Ad Code

Assalamualikum

Format ချမိပီးတော့ မှားဖျက်မိတဲ့ Data တွေကို ဘယ်လို ပြန်ရှာမလဲ❓

 


▪️အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိတို့ Hard Disk တွေ၊ USB Device တွေမှာ Format ချမိတဲ့ Data တွေကို ဘယ်လိုပြန်ရှာရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတလ်...

.

▪️ဒီတစ်ခေါက်မှာတော့ EaseUS Data Recovery Software နဲ့ရှာပုံရှာနည်းလေးကို အဆင့်ဆင့် ရှင်းပြထားပေးပါတလ်။


▪️EaseUS Data Recovery နဲ့ Format ချမိတဲ့ Data တွေကို ပြန်ရှာဖို့အတွက်


1️⃣ Choose the drive to scan

2️⃣ Preview

3️⃣ Recover Data ဆိုပီး အဆင့် (၃) ဆင့် ရှိပါတလ်။


Recover လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓


✅ ကိုယ့် Data Size ပေါ်မူတည်ပီးတော့ Backup ပြန်လုပ်မယ့် Drive တစ်ခုလိုအပ်ပါမလ်။


⚠️ ကိုယ်ပြန်ယူရမယ့် Data တွေက 300GB လောက်ရှိတလ်ဆိုရင် Recover ပြန်လုပ်မယ့် Drive က အဲ့ဒါထက် ပိုများမှပဲ ရပါမလ်


✅ နောက်တစ်ခုကတော့ Software ရှိဖို့ လိုပါမလ်။ (EaseUs Data Recovery Software ကို Download ရယူဖို့အတွက် comment မှာ #ITCARE_DATA_Recover လို့ ရေးပေးခဲ့ကြပါ 😉😉😉)


✅ နောက်တစ်ခုကတော့ ကွန်ပျူတာတစ်လုံးလိုပါမလ်..


ကိုယ် Recover Process လုပ်နေတုန်းမှာ တစ်ခြား Software/ Application တွေ မသုံးတာ အကောင်းဆုံးပါပဲ..


⚠️ လုံးဝ သုံးလို့ မရဘူးတော့ မဟုတ်ပါဘူး

ကဲ... ဒါဆိုရင် စလိုက်ကြရအောင်..


𝐒𝐭𝐞𝐩 𝟏 - 𝐂𝐡𝐨𝐨𝐬𝐞 𝐭𝐡𝐞 𝐩𝐚𝐫𝐭𝐢𝐭𝐢𝐨𝐧

••••••••••••••••

EaseUs Data Recovery Software ကို Install လုပ်ပီး ဖွင့်လိုက်တဲ့အခါ ပုံမှာ တွေ့ရတဲ့အတိုင်း Partition တွေကို မြင်ရမှာပဲ ဖြစ်ပါတလ်... ကိုယ်စစ်ချင်တဲ့ Partition ကို Select မှတ်ပီးတော့ Scan ဆိုတာကို နှိပ်လိုက်ပါ။


𝐒𝐭𝐞𝐩 𝟐 - 𝐒𝐞𝐥𝐞𝐜𝐭 𝐰𝐚𝐧𝐭𝐞𝐝 𝐟𝐢𝐥𝐞𝐬

••••••••••••••••••

Scan စစ်တာပီးသွားပီးဆိုရင်တော့ ဘယ်ဖက်ကနေရာမှာ Lost File, Delete File ဆိုတာတွေကို တွေ့ရမှာပါ။ အဲ့ဒီထဲမှာ ကိုယ်ရှာချင်တဲ့ File တွေကို တစ်ခုချင်းဆီ လိုက်နှိပ်ရှာလို့ ရသလို အပေါ်နားက Filter Tab လေးကို နှိပ်ပီးတော့လည်း File Type သီးသန့်ရှာလို့ရပါတလ်။


𝐒𝐭𝐞𝐩 𝟑 - 𝐑𝐞𝐜𝐨𝐯𝐞𝐫 𝐟𝐢𝐥𝐞𝐬 𝐭𝐨 𝐚 𝐬𝐞𝐜𝐮𝐫𝐞 𝐥𝐨𝐜𝐚𝐭𝐢𝐨𝐧

•••••••••••••••••••••••••••

ကိုယ့်ရဲ့ Data တွေ တွေ့ပီးဆိုရင်တော့ Select မှတ်ပီး Recover ဆိုတာကို နှိပ်လိုက်ပါမလ်။ ပီးတော့ ကိုယ်သိမ်းချင်တဲ့နေရာ ကို ရွေးပေးလိုက်ရင် ပီးပါပီ။


(အကောင်းဆုံးက နောက်ထပ် Drive တစ်ခုမှာ Recover လုပ်လို့ရတဲ့ Files တွေကို သိမ်းတာ အကောင်းဆုံးပါပဲ)


ဒီအဆင့်တွေပီးသွားပီဆိုရင်တော့ ကိုယ့် Files တွေ အားလုံး ပြန်ရလာမှာ ဖြစ်ပါတလ်... 

အားလုံးပဲ အဆင်ပြေကြပါစေ …


✅ အကြောင်းတစ်ခုခုကြောင်း Data Recovery လုပ်လို့ အဆင်မပြေတာမျိုးတွေရှိခဲ့မလ်ဆိုရင်လည်း ကျွန်တော်တို့ ITCARE Data Recovery Service ကနေ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးနေပါပီ။


💁‍♂️ ဆက်သွယ်ချင်တလ်ဆိုရင်တော့ 099 620 29 536, 09 42 50 21 898 ကို ဆက်သွယ်လို့ ရပါတလ်... 


Crd #𝗜𝗧𝗖𝗔𝗥𝗘 

💕 𝗝𝘂𝘀𝘁_𝗔_𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲_𝗦𝗵𝗮𝗿𝗶𝗻𝗴 💕


📕 အင်္ဂလိပ်စာ ပညာဒါန တက်ရောက်လိုပါက 👇

လင့်ကို နိပ်ပါ ။

https://www.facebook.com/watch/?v=557486521881066


Success Academy

English Computer Learning Centre

Myitkyina







Post a Comment

0 Comments

Close Menu