Ad Code

Assalamualikum

ကိယာမသ်နီးကပ်လာခြင်း





السلا م عليكم ورحمةالله وبركاته
အိန္ဒိယနိုင်ငံမှ ကြွရောက်လာတဲ့ ဧည့်သည်တော် ဆရာသခင်ကြီး ဟောကြားသော ကိယာမသ်နီးကပ်လာခြင်း အကြောင်းကို ဤဗယာန်တွင်ဟောကြာထာပါတယ်။ 
ဤဗာယာန်ကို အူရဒူမှ မြန်မာသို့ ပြန်ဆိုရေးသားသောဆရာ ဟာဖီဇ် မုဟမ္မဒ် ရိုင်ဟားန် အာကူဂျီး အား အခက်အခဲအမျိုးမျိုးကြောင့် ခွင့်ပြုချက်မတောင်းခဲ့ရသည့်အတွက် ဆရာအားအထူးပင် တောင်းပန်အပ်ပါသည်။
         မိတ်ဆွေတို့ ကိယာမသ်ဟာ အလွန်နီးကပ်လို့ နေပါပြီ။ ဒီစကားကို စိတ်ကမယုံမရှီဖြစ်နေမယ်ဆိုရင် အလ္လာဟ် အရှင်မြတ်နဲ့ အိစ်သိခါရဟ်လုပ်ကြည့်ပါ။ ကိယာမသ်ရဲ့ လက္ခဏာတွေဟာ လက္ခဏာအသေးတွေနဲ့ လက္ခဏာအကြီးတွေဆိုပြီး နှစ်မျိုးရှိတယ်။ လက္ခဏာအသေးတွေအာလုံးဖြစ်ခဲ့ပြီးပြီ။ အခုလက္ခဏာအကြီး တွေထဲကိုဝင်သွားပါပြီ။ 

မိရှီကားသ်ကျမ်းထဲမှာ ကိယာမသ်ရဲ့လက္ခဏာအသေးပေါင်း မြောက်များစွာဖော်ပြထားပြီး နောက်ဆုံးမှာဖြစ်မယ့် လက္ခဏာနှစ်ခုပြထားတယ် ပထမတစ်ခုက ကိယာမသ်နီးလာပြီးဆိုရင် အလ္လာဟ်အရှင်မြက်ဟာ အချိန်တွေထဲကနေ ဗရ်ကသ်ကို ရုတ်သိမ်းလိုက်မယ်။ 

တစ်နှစ်ဟာ တစ်လ လောက်ပဲကြာမယ်။ 

တစ်လဟာ တစ်ပတ်လောက်ပဲကြာမယ်။ 

အခုကြည့်ပါ ကျွန်တော်တို့ အားလုံးလက်တွေ့ခံစားနေရတဲ့ အချက်ပဲမဟုတ်ဘူးလား မနှစ်က ကုရ်ဘာနီလာပြီး ကုန်သွားတာ တစ်လလောက်ပဲရှိသေးတယ်။ အခုကုရ်ဘာနီ ပြန်ရောက်လာပြီးလို့ အားလုံးခံစားရတာအမှန်ပဲ။

 တစ်ပတ်ဟာ တစ်ရက်လောက်ပဲ ထင်နေရတယ်။ မလွဲဧကန် ဒါကတော့ဖြစ်နေပြီပဲ။  

ဒူတိယတစ်ခုက လောကကြီးမှာ လိမ်လည်မူတွေ၊အရက်သေစာသောက်စာမူတွေ၊လောင်ကစားမူတွေ၊သီဆိုကပြမူတွေ၊ဇိနဟ်ကျွုလွန်မူတွေး များပြားလာပြီဆိုရင် အဲဒီနောက်မှာငလျင်လုပ်မယ့်နှစ်တွေဆက်တိုက်ဖြစ်ပေါ်လာမယ်လို့လာရှီတယ်။

