- အဓိကအားဖြင့်တော့ Facebook Post Video တွေ (Public / Private ) / Comment Video တွေကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ဒေါင်းလို့ရမယ့် App ပါ။
- Public Video တွေဆိုရင် Video တင်ထားတဲ့ Post ရဲ့ Link ကို Copy ပြီး App ထဲကနေ Paste လုပ်ပြီး START နှိပ်ရုံနဲ့ HD / SD Quality Link တွေကို Auto ထုတ်ပေးနိုင်ပါတယ်။ ကိုယ့် Acc ကို Login ဝင်ထားဖို့တော့ မလိုပါဘူး။ (Note - Privacy က Public ဖြစ်နေပေမယ့် Event တွေမှာ တင်ထားတဲ့ Video တွေဆိုရင်တော့ Private Downloader မှာ Acc Login ဝင်ထားဖို့လိုပါတယ်)
- Private ဒါမှမဟုတ် Comment Video တွေကို ဒေါင်းချင်ရင်တော့ Download Private Or Comment Video ဆိုတဲ့ နေရာကနေဝင်ရပါမယ်။ Facebook ကိုရောက်သွားမှာဖြစ်ပြီး ကိုယ့် Acc ကို Login ဝင်ပြီးတဲ့နောက်မှာ ဒေါင်းချင်တဲ့ Video File ရှိတဲ့ Post ကိုသွားပြီး Play Button လေးကို နှိပ်လိုက်ရင် Download ဆွဲမှာလားဆိုပြီး App ကနေ Alert ပြပါလိမ့်မယ်။
(အပေါ်ကပြောခဲ့တဲ့ Public Event Video တွေကိုဒေါင်းမယ်ဆိုရင် Login ဝင်ထားဖို့လိုတယ်ဆိုတာ ဒီ Feature မှာ ဝင်ထားရမှာပါ)
- ပြီးတော့ Facebook ပေါ်မှာ Upload တင်ထားတဲ့ Movie တွေကိုစုစည်းပေးထားတဲ့ Movie Store တစ်ခုလည်း ထည့်ရေးပေးထားပါတယ်။ အဓိက ကတော့ Facebook ပေါ်မှာပြန့်ကျဲနေတဲ့ ဇာတ်ကားတွေ ကို ရှာရဖွေရလွယ်ကူအောင် စုပေးထားတဲ့ သဘောပါပဲ။ ကိုယ်တိုင် Translate / Encode / Upload တင်ထားတာတွေတော့မဟုတ်ပါဘူး။ ပြီးတော့ Facebook ရဲ့ Policy အရ Copyright ကြောင့် Movie တွေကိုတိုက်ရိုက် Upload တင်ခွင့်တော့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိ Link တွေ မပျက်သေးတာတွေကိုစုစည်းပေးထားပါတယ်။ ခုတော့ သိပ်အများကြီးမရှိသေးပါဘူး ။ တဖြည်းဖြည်းနဲ့မှ ထပ်စုပြီး App ထဲမှာ တင်ပေးသွားပါမယ်။
Link တွေပျက်နေတာမျိုးတွေ့ရင်လည်း Report လုပ်နိုင်မယ့် Feature ထည့်ရေးပေးထားပါတယ်။
- Download Mode မှာ နှစ်မျိုးပါပါတယ် #Boost နဲ့ #Normal ပါ
Boost က Normal ထက် 5× | 6× လောက်ပိုမြန်ပါတယ်။ ဒါပေမယ့် Boost Mode မှာ Risk အနည်းငယ်ရှိပါတယ်။ လိုင်း Stable မဖြစ်တဲ့အချိန်မှာ သုံးမိရင် Download Fail တတ်ပါတယ်။ ဒါကြောင့် လိုင်းမကောင်းတဲ့ မငြိမ်တဲ့အခါမျိုးမှာ Normal ကိုပဲသုံးပါ။
- Boost Mode ရဲ့ အဓိက အလုပ်လုပ်ပုံက အနီးစပ်ဆုံးပြောရရင် PC က IDM လိုပါပဲ File ကို အစအဆုံး တန်းမဒေါင်းပဲ Chunk File တွေခွဲပြီးမှနောက်ဆုံး ပြန် Build တာပါ ။ အဲ့အတွက် Chunk File အရေအတွက်ကို Setting မှာ သွားပြင်နိုင်ဖို့ လုပ်ပေးထားပါတယ်။ Default က 10 ဖြစ်ပါတယ်။ တိုးလို့ရသလို လျော့လို့လည်းရပါတယ်။ ဒါပေမယ့် ပိုတိုးမိလေ ပိုမြန်လာနိုင်ပြီး Fail တဲ့ Risk လည်းပိုများနိုင်ချေရှိပါတယ်။ ဒါပေမယ့် လိုင်းအတော်လေး ကျလိုက်တက်လိုက်နဲ့ (အဓိကအားဖြင့် Wifi သုံးတဲ့အခါမျိုးတွေ ) မငြိမ်မှသာ ဖြစ်နိုင်တာမလို့ လိုင်းကောင်းရင်တော့ စိတ်ချလက်ချသုံးနိုင်ပါတယ်။
- Instant Copy ဆိုတဲ့ Feature တစ်ခုလည်းပါဝင်ပါတယ်။ App စသုံးသုံးချင်းမှာ Default အနေနဲ့ On ပြီးသားပါလာမှာပါ မသုံးချင်ရင်လည်း Setting မှာ ပိတ်ထားလို့ရပါတယ်။ Facebook Url Link တွေ Copy လိုက်တဲ့ အချိန်မှာ ဒီ App ထဲမှာ ဖွင့်မှာလားဆိုပြီး User ကို Alert ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် App ကို Memory ကနေ Kill ထားမိရင်တော့ ပြမှာမဟုတ်ပါဘူး ။
တခြား ကျန်တဲ့ ကျန်တဲ့ Feature တွေကတော့ ဒေါင်းပြီး စမ်းသုံးကြည့်ကြပါ
ရှင်းပြဖို့မလိုလို့ပါ
ဒီ App ကိုစရေးတော့ အစက Downloader တစ်ခုပဲ ရေးမလို့ပဲ နောက်မှ စိတ်ကူးပေါက်ပြီး Movie Store ပါထည့်ပေးထားတာပါ။ ခုတော့ ဇာတ်ကားနည်းနည်းပဲပါသေးပါတယ်။ ဒါတောင်တချို့ Link တွေပျက်နေလို့ ပြန်စစ်ကြည့်ရအုံးမယ်။
အစကတော့ အကြောင်းတစ်ခုကြောင့် ရက်နည်းနည်းနေပြီးမှ Release လုပ်မလို့ပဲ
ပြန်တွေးကြည့်တော့ သိပ်မထူးခြားတာနဲ့ ဒီနေ့ပဲ Release လိုက်တာပါ။
App Size ကလည်း 3.2Mb ပဲရှိပါတယ်။
သုံးရအဆင်ပြေရင် Play Store ကနေ Rating လေးတွေ ပေးပေးကြပါအုံး ။
Bug တွေဘာတွေ အကြံပေးချင်တာတွေရှိရင်လည်း App ထဲက Feedback ကနေဖြစ်ဖြစ် / Need Help ကနေ ဖြစ်ဖြစ် အကြောင်းကြားနိုင်ပါတယ်။
လမ်းကြုံရင်တော့ Share ပေးကြပါအုံး
#Edited
Event Video တွေရဲ့ Loading က ပုံမှန် Video တွေထက် စက္ကန့်ပိုင်းလောက် နည်းနည်းပိုကြာတတ်ပါတယ်
0 Comments