့
ဟိဂ်ျရသ်ခရီးစဉ်မှာ ဟဇရသ်အဗူဗကရ်(ရသွေ)
စောင်ရ်မည်သောလှိုင်ဂူတွင် သခင်ရဲ့ခြေတော်ကို
ကိုက်ခဲ့သောမြွေအကြောင်း ကြားဖူးကြတယ်။
တကယ်တော့ ၎င်းမြွေကြီးက မြတ်နဗီ(ဆွ)ကို
အလွန်ချစ်ခင်ခဲ့တဲ့မြွေကြီးတစ်ကောင်ဖြစ်ပဲဖြစ်တယ်။
ဆင့်ပြန်ချက်များတွင် လာရှိသည်မှာ... ..
တစ်နေ့သောအခါ တမန်တော်အီစာ(အလိုင်း)
သခင်ထံတော်ပါးသို့ မြွေကြီးတစ်ကောင်ရောက်ရှိ
လာပြီးလျှောက်ထားတယ်။
အိုး... အလ္လာဟ်ရဲ့နဗီ မက္ကဟ်မြို့တော်သို့
အဘယ်လမ်းကနေ သွားရပါသလဲ...?
တမန်တော်အီစာ(အလိုင်း)သခင်က အံ့အားသင့်၍
မိန့်ကြားသည်မှာ...
အိုး...မြွေ အသင် မက္ကဟ်မြို့တော်ကို
အဘယ်ကိစ္စကြောင့် သွားရောက်လိုပါသလဲ.... ?
ထိုအခါ မြွေကြီးက မိမိရဲ့အချစ်များကို ထုတ်ဖော်
တင်ပြလေသည်။ ကျနော်မျိုးက နှစ်ပေါင်း
ခြောက်ရာနောက်မှ ပွင့်ပေါ်လာမယ့် မုဟမ္မဒ်(ဆွ)
အားနှလုံးသားထဲကနေ ချစ်ခင်စွဲလန်းနေသူပါ။
မြတ်နဗီ(ဆွ)နှင့် ဆုံစည်းနိုင်ဖို့ မျှော်လင့်နေသူပါ
ယခုမူ ကျနော့်ရဲ့အချစ်တွေက ပို၍လွှမ်းမိုး၍လာ
နေတယ်။
ကျနော်ကြားဖူးတယ်
ကျနော်ချစ်ရတဲ့ ကိုယ်တော်မြတ်(ဆွ)က
မက္ကာဟ်မြို့တော်ရဲ့ လှိုင်ဂူတစ်ခုအတွင်းသို့
ကြွမြန်းရောက်ရှိလာပြီး ထိုနေရာမှ မဒီနဟ်
မြို့တော်သို့ ဟိဂ်ျရသ် ပြောင်းရွှေ့တော်မူမည်။
ထိုဟိဂ်ျရသ် ခရီးစဉ်တွင် တောင်တစ်ခုရဲ့
အတွင်းရှိ စောင်းဝ်ရ် မည်သောလှိုင်ဂူတွင်
ခရီးတစ်ထောက်နားတော်မူမည်။
မက္ကဟ်မြို့တော်မှ မဒီနဟ်မြို့တော်သို့
သွားရောက်ရာ ထိုနေရာသည်
လူသူကင်းဝေးပြီး ခေါင်သောနေရာလည်း
ဖြစ်၍ ကျနော့်မှာ မိမိချစ်ရတဲ့သူနဲ့
ဆုံစည်းနိုင်ပြီး ဖူးမြော်နိုင်ဖို့အတွက်
တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်ပါတယ်။
ယင်းလှိုင်ဂူသို့ အရောက်သွားပြီး ကျနော်ချစ်ရတဲ့
မြတ်နဗီ(ဆွ)ကို ကြိုဆိုစောင့်စိုင်းလိုသောကြောင့်
အသင်တမန်တော်(အလိုင်း)အား လမ်းညွှန်မေး
မြန်းရခြင်းဖြစ်ပါတယ်။
ထိုအခါ တမန်တော်အီစာ(အလိုင်း)သခင်က
မိန့်သည်မှာ... .. ကျွန်ုပ်နှင့် တမန်တော်မုဟမ္မဒ်(ဆွ)
အကြားနှစ်ပေါင်း ခြောက်ရာဝေးကွာပါတယ်
အသင် ထိုအချိန်အကြာထိ စောင့်စိုင်းနေမှာလား...?