        ကျွန်တော်ဟာ ၂၀၀၇ခုနှစ်ကတည်းက နေ့စဉ်မပျက်အင်တာနက်မှာကြည့်တယ်။ ငလျင်တွေဟာ တစ်နေ့ထက်တစ်နေ့ပိုဆိုး ပိုများလာတယ်။ တချို့ရက်တွေဆိုရင် တစ်ရက်တည်တည်းကို ကမ္ဘာတစ်ခုလုံးမှာ ငလျင်ပေါင်း ၈၀၊ ၁၀၀ ကျော် ၂၀၀ အထိလုပ်ခဲ့တယ်။ အခုလည်းပဲနေ့စဉ် ကမ္ဘာနဲ့အဝှမ်းမှာ ငလျင်တွေဆက်တိုက်လပ်နေတယ်။ 

မယုံရင်အင်တာနက်မှာ Google ရိုက်ပြီး The latest earth-quakes in the earth ဆိုပြီး Search လပ်ကြည့်ပါ။ အဒီမှာ EMSC ဆိုတဲ့ Website မှာကြည့်လိုက်ပါ။ အခုပဲကရ်ှမီးရ်မှာ ငလျင်လှူပ်သွားတာ ကရ်ှမီးရ်မြို့တစ်ဝက်ကို လှုပ်ခါသွားစေတယ်။ Parlis မှာငလျင်လှုပ်သွားတာမြို့ရဲ (၄)ပုံ(၃)ပုံရေပိုက်လိုင်း တွေကို အလ္လာအရှင်မြက်သခင်က ရိုက်ချိုးပစ်လိုက်တယ်။ မြေပထဝီကြီးရဲ့အောက် ၂၃ကီလိုမီတာအထိ ငလျင်လှုပ်သွားတယ်။ 
သိပ္ပံပညာရှင်တွေရဲ့ပြောဆိုချက်အရအကယ်လို့သာ ဒီငလျင်ဟာ အပေါ်ကိုတက်လာမယ်ဆိုရင် Parlis မြို့ရဲတသ်ဝက်ဟာ ပျောက်ဆုံးသွားလိမ့်မယ်။ 

အခုနေ့တိုင်းလိုလို ငလျင်တွေကမ္ဘာမှာလှုပ်ရှာနေတယ်။ စဉ်းစားလိုက်ပါ။ တစ်ကမ္ဘာလုံးဟာ ဝတ်လစ်စလစ်ဖြစ်နေပြီ။ လိမ်လည်မုသားကတော့ မုစ်လင်မ်တွေထဲမှာတောင်များနေပြီ။ ဘာပြောစရာကျန်သေးလဲ။ အရက်၊အလောင်းကစား၊အကအခုန်၊အတီးအဆို၊ဇိနဟ်အမှုတွေ တစ်ကမ္ဘာလုံးမှာ ဘယ်လောက်ပျံ့နှံ့နေပြီလဲဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။

 နောက်ရောဂါတစ်ခုက အမေရိကန်ကနေပျံ့နှံ့လာတာအာရှတိုက်ကိုလည် တော်တော်လေး တိုက်ခိုက်နေတယ်။ လိင်တူချင်းဆက်ဆံတဲ့ရောဂါပါ ဘယ်လောက်ရွံဖို့ကောင်းလဲ တမန်တော်လူးသ်(အ)ရဲ့ အုပ်စုထဲမှာ ဒီရောဂါဖြစ်လာတော့ အလ္လာဟ်အရှင်မြက်က (၃)ရက်အတွင်းမှာ သူတို့ကိူဖျက်ဆီလိုးက်တယ်။ ဒီကနေ့ဒီရောဂါကမ္ဘာပေါ်မှာပျံ့နှံ့နေတာတောင် အလ္လာဟ်အရှင်ဒီကမ္ဘာကြီးကိုမဖျက်ဆီးပဲ နေဦးမလား။ သိပ်မကြာခင် ဖျက်ဆီးပစ်တော့မှာပါ

 အမေရိကန်နှိင်ငံနယူးယောက်ခ်မြို့ကထုတ်တဲ့ နာဆာကုမဏ္ဏီထုတ် Science Magazinne မှာ ဒီလရဲ့မျက်နှာဖုံးသတင်းမှာ ခေါင်းစဉ်အကြီးကြီးနဲ့ Earth incrizing မြေကြီးဟာ အန္တရာယ်ထဲကို ရောက်နေပါပြီ။ မြေကြီးကို ဘယ်သူမှမကယ်တင်နိုင်တော့ဘူး နောက်နှစ်အနည်းငယ်အတွင်းမှာ ပျက်စီးသွားဖို့ရှိပါသည်။ ပျက်စီးမယ့်နေဟာ မဝေးတော့ဘူး။ကျွန်တော်တို့ဟာ အခုလက်ရှိတော်တော်အန္တရာယ်ရှိတဲ့ စင်ကြီးတစ်ခုပေါ်မှာ ဆိုတာမပြောနိုင်ဘူးလို့ရေးနေကြတယ်။ 

