(1) အကြင်သူသည် နံနက် လုပ်ငန်းမစမှီ
စူရာဟ် ဖွာသီဟာနှင့် အာယာသွလ်ကုရ်စီ
ဖတ်ရွတ်ပါက စီးပွားရေးအဆင်ပြေပြီး
လုပ်ငန်းများ အဆင်ပြေ လွယ်ကူမူရရှိမည်။
(2) အကြင်သူသည် နေ့စဉ် ကွလ်၃ပုဒ်နှင့်
အာယာသွလ်ကုရ်စီ ဖတ်ပါက
ထိုသူ့အပေါ် သို့ ဂျင် ပယောဂ ဂျာဒူ ရိူင်သွာန်
များ၏ အနှောင့်ယှက်များ ကင်းဝေးပေမည်။
(3) အကြင်သူသည် စူရာဟ် ဖွာသီဟာ နှင့်
အာယာသွလ်ကုရ်စီ ကိုဖတ်ပြီး ရေတွင်
မန်းမူတ်ပြီး မကျန်းမာသူ၎င်း ဝေဒနာတခုခု
ခံစားနေရသူ၎င်း တိုက်ပါက အင်ရှာအလ္လာဟ်
သက်သာသွားပေမည် ။
(4)အကြင်သူသည် နမားဇ် ပြီးတိုင်း
အာယာသွလ်ကုရ်စီ နှင့် စူရာဟ်ဖွာသီဟာ ကို ဖတ်ရွတ်ခဲ့လျင် ထိုသူ၏ အခက်ခဲများ အကြပ်တည်းများကိုအလ္လာဟ်ရှင်
ဖယ်ရှားစေပြီး ရိုဇီရိက္ခာ တိုးပွားစေမည် ။
(5) အကြင်သူသည် အာယာသွလ်ကုရ်စီ ကို
ဖတ်ရွတ်ပါက ထိုသူ့အပေါ် ကျရောက်မည့်
ပူပင်သောက ဘေးဗလာများကို
အလ္လာဟ်ရှင် ဖယ်ရှားပေးတော်မူပေမည် ။
(6 ) အကြင်သူသည် အိမ်ကနေအပြင်သို့
ထွက်သောအခါ အာယာသွလ်ကွရ်စီအား
ရွတ်ဖတ်ခဲ့လျှင် ကောင်းကင်တမန်တော် ၇သောင်းက
ထိုသူ၏ အိမ်တွင်း / ပြင်အား စောင့်ရှောက်ပေးတော်မူမည်။
(7) အကြင်သူသည် အိမ်သို့ဝင်လာချိန် အာယာသွလ်ကွရ်စီ ဖတ်ရွတ်ပါက
အိမ်တွင်း ဆင်းရဲကြပ်တည်းမူနှင့် ပူပင်မူများ ကင်းဝေပေမည် ။
(8) အကြင်သူသည် ဝူဇူမတိုင်ခင် ဝူဇူလုပ်ပြီးနောက် ဖတ်ရွတ်ခဲ့လျင် အလ္လာဟ်ရှင်သည် ထိုသူအား
အကျိုးစဝါးဗ် ၇၀ ချီးမြင့်ပေမည် ။
(9) အကြင်သူသည် အိပ်ရာမဝင်ခင် အာယာသွလ်ကွရ်စီ အားဖတ်ရွတ်ခဲ့လျင် ကောင်းကင်တမန်တော်က သင်၏ တညတာလုံး မကောင်းဆိုးဝါးဘေးမှ ကာကွယ်ပေးမည်
(10) အကြင်သူသည် ဖရက်ဇ်နမားဇ်ပြီးတိုင်း ရွတ်ဖတ်ခဲ့လျင် အလ္လာဟ်ရှင်သည် ထိုသူအား သေခြင်းတရားမှလွဲပြီး ကျန်တာအားလုံး တာဝန်ယူပေမည် ၊ ဘေးအန္တာရာယ်များမှ ကာကွယ်ပေးပေမည် ။
( 11 ) အကြင်သူသည် တောင်းဆုဒိုအာမပြုခင်
စူရာဟ်ဖွာသီဟာနှင့်အာယာသွလ်ကုရ်စီ ကို
ဖတ်ခဲ့လျင် ထိုသူ၏ တောင်းဆုဒိုအာ ကဗူလ်ဖြစ်စေမည်။
(Translation by Dailyislam)
0 Comments