ရူးဟ်နှင့်ပတ်သက်၍ တချို့သော အထင်အမြင်
လွဲမှားမှုများအား ချေဖျက်ခြင်း
<•>•<•>•<•>•<•>•<•>•<•>•<•>•<•>•<•>
ရူးဟ်ဆိုသည်မှာ ထိုပေါ့ပါး၊ပါးလွှာသောအရာ
ဖြစ်သည်။ အကြင်အရာကို မည်သူမျှ မတွေ့မြင်ရ။
သို့သော်လည်း သက်ရှိတိုင်း၏
အင်အားနှင့်စွမ်းအင်များသည် ၎င်းရူးဟ်အတွင်း၌သာ ဖုံးကွယ်လျက်ရှိသည်။
၎င်း၏ ဇစ်မြစ်မှာ အဘယ်နည်း?
ဤသည်ကို မည်သူမျှ မသိရှိပါ။
ယဟူဒီများကလည်း တစ်ခါက တမန်တော်မြတ်(صلی اللہ علیہ وسلم)အား
၎င်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ
စူရဟ်ဗနီအစ္စရာအီးလ်၏ အာယသ်နံပါတ်၅၀ ကျရောက်ခဲ့သည်။(ဗုခါရီ၊မွတ်စ်လင်မ်)
အာယသ်၏အဓိပ္ပါယ်မှာ အသင်တို့၏သိရှိမှုသည်
အလ္လာဟ်အရှင်၏သိရှိမှုနှင့် ယှဉ်လျင်
အလွန်နည်းပါးသည်။ ထို့ပြင် အသင်တို့
မေးမြန်းနေသော ဤရူးဟ်နှင့်ပတ်သက်သည့်
သိရှိမှုကိုတော့ အလ္လာဟ်သည် နဗီတမန်တော်များအပါအဝင် မည်သူ့ကိုမျှ မချီးမြှင့်ထားပေ။
ဤမျှခန့် မှတ်ယူလိုက်ရမည်မှာ ဤသည် ကျွန်ုပ်၏ဖန်ဆင်းရှင်၏ အမိန့်ဖြစ်သည် သို့မဟုတ် ကျွန်ုပ်၏ဖန်ဆင်းရှင်သာလျင် သိရှိသော ၎င်း၏ တန်ခိုးတော်တစ်ရပ် ဖြစ်သည်။
လူသားသေဆုံးပြီးနောက် ၎င်း၏ရူးဟ်ဝိဉာဉ်သည် ဒွန်ယာလောကသို့တဖန်ပြည်လည်၍ လာရောက်ကြောင်း အကီဒဟ်ယုံကြည်ချက်သည် အစ္စလာမ့်အကီဒဟ်နှင့် မည်သို့မျှ မပတ်သက်ပေ။
ဤသည် သီးသန့် ဟိန္ဒူတို့၏အကီဒဟ်တစ်ရပ် ဖြစ်သည်။
၎င်းအကီဒဟ်သည် မီဒီယာ၏အကြောင်းခံဖြင့် အစ္စလာမ်သာသနာဝင်များအတွင်း၌လည်း ကျယ်ပြန့်ခိုင်မာလာနေပါသည်။
၎င်း၏ လောလောလတ်လတ်ပမာမှာ ၂၀၁၈ ဇူလိုင် ၁ရက်နေ့တွင် ဒေလီမြို့၏ ဘုရာဒီဖဲမ်လီမှ လူ၁၁ဦးတို့ တစ်ပြိုင်တည်း မိမိတို့ကိုယ်ကိုသတ်သေခြင်း အဖြစ်အပျက် ဖြစ်သည်။
ရဲတပ်ဖွဲ့က ၎င်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးသောအခါ ကိုယ်ရေးဆိုင်ရာဒိုင်ယာရီတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ဒိုင်ယာရီကို ကြည့်လိုက်သောအခါ သိရသည်မှာ ၎င်းတို့၏ သေသူဖခင်၏ဝိဉာဉ်သည် ပြန်လာပြီး ၎င်းတို့ကို အကြိမ်ကြိမ်ပြောသည်မှာ