အလ္လာဟ်ဟုအက်ဗရ် အလ္လာဟ်အရှင်မြက်ရဲ့ဒီစကားက လုံးဝမမှားနိုင်ဘူး။ သူတို့ဟာ သိပ်မကြာခင်မှာပဲ ကိယာမသ်ဖြစ်မယ်ဆိုလက်ခံကြရလိမ့်မယ်လို မိန့်ထားတယ်။ အခုသူတို့ လက်ခံလိုက်ကြပြီလေ။ ၂၀၅၀ ခုနှစ်နောက်ပိုင်းမှာ ဘယ်လူသားမှ ကမ္ဘာမှာမရှိနိုင်ဘူးလို့ အခိုင်အမာပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အီမာန်ကတော့ အလ္လာဟ်အရှင်မြတ်ပေါ်မှာဘဲရှိတယ်။ ကိယာမသ်ဘယ်တော့ဖြစ်မယ် ဘယ်နေ့ဖြစ်မယ်ဆိုတာ အလ္လာဟ်မှအပ ဘယ်သူမှမသိဘူး။ တမန်တော်ကိုနောင် အသိမပေးထားဘူး။ 

(စူရဟ်အအ်ရားဖ်အာယသ် ၁၈၇) ဗုခါရီကျမ်းထဲမှာကိယာမသ်အလွန်နီးကပ်လာပြီးဆိုရင် လက္ခဏာအကြီးတွေ (၁၀)ခုဖြစ်ပေါ်လာမယ်လို့တမန်တော်မြတ်(ဆွ)က မိန့်တောမူကြောင်းဆင့်ပြန်ချက်လာရှိတယ်။

အဲ့ဒီထဲကလက္ခဏာအကြီး(၄)ခုဟာဖြစ်ခဲ့ပြီးပြီ။ 

နံပါတ်(၁)===မြေကြီးထဲကနေ အခိူးအငွေ့တွေထွက်လာပြီး မိုးကောင်းကင်ပေါ်မှာပျံ့နှံ့သွားမယ်။ လူသာတွေကိုအကြီးအကျယ်ဖမ်းချုပ်ထားလိုက်မယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၁၀ခုနှစ် ဧပြီလ(၁၄)ရက်နေ့ကနေ (၂၄)ရက်နေ့အထိအီတလီနဲ့ဂျာမနီအနီး Island မှာဖြစ်ခဲ့ပြီးပြီ။ မြေကြီးကနေ(၁၀)ရက်တိုင်တိုင်အခိုးအငွေ့တွေထွက်ပြီး မိုးကောင်ကးင်ကိုဖုံးအုပ်လိုက်တယ်။ကမ္ဘာတစ်ဝှမ်းလုံးမှာ ခရီးသည် ၆သန်းဟာကမ္ဘာလေဆိပ်တွေမှာ ပိတ်မိကုန်တယ်။ လေယာဉ်တွေလုံးဝမပျံသန်းနိုင်ခဲ့ဘူး။ ဥရောပတိုက်တစ်ခုတည်းမှာပဲနေ့စဉ် လေယာဉ်အစင်းပေါင်း(၃)စင်း (၄)စင်းက လွဲပြီးတစ်စင်မှာ မပျံသန်းနိုင်ခဲ့ဘူး။ အမေရိကတိုက်မှာနိုင်ငံပေါင်း(၅၀)လောက်ရှိတယ်။ သို့သော်အဲ့ဒီနေ့ကလေယာဉ်တစ်စင်းမှ မပျံသန်းနိုင်ခဲ့ဘူး။ 

နံပါတ်(၂)===အရှေ့အရပ်မှာ ငလျင်လှုပ်မယ် မြေကြီးကနေ လူတွေကိုမြိုပစ်မယ် ဒီအချက်က ၂၀၁၁ ခုနှစ်ကဂျပန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ငလျင်ပဲ။ လူပေါင်း ၁ သိန်းခွဲလောက်သေခဲ့တယ်။ တစ်သောင်းလောက်ဟာ မြေကြီးထဲဝင်သွားခဲ့တယ်။ 

