Ad Code

Assalamualikum

တောက်ပသော ဘဝ အောင်မြင်မူကို ပျက်စီးစေသည့် လုပ်ရပ် ၅ချက်


တောက်ပသော ဘဝ အောင်မြင်မူကို
ပျက်စီးစေသည့် လုပ်ရပ် ၅ချက် 

ဤ၅ချက်ထားရှိခဲ့လျင်.....

၁ ။ မာန်မာနထားရှိခြင်း ⭕

မာန်မာန ထားရှိခြင်းသည် အလ္လာဟ်ရှင်မနှစ်မြို့
သောကြောင့် ထိုသူ့အပေါ် အလ္လာဟ်ရှင်မြတ်၏
ရဟ်မသ်တော်နှင့် အောင်မြင်မူကို
အလ္လာဟ်ရှင် ကိုယ်တိုင် ရုပ်သိမ်းတော်မူမည်

၂ ။ ဘဝမေ့ခြင်း ⭕

ဘဝမေ့ခြင်းသည် အလ္လာဟ်ရှင်အပေါ်
ကျေးဇူးကန်းခြင်းနှင့် တူတူပါပဲ
ရရှိတဲ့ဘဝအနေထားမှာ ကျေနပ်စွာနေထိုင်ခြင်းသည်
အလ္လာဟ်ရှင်အပေါ် ကျေးဇူးတင်ခြင်းနှင့်တူတူဖြစ်၏ 

၃ ။ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း ⭕

မိမိကိုယ်ကို ငါ ငါ ငါ ဆိုပြီး ဂုဏ်မောက်
အထင်ကြီးတဲ့သူကို အလ္လာဟ်ရှင်မြတ်က
ထိုသူ၏ နူရ်ကို ရုပ်သိမ်းတော်မူပြီး
ထိုသူ၏ နှလုံးသားကို မဲမှောင်စေလိုက်ပေမည် ။

၄ ။ မာကြောခက်ထန်စွာ အထက်ဆီးဆက်ဆံခြင်း ⭕

ထိုကဲ့သို့ တခြားသူအပေါ် အထက်ဆီးဆန်စွာ
ခက်ထက်ပြီး ဆက်ဆံပြောဆိုသူသည်
အလ္လာဟ်ရှင်ထံတော်တွင် အဆင့်တန်း အနိပ့်ကျဆုံး
သူဖြစ်ပေမည် ၊ ထိုသူ့အပေါ် အလ္လာဟ်ရှင်
သေးသိမ်တဲ့ ဘဝကိုပေးတော်မူခြင်းခံရမည် ။
ယိုကျိုးခယစွာ နိပ့်ချပြောဆိုတက်သူသည်
အလ္လာဟ်ရှင်မြတ်ထံတော်တွင် အဆင့်တန်း
အမြင့်မားဆုံး ရရှိပေမည် ။

၅ ။ အထင်သေးခြင်း မကောင်းပြောခြင်း ⭕

တခြားသူအပေါ် စွပ်စွဲပြောဆိုခြင်း သိက္ခာကျအောင်
ပြုလုပ်ခြင်း ဆဲဆိုရိုင်းပြခြင်း အထင်သေးခြင်း
ကဲ့ရဲ့ခြင်းတို့သည် အလ္လာဟ်ရှင်က ထိုသူ့အပေါ်
ဤထက်ဆိုးတဲ့ ဘဝက်ို လောက၌ ပေးခံစား
တော်မူပေလိမ့်မည် ။

အင်ရှာအလ္လာဟ် ။ ဤ၅ချက်ကို ရှောင်ကျဉ်ပြီး
ဆွဗရ်တရားနှင့် နေထိုင်ခဲ့မည်ဆိုလျင်
မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ထိုသူ့၏ ဂုဏ်
အဆင့်တန်းကို မြင့်ပေးတော်မူသာမက
ထိုသူ၏ နူးရ်လင်းမူ ထိူသူ၏အောင်မြင်မူတို့ကို
အလ္လာဟ်ရှင် ပေးတော်မူပေမည် ။

Aameen 

Min Naing Aung iKM

إرسال تعليق

0 تعليقات

Close Menu