" موکشا سیلویشن " ဆိုလိုသည်မှာ လွတ်မြောက်မှုရရန်အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို သတ်သေရမည် ဖြစ်သည်
။ ထို့ကြောင့် ၎င်းအတိုင်းပင် လိုက်နာလျက် ၁၁ယောက်စလုံးသည် တစ်ပြိုင်တည်း သတ်သေခဲ့သည်။
သို့သော် ဝမ်းနည်းစွာဖြင့် ပြောနေရသည်မှာ သေပြီးနောက်တွင်လည်း လူ၏ဝိဉာဉ် ပြန်လာသည် ဆိုသော ဤအကီဒဟ်သည် ယနေ့ ဟိန္ဒူများအတွင်းသာလျင် မဟုတ်ဘဲ တခြားသော မြောက်များစွာသော မှားယွင်းသည့်ဘာသာများနှင့်အတူ မွတ်စ်လင်မ်များအတွင်း၌လည်း တွေ့ရှိနေရသည်။
မြောက်များစွာသော မွတ်စ်လင်မ်များ ကြွေးကြော်ကြသည်မှာ ၎င်းတို့၏ သေသူအဖိုး၏ဝိဉာဉ်သည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်း လာရောက်သည်
။ ထို့ပြင် ၎င်း၏အသံဖြင့် ၎င်း၏လေယူလေသိမ်းတွင် စကားပြောနေလေ့ရှိသည်။
ထို့ပြင် လူတို့ လုံးဝမသိသောအရာများ ဆိုလိုသည်မှာ မြောက်များစွာသော အကွယ်မှစကားများအား ပြောပြနေလေ့ရှိသည်။
ထို့ပြင် မြောက်များစွာသော မွတ်စ်လင်မ်များ ကြွေးကြော်ကြသေးသည်မှာ သေသူဘာဘာ သို့မဟုတ် ပီးရ်ဆွာဟိဗ်သည် ၎င်းတို့၏အိပ်မက်တွင် ရောက်လာပြီး အမိန့်ပေးသည်မှာ ၎င်းတို့ကဗရ်အပေါ်တွင် အမှတ်လက္ခဏာ သို့မဟုတ် အမိုးခုံး တည်ဆောက်ပါ။
သို့မဟုတ်ပါက ၎င်းတို့အပေါ် ဘေးဘလာကျရောက်နိုင်သည်။
ဤမျှမကသေး၊ မြောက်များစွာသော မွတ်စ်လင်မ်များ ယုံကြည်ချက်ထားကြသေးသည်မှာ
ရှအ်ဗာန် ၁၅ည ဆိုလိုသည်မှာ ရှဗေဗရာအသ်တွင်
သေသူများ၏ဝိဉာဉ်များ ပြန်လာကြသည်။
ထို့ကြောင့် ရှင်သူများသည် မိမိတို့၏သေသူများအတွက် ၎င်းတို့ ဒွန်ယာလောကတွင် ကြိုက်နှစ်သက်ခဲ့သော အကောင်းဆုံးအစားအစာများအား ပြုလုပ်၍ထားကြသည်။
အဘယ်မျှဆိုရသော် ကျေးလက်တောရွာများတွင် ၎င်းတို့အတွက် စီန္ဒီမုန့်၊ အရက်နှင့် စီးဂရက်ကဲ့သို့သော အရာများကိုလည်း ထားကြသည်။
ယခု မေးစရာပေါ်လာသည်မှာ သေပြီးနောက် လူသား၏ဝိဉာဉ်သည် မည်သည့်နေရာသို့ သွားသနည်း?