နံပါတ်(၃)=== နောက်အရပ်မှာ မြေငလျင်လှုပ်ပြီးလူတွေမြေကြီးထဲဝင်သွားမယ်။ ဒီအချက်က ၂၀၁၁ ခုနှစ်က တူရကီမှာဖြစ်ခဲ့တယ်။ လူပေါင်း၃၀၀၀ လောက် မြေကြီးထဲဝင်သွားခဲ့တယ်။ 

နံပါတ်(၄)===အာရဗ်ကျွန်းဆွယ်ဒေသမှာ ငလျင်လှုပ်မယ် မြေမြိုမှု့ဖြစ်မယ်။ ဒီအချက်က၂၀၁၂ခုနှစ်က အီရတ်၊အီရန်နဲ့ ယီမင်နိုင်ငံတွေမှာဖြစ်ခဲ့တယ်။ လူပေါင်း၁၅၀၀ လောက်မြေကြီးထဲဝင်သွားခဲ့တယ်။ ငလျင်ရဲ့ အရှိန်က ဆော်ဒီနိုင်ငံအထိ သွားတယ်။ 

နံပါတ်(၅)===နေမင်းကြီးဟာ အနောက်အရပ်ကနေ ထွက်လာမယ် ကိယာမသ်ဖြစ်မယ့်နေ့အထိ အရှေ့အရပ်ဘက်ကိုသွားပြီး။ 

နံပါတ်(၆)===မြေကြီးထဲကတိရိစ္ဆာန်တွေ ထွက်လာမယ်။ ကိယာမသ်အကြောင်းကြေငြာကြမယ်။ 

နံပါတ်(၇)===တမန်တော်အီဆာ(အ)မိုးကောင်ကင်ပေါ်ကနေ ဆင်းသက်လာမယ်။ 

နံပါတ်(၈)===မျက်လုံးတစ်ဖက်ကန်းနေတဲ့ ဒဂ်ျဂျာလ်ထွက်လာမယ်။ ဒီအတောအတွင်းမှာပဲ အီမာမ်မဲဟ်ဒီသခင် ပေါ်လာမယ်။ တမန်တော်အီဆာ(အ)နဲ့ အီမာမ်မဲဟ်ဒီသခင်နှစ်ပါးပူးပေါင်းပြီး ဒဂ်ျဂျာလ်ကို အဆုံးအစီရင်လိမ့်မယ်။ 

နံပါတ်(၉)===ယာဂျူဂ်ျ  မာဂျူဂ်ျ လူမျိုးတွေ ထွက်လာပြီး ကမ္ဘာပေါ်မှာပြသာနာတွေ ဖန်တီးမယ်။ 

နံပါတ်(၁၀)===အာရဗ်ကျွန်းဆွယ်မှာ ယီမင်ပြည်ကနေ မီးထွက်ပြီး လူတွေကို ဟရှရ်ခေါ်သွားမယ်။ 

မုစလ်မာန်တို့ဒီကိယာမသ်ရဲ့လက္ခဏာကြီးတွေထဲက(၄)ခုတောင်ဖြစ်ခဲ့ပြီးပြီ ဒါပေမယ့် ကျွန်တော်တို့ဟာမေ့လျော့မူထဲမှာရှိနေတယ်။ ကျွန်တော် ပြောတာကို မယုံရင် အလ္လာဟ်အရှင်မြတ်နဲ့အိစ်သိခါရဟ်လုပ်မယ်ဆိုရင် အရှင်မြတ်က မိမိရဲ့မရ်ှဝါရဟ်ကို ရက်အနည်းငယ်အတွင်းမှာပဲ ပြလိမ့်မယ်။ 

