကောင် ၂၀ ခန့်
မြေပဲလှော် - အစေ့ ၂၀ ခန့်
ငရုတ်သီးစိမ်း - ၇ တောင့်ခန့် အစပ်ကြိုက်လျှင်ပိုထည့်ပါ။
ထန်းလျက် - ကွမ်းသီးဆံအလုံးလောက် ၃ ခဲ
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပဲတောင့်ရှည် - ၃ တောင့် မရှိလို့မထည့်တာပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၁ လုံး
သံပုရာသီး - ၁ ခြမ်း
♦️ပြင်ဆင်ပုံ
သင်္ဘောကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
♦️ခြစ်ပြီးသော သင်္ဘောသီးများကို
သင်္ဘောသီးအစိမ်းနံ့ မနံအောင် ရေများများနဲ့ဆေးပြီး ရေစစ်ထားပါ။
♦️ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
♦️မြေပဲလှော်ကို မညက် တညက်ထောင်းပြီး ဖယ်ထားပါ။
♦️ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက်ထောင်းပါ။
♦️ငရုတ်သီးစိမ်းကို မညက်တညက်ရောထောင်းပါ။
♦️ကြက်သွန်ဖြူကို မညက်တညက်ရောထောင်းပါ။
♦️ထန်းလျက်ကို ညက်နေအောင် ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
♦️ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
♦️ကျောက်ကျည်ပွေ့ဆိုပါက ၁၅ ချက် အချက် ၂၀ လောက် ထောင်းရင်ရပါပြီ။
♦️သစ်သားပွေ့ကျည်ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်။
♦️ထောင်းနေစဉ် သံပုရာရည်ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
♦️သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ ချက်လောက် ထောင်းပေးပါ။
♦️ခရမ်းချဉ်သီးကိုလည်း ထည့်ပြီး ၅ ချက်လောက် ထောင်းပေးပါ။
♦️စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များရော သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
😋စပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေး စားလို့ရပါပြီနော်....😋
Credit မေလေး
#သွန်းသစ္စာ
0 تعليقات