အကယ်၍ လူကြီးမင်းသည် ဟဒီးဆ်တော်များအား သေချာစွာ လေ့လာမည်ဆိုလျင် သိရှိရမည်မှာ သေပြီးနောက် လူတို့၏ဝိဉာဉ်များသည် ဗရ်ဇခ်လောကသို့ ရောက်ရှိသွားသည်။
ထို့နောက် ၎င်းတို့အနက် ကောင်းမြတ်သောဝိဉာဉ်များအား အိလ္လီယီးန်တွင် ထားခြင်းခံရသည်။
မကောင်းသောသူများ ဆိုလိုသည်မှာ မွတ်ရ်ှရိက်၊ ဖာစိက်၊ ဖာဂျိရ်နှင့် ကာဖိရ်တို့၏ ဝိဉာဉ်များအား စိဂ်ျဂျီးန်တွင် ထားခြင်းခံရသည်။
အလ္လာဟ်အရှင်မြတ်က စူရဟ်မုသွဖ္ဖိဖီးန်တွင် အမိန့်ရှိသည်မှာ
’’ کلّا اِنَّ کِتَابَ الفُجَّارِ لَفِیْ سِجِّیْن ‘‘ ရှေ့ဆက်၍ အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိသည်မှာ
’’ کَلَّا اِنَّ کِتَابَ الاَبْرَارِ لَفِیْ عِلِّیِّیْن ‘‘ သို့ရှိရာ သိရှိရသည်မှာ သေပြီးနောက် လူသား၏ဝိဉာဉ်သည် လှည့်လည်မနေဘဲ ကောင်းသောဝိဉာဉ်သည် အိလ္လီယီးန်သို့ ရောက်ရှိသွားပြီး ဖာစိက်၊ ဖာဂျိရ်၊ ကာဖိရ်နှင့် မုရ်ှရိက်တို့၏ ဝိဉာဉ်သည် စိဂ်ျဂျီးန်သို့ ရောက်ရှိသွားသည်။
ယခု မေးစရာပေါ်သည်မှာ ကျွန်ုပ်တို့တွေ့မြင်ကြသော သေသူများ၏အရိပ်နှင့် ပုံသဏ္ဍာန်များ သို့မဟုတ် ကြားကြသောအသံများမှာ အဘယ်အရာနည်း?
အကယ်၍ ဤသည် ရူးဟ်ဝိဉာဉ်မဟုတ်ပါက တခြားမည်သည့်အရာ ဖြစ်သနည်း?
ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင်
တမန်တော်မြတ်(صلى الله عليه وسلم) အမိန့်ရှိသည်မှာ
"လူသားတိုင်းနှင့်အတူ ဂျင်န်ကလေးတစ်ယောက် မွေးဖွားလေ့ရှိသည်"
၎င်းကို ကရီးန်(အဖော်)ဟု ခေါ်သည်။
ဆွဟာဗဟ်သာဝကများ(رضي الله عنهم)က
တမန်တော်မြတ်(صلى الله عليه وسلم)အား မေးမြန်းသည်မှာ
"ယာရစူလလ္လာဟ်! ၎င်းသည် ကိုယ်တော်နှင့်အတူလည်း ရှိပါသလား?"