ကျွန်တော် အင်္ဂလန်နိုင်ငံလဲစ်တရ်မြို့ ဂျာမေ့အ်ဗလီမှာ ဒီလိုကိယာမသ်နီးကပ်နေတဲ့ အကြောင်းပြောတော့ အဲ့ဒီမြို့က ဟာဂျီဆပ်တစ်ယောက်က သံသယဖြစ်တယ်။ အိမ်ရောက်ပြီးဇနီးကို သွားပြောတယ်။ ဘယ်လိုလုပ်ပြီးကိယာမသ်က အခုရောက်လာပြီလဲ။ ဇနီးကပြောတယ် ဆရာကအကောင်းပြောနေတာပါ။ ရှင်မယုံရင်အိစ်သိခါရဟ်လုပ်ကြည်ပါ။ ဆိုတော့သူကအိစ်သိခါရဟ်လုပ်တယ်။  ၃ရက်ကြာတော့ အဲ့ဒီဟာဂျီဆပ်က ကျွန်တော်ကိုရှာပြီးငိုရင်းနဲ့ပြော်ပြတယ်။ ကျွန်တော်အစ်သိခါရဟ့လုပ်တော့ အလ္လာဟ်အရှင်မြတ်ကကျွန်တော်ကိုပြောတယ်။ အိုငါ့ရဲ့ မေ့လျော့နေတဲ့ဗန်ဒါ အသင်ဟာ ငါအရှင်ကို ကိယာမသ်နဲ့ပက်သက်ပြီး မေးနေတာလား။ ငါအရှင်ကတော့ အခုသိပ်မကြာခင်မှာဘဲ သောင်ဗဟ်ရဲ့တံခါးကိုပိတ်တော့မှာလို့ဖြေတယ်။ ကိယာမသ်ရဲ့လက္ခဏာကြီးလေးခုဖြစ်ပြီးတော့ နံပါတ် ၅လက္ခဏာဖြစ်တဲ့ နေဟာအနောက်အရပ်ကနေထွက်လာဖို့ အရမ်းနီးကပ်နေပါပြီး။ ဗုခါရီကျမ်းရဲ့ ဟဒီးဆ်တော်တစ်ပုဒ်မှလာရှိတယ်၊ကိယာမသ်နီးကပ်လာပြီဆိုရင် မုအ်မင်န်တွေကို အလ္လာဟ်ဘက်ကနေ ကိယာမသ်နဲ့ပက်သက်ပြီး သတင်းတွေ ပေးလိမ့်မယ်။ နောက်ဟဒီးဆ်တော်တစ်ပုဒ်မှာလာရှိတယ်။ မုအ်မင်န်တစ်ယောက်ရဲ့ အိမ်မက်ကောင်းတသ်ခုဟာ နဗူဝသ်ရဲ့ ၄၆ပုံ ၁ပုံရဲ့အဆင့်ရှိတယ်။ မှတ်ထားရမှာက အိပ်မက်မက်လို့ဘယ်သူမှ နဗီမဖြစ်ပါဘူး။ ဒါကတော့ အလ္လာဟ်ရဲ့စီမံကိန်းပဲ။ အလ္လာဟ်ကကြိုက်တဲ့သူကိုကြိုက်တာမြင်စေလိုက်တယ်။ ကျွန်တော်ဟာ ၂၀၀၇ခုနှစ်မှာ အိပ်မက်တစ်ခုမက်တယ်။ နေဟာအနောက်ဘက်ကနေ ထွက်လာပြီး အရှေ့ဘက်ကိုသွားတယ်လို့မြင်တယ်။ ကျွန်တော်အဲ့ဒီနေ့ကစပြီး ကိယာမသ်နဲ့ ပက်သက်ပြီးနေ့တိုင်းပြောတော့တယ် အခုတော့အခြေအနေမကောင်းတော့ဘူး ဆိုတာသိလိုက်ရတယ်။ ကျွန်တော် ၂၀၀၇ခုနှစ်မှာပဲ ရမ်ဇန်လမှာ အိပ်မက်တစ်ခုမက်တယ်။ မက်စ်ဂျေဒေနဗဝီ(တမန်တောမြက်(ဆ)ရဲ့ဗလီဝတ်ကျောင်းတော်)ကို မိုးကောင်ကင်ရဲ့ အရှေ့အရပ်မှာမြင်တယ်။တမန်တော်ရဲ့ ရောင်ဇာတော်ရဲ့ အစိမ်းရောင် ဂုဏ်ဗဒ်တော်ရှိတဲ့ဘက်မှာ စာလုံးအကြီးကြီးတွေနဲ့လင်းလက်စွာ ရေးသာထားတယ်။ ကိယာမသ်နေ့ဆိုက်ရောက်လာပြီး ကမ္ဘာ့အီမာန်ရှင်တွေလည်း အိပ်မက်တွေမက်နေကြတယ်။ မြောက်များစွာသောအီမာန်ရှင်တွေ ကျွန်တော်ကို နေအနောက်အရပ်ကထွက်နေတာ မြင်တယ်လို့လာပြောကြတယ်။ ကျွန်တော်မကြာခင်ကပဲ အဟ်မဒ်အာဘားဒကိုသွားပြီး ဗယာန်ဟောတယ်။ အဲ့ဒီမှာ ကျွန်တော့် stage ပေါ်ကိုလူအယောက်(၂၀)လောက်တက်လာပြီး သူတို့မက်တဲ့အိပ်မက်တွေအကြောင်း ပြောပြကြတယ်။တချို့ကနေကို အနောက်ဘက်ကထွက်နေတာကိုမြင်တယ်၊တချို့က (အိမာမ်မဟ်ဒီ)သခင် ကိုမြင်တယ်။ စသဖြင့်အမျိုးအမျိုး ပြောပြကြတယ်။ 