မြွေကြီးက လျှောက်ထားသည်မှာ... ..
နှစ်တွေကတော့ အလွန် ရှည်လျားပါတယ်
ဒါပေမယ့် ကျနော်မျှော်လင့်ချက်မမဲ့ပါသွားပါဘူး
ဒါ့ကြောင့် ကျနော့်ကို လမ်းပြပေးပါ။
ကျနော် မြတ်နဗီ(ဆွ)နှင့် ဆုံးစည်းဖူးမြော်ခွင့်
ရဖို့အလွန် စိတ်အားထက်သန်နေသူမို့ပါ။
မြွေကြီးက ထိုဂါရေစောင်ဝ်ရ် လှိုင်ဂူသို
့ရောက်ရှိသွားပြီး ထိုလှိုင်ဂူတွင် ကျင်းပေါက်ပေါင်း
(70)ကိုဖောက်လုပ်ခဲ့တယ်။ ကျင်းပေါက်တွေ
ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အကယ်၍
ကျင်းပေါက်တစ်ပေါက်မှ ဖူးမြော်ခွင့်မရခဲ့ဘူးဆို
နောက်ကျင်းပေါက်တစ်ပေါက်မှ ဖူးမြော်နိုင်ဖို့
အတွက် ဖောက်ထားရခြင်းပဲဖြစ်တယ်။
မိမိကဲ့သို့ပင် နောက်ထပ် ချစ်ခင်နေတဲ့သူ
လှိုင်ဂူတွင်ဆုံမည်ဆိုပါက အတားအဆီး
မဖြစ်ရလေအောင် ကျင်းများပြုလုပ်ထား
ရခြင်းပဲဖြစ်တယ်။
သို့ရှိရာ ဟဇရသ် အဗူဗကရ်(ရသွေ)သခင်က
ကျင်းပေါက်အားလုံးကို ပိတ်ဆို့ခဲ့တယ်။
ကျင်းပေါက်တစ်ပေါက် ပိတ်ဆို့ရန်ကျန်နေတဲ့
အခါ သခင်ကြီးက မိမိရဲ့ခြေဖနောင့်ဖြင့်
ပိတ်လိုက်တယ်။
မြွေကြီးက ဟဇရသ်အဗူဗကရ်(ရသွေ)သခင်ရဲ့
ခြေထောက်ကို တိုးဝှေ့ကာ ခြေထောက်ဖယ်ရှားဖို့
ကြိုးစားခဲ့ပေမယ့် ဟဇရသ် အဗူဗကရ်(ရသွေ)
သခင်ကခြေထောက်ကို မဖယ်ရှားခဲ့ပေ။
နောက်ဆုံး မြွေကြီးဟာ ရွေးချယ်စရာလမ်း
မရှိလှအဆုံး သခင်ကြီးရဲ့ခြေတော်ကို
ပေါက်ခဲ့တယ်။ မြွေကြီးက အကြိမ်အခါခါ
ပေါက်ပေမယ့် သခင်ကြီးက မိမိခြေထောက်ကို
မဖယ်ရှားပဲတောင့်ခံထားလေသည်။
ထိုသို့တောင့်ခံထားရင်း အဆိပ်နှင့် နာကြင်မှုဒဏ်
ကြောင့်မျက်ရည်များကျခဲ့ရာ မြတ်နဗီ(ဆွ)ရဲ့
ပါးပြင်တော်အပေါ် မျက်ရည်ကျလေရာ မြတ်နဗီ(ဆွ)
အိပ်ပျော်နေရာမှ နိုးလာတော်မူခဲ့တယ်။
ထို့နောက်ဖြစ်ကြောင်းကုန်စင်ကို သိရှိတော်မူ၍
မြွေကြီးလည်းမြတ်နဗီ(ဆွ)နှင့် ဆုံစည်းခွင့်ရရှိခဲ့
လေသည်။
Copy Barakat Khan မအားရိဂျွန်နုဗူဝါဟ်
တွဲ ၄/ စာမျက်နှာ- ၈
0 تعليقات