တမန်တော်မြတ်(صلى الله عليه وسلم) အမိန့်ရှိသည် "မှန်သည်၊ ငါကိုယ်တော်နှင့်အတူလည်း ရှိသည်၊
သို့သော် ၎င်းသည် မွတ်စ်လင်မ်ဖြစ်ခဲ့ပြီး ဖြစ်သည်" ၎င်းသည် ငါကိုယ်တော့်အား ကောင်းမြတ်သောစကားကိုသာလျင် ပြောဆိုပါသည်။
သို့ရှိရာ သိရှိရသည်မှာ လူသားတိုင်းနှင့်အတူ ကရီးန်ဟုခေါ်သော ဂျင်န်ကလေးတစ်ယောက် မွေးဖွားလေ့ရှိသည်။
အလ္လာဟ်အရှင်မြတ်သခင်သည် ကုရ်အာန်ကျမ်းမြတ်တွင် ကရီးန်အကြောင်း မိန့်ဆိုလျက် အမိန့်ရှိသည်မှာ
’’وَ مَنْ یَّعْشُ عَن ذِکرِ الرَّحمٰنِ نُقَیِّضْ لَہٗ شَیطَاناً فَھُوَ لَہٗ قَرِینٌ ‘‘ အလ္လာဟ်အရှင်မြတ်သခင်သည် ဤနေရာတွင် ကရီးန်အကြောင်း မိန့်ဆိုထားသည်။ ကရီးန်ဆိုသည်မှာ လူကြီးမင်းတို့နှင့်အတူ
အမြဲတမ်းရှိနေသောဂျင်န် ဖြစ်သည်။
လူကြီးမင်းသွားသည့်နေရာတိုင်းသို့ ၎င်းသည် လူကြီးမင်းနှင့်အတူ လိုက်လေ့ရှိသည်။
ဤသည့်အတွက်ကြောင့် တမန်တော်မြတ်(صلى الله عليه وسلم)သည် ကျွန်ုပ်တို့အား အချိန်အခါအမျိုးမျိုး၏ ဒုအာများကို ပြသပေးထားသည်။
အိမ်သာမသွားခင်ဒုအာ၊
ထမင်းမစားခင်ဒုအာ
အဘယ်မျှဆိုသော် ဇနီးနှင့်အတူ ပေါင်းသင်းဆက်ဆံသည့်ဒုအာပါမကျန် သင်ပေးထားပါသည်။
လူသားသေဆုံးသွားသည့်အခါ ၎င်း၏ကရီးန်သည် မသေဆုံးဘဲ ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေလေ့ရှိသည်။
ထို့ပြင် ရှိုက်သွာန်များနှင့် ဂျင်န်များ၏ ရည်ရွယ်ချက်မှာ လူသား၏ယုံကြည်ချက်များအား ပျက်ပြားစေပြီး ၎င်းတို့ကို လမ်းမှားရောက်စေရန် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် ပြန်လာပြီး မိသားစုဝင်တစ်ဦးဦး၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး ၎င်း၏လေယူလေသိမ်းနှင့် ၎င်း၏အသံဖြင့်သာ စကားပြောဆိုကြသည်။
၎င်းတို့ ပြောကြသည်မှာ ဘယ်ဘယ်နေရာ၌ ငါသည် ဥစ္စာရတနာများ ဝှက်ထားခဲ့သည်၊
ဘယ်နေရာ၌ ဘယ်ပစ္စည်းကို ထားခဲ့သည်၊
မည်သူမည်ဝါက ကျွန်ုပ်အား သတ်ခဲ့သည်၊
မည်သူမည်ဝါက ကျွန်ုပ်အား အဆိပ်ခပ်ခဲ့သည် အစရှိသည်များ။
ဤအရာအားလုံးသည် အကွယ်နှင့်ဆိုင်သောအရာများ ဖြစ်သည်။
ထိုအတွက်ကြောင့် လူများသည် အံ့အားသင့်သွားကြပြီး အမှန်တကယ် ဘာဘာ သို့မဟုတ် ဒါဒါ သို့မဟုတ် မာမာ၏ ရူးဟ်ဝိဉာဏ် ပြန်လာခြင်းဖြစ်ကြောင်း မလွဲသာမရှောင်သာ လက်ခံလိုက်ကြရသည်။
ဤသည်မှပင် အကျိုးအမြတ်ခံစား၍ ရှိုက်သွာန်များနှင့် ဂျင်န်များသည် လူသားအား ရှိရ်က်ပြုလုပ်စေသည်။
ရှိရ်က်ဆိုသည်မှာ ၎င်းကိုကျူးလွန်ခြင်းကြောင့် အလ္လာဟ်သည် လူသားအပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ် သတ်မှတ်လေ့ရှိသော ဂုနာဟ်မျိုးဖြစ်သည်။
အလ္လာဟ်အရှင်မြတ် အမိန့်ရှိသကဲ့သို့ ’’ اِنَّہٗ مَن یُشرِکْ بِا للّٰہِ فَقَدْ حَرَّمَ اللہُ عَلَیہِ الجنَّةَ ‘‘ မုချဧကန် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်ကိုးကွယ်သောသူအပေါ် အလ္လာဟ်အရှင်မြတ်သခင်သည် ဂျန္နသ်ကို ဟရာမ်ပြုလုပ်လိုက်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ကောင်းစွာသိထားရမည်မှာ ကျွန်ုပ်တို့တွေ့မြင်ရသော အရိပ်များ သို့မဟုတ် ကြားရသောအသံများသည် အမှန်စင်စစ် ရှိုက်သွာန်များနှင့် ဂျင်န်များဖြစ်သည်။
၎င်းတို့သည် သေသူ၏ပုံသဏ္ဍာန် ဖန်တီး၍ သို့မဟုတ် ၎င်း၏အသံဖန်တီး၍ စကားပြောကြသည်။
လူတို့က ၎င်းကို သေသူ၏ဝိဉာဉ်ဖြစ်သည်ဟု မှတ်ယူလိုက်ကြသည်။
လူကြီးမင်းတို့ စဉ်းစားခဲ့ဖူးမည့်အချက်တစ်ချက်မှာ
တစ်ခါတစ်ရံ လူကြီးမင်းတို့သည် ဘာဘာ သို့မဟုတ်
သူတော်စဉ်တစ်ဦးတစ်ယောက်ထံသို့ သွားကြသည့်အခါ ၎င်းသည် လူကြီးမင်းအား တွေ့တွေ့ချင်း လူကြီးမင်း၏ လူမသိသောအရာများအား ပြောပြတော့သည်။
၎င်းတို့ ပြောသည်မှာ လူကြီးမင်း၏အိမ်တွင် ဤကိစ္စဖြစ်နေသည်၊
လူကြီးမင်း၏မိသားစုတွင် လူဘယ်နှစ်ယောက် ရှိသည်၊ လူကြီးမင်း၏အိမ်တွင် အခန်းဘယ်နှစ်ခန်း ရှိသည် စသည်စသည်များ။ ဤအရာအားလုံးကို ၎င်းတို့ မည်သို့သိကြသနည်း?
ကျွန်ုပ်တို့ သိရှိပြီးဖြစ်သည်မှာ လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်စေ၊ မွတ်စ်လင်မ်မဟုတ်သူ ဖြစ်စေ၊ လူသားတိုင်းနှင့်အတူ ကရီးန်တစ်ယောက် ရှိသည်။
ထို့ကြောင့် မှော်ဆရာတို့သည် မိမိတို့၏ အောက်လမ်းပညာဖြင့် ၎င်းတို့၏ကရီးန် သို့မဟုတ် ဂျင်န်များနှင့် စကားပြောဆိုကြသည်။
၎င်းဂျင်န်များသည် လူကြီးမင်း၏ကရီးန်အား မေးမြန်းကြပြီး ဤအရာအားလုံးကို မှော်ဆရာများအား အသိပေးကြသည်။
၎င်းတို့ထံ လူကြီးမင်းတို့သွားကြသောအခါ ၎င်းတို့သည် လူကြီးမင်းတို့အား ချက်ချင်းဆိုသလို အကွယ်၏စကားများ ပြောပြတော့သည်။
ဤသည်ကို နားထောင်ပြီး လူကြီးမင်းတို့ အံ့သြမဆုံးဖြစ်သွားကြပြီး ဤသူသည် ခရီးအလွန်ရောက်နေသောဘာဘာ ဖြစ်သည်ဟု ခံစားသိမြင်ကြတော့သည်။
အိမာမ် အဟ်မဒ်ဗင်န်ဟန်ဘလ်(رحمه الله)၏ ခေတ်အခါတွင် ဤကဲ့သို့ပင် ဖြစ်ပျက်ခဲ့သည်။
၎င်းမှာ လူတစ်ယောက်ရောက်လာပြီး ပြောသည်မှာ အသင်တို့သည် ဂျုံစေ့များကို ရေတွက်၍ယူလာကြပါ၊
ကျွန်ုပ်သည် အသင်တို့၏အိတ်တွင် ဂျုံစေ့ဘယ်နှစ်စေ့ ရှိသည်ကို အိတ်ကို တွေ့သည်နှင့်ချက်ချင်း ပြောပြလိုက်မည်။
လူအားလုံးက မိမိတို့၏ အိတ်ကိုယ်စီ ယူလာကြသောအခါ ၎င်းက လူတို့ကို ပြောပြသွားသည်။
သို့သော် အိမာမ် အဟ်မဒ်ဗင်န်ဟန်ဘလ်(رحمه الله)က မိမိ၏အိတ် ယူလာသောအခါ ၎င်းက မပြောပြနိုင်ခဲ့ပေ။
ထိုအခါ အိမာမ် အဟ်မဒ်ဗင်န်ဟန်ဘလ်(رحمه الله)က ပြောသည်မှာ "အသင်သည် မှော်ဆရာဖြစ်သည်၊
ဤနေရာမှ ထွက်သွားလိုက်ပါ သို့မဟုတ်ပါက ကျွန်ုပ်သည် အသင်နှင့်ပတ်သက်၍ ခလီဖဟ်(သမ္မတ)အား တိုင်ကြားလိုက်မည်" ထိူသူ ထွက်သွားလိုက်သည်။
လူတို့ကမေးမြန်းသည်မှာ ကျွန်ုပ်တို့၏ အိတ်ထဲတွင် ဂျုံစေ့မည်မျှရှိသည်ကို ၎င်းက ပြောပြနိုင်ခဲ့သော်လည်း ဆရာကြီး၏အိတ်ထဲရှိ ဂျုံစေ့အရေအတွက်ကို အဘယ်ကြောင့် မပြောပြနိုင်ခဲ့သနည်း?
ထိုအခါ အိမာမ် အဟ်မဒ်ဗင်န်ဟန်ဘလ်(رحمه الله)က ပြောသည်မှာ အသင်တို့သည် ရေတွက်၍ ယူလာခဲ့သည်၊
သို့သော် ကျွန်ုပ်သည် (မရေတွက်ဘဲ)အပြည့်ဖြည့်လာခဲ့သည်၊ သို့ရှိရာ ကျွန်ုပ်၏ကရီးန်သည် မရေတွက်နိုင်ခဲ့သောကြောင့် မှော်ဆရာ၏ကရီးန်သည် ၎င်းထံမှ သိရှိမှု မရယူနိုင်ခဲ့ပါ။
ဤအမှန်တရားများအားဖြင့် ပေါ်လွင်ထင်ရှားသွားသည်မှာ လူသားသေဆုံးပြီးနောက် ၎င်း၏ရူးဟ်ဝိဉာဏ်သည် ဒွန်ယာလောကသို့ တဖန်ပြန်လာကြောင်း အကီဒဟ်ယုံကြည်ချက်သည်
အစ္စလာမ့်အကီဒဟ်ယုံကြည်ချက်များနှင့် လားလားမျှ မပတ်သက်ပါ။
ဤသည် ကျွန်ုပ်တို့၏ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွင်လည်း ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့် ရုပ်မြင်သံကြားတို့၏အကြောင်းခံဖြင့် ပျံ့နှံ့လျက်ရှိသော မုရ်ှရိက်တို့၏အကီဒဟ်တစ်ရပ် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုသည်မှာ အရှင်မြတ်သည် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတိုင်းအား မှားယွင်းသောအကီဒဟ်များမှ ထိန်းသိမ်းကာကွယ်တော်မူပါစေ၊ အာမီးန်။
စုစည်းတင်ပြသူ: အဘုလ္လိုင်းစ်ဗင်န်အဗ်ဒုလ်မဂျီးဒ်၊
ဖိရ်ဒေါင်စ်နဂရ်၊ သဲန်ဂန်ဂန်ဒီ၊ ဘဟ်တ်ကလ်။
မြန်မာဘာသာပြန်: မင်း ထက်အောင်@Raihaan Akoojee
Deen For Muslimeen
0 تعليقات