ဒအ်ဝသိုသဗ်လီးဂ်လုပ်ငန်းမှာ အချိန်ပေးနေတဲ့လက်ရှိ မွမ်ဘိုင်းက ကျွန်တော့်မိတ်ဆွေ အဗ်ဒုရ်ရရှိးဒ်ကာစီမီဆွာဟိဗ်ဟာ သူအလ္လာဟ်လမ်းထွက်နေတဲ့ အချိန်မက်တဲ့အိပ်မက်(၃)ခုအကြောင်း ကျွန်တော်ပြောပြတယ်။ 
နံပါတ်(၁)=မျက်လုံးတစ်ဖက်ကမ်းနေတဲ့ ဒဂ်ျဂျာလ်က်ုမြင်တယ်။ နဖူးမှာ ကာဖိရ်လို့ရေးထားတယ်။
နံပါတ်(၂)=နေလုံးကြီးအနောက်အရပ်ကနေ ထွက်လာတာကိုမြင်တယ်။
 နံပါတ်(၃)=မြေကြီးကနေတိရိစ္ဆာန်တွေ ထွက်လာတာကိုမြင်တယ်။ စူရသ်မှာ ဒါရုလ်အုလူးမ်ကျောင်းတစ်ကျောင်းမှာ စာဖတ်နေတဲ့ မိန်ကလေးတယောက်မက်တဲ့ အိပ်မက်တစ်ခုကို သူ့ဦးလေးဖြစ်သူက ကျွန်တော့်ကိုပြောပြတယ်။ လပြည့်ဝန်းထွက်နေတယ်။ လူတွေကိုနိုးကြားစေလိုက်တော့ လရဲ့အဝိုင်းမှာရေးထားတယ် ငါအရှင်အခု ဒွန္နယာလောကကြီးကို ရုတ်သိမ်းစေတော့မယ် နောက်အမျိုးသမီးငယ်တယောက်အိပ်မက်မက်တာ သူ့အဖိုးက ပြောပြတယ်။မိုးကောင်းကင်ပေါ်မှာ ဂူဂ်ျရာသီ ဘာသာစကားနဲ့ရေးထားတယ်။ လူတွေကို အကြောင်းကြားလိုက်ပါ။ ကိယာမသ်ဟာ အလွန်းနီးကပ်သွားပြီး။ ဒါတွေကအလ္လာဟ်ဘက်ကနေ အချက်ပေးနေတာပါ။ နှိုးဆော်သံတွေပါ။ နေက အနောက်အရပ်ကနေထွက်ဖို့ အရမ်းနီးကပ်နေပါပြီ။ 

အမေရိကန်နိုင်ငံထုတ် The Nasa Comfirm The Portability of Sunrise from west နေဟာအနောက်အရပ်ဘက်ကနေ ထွက်လာဖို့ လုံးဝအဆင်သင့်အနေအထားမှာရှိနေကြောင်း နာဆာအဖွဲ့ကအတည်ပြုလိုက်ပြီလို့ပါလာတယ်။ မွစ္စလင်မ်ကျမ်းရဲ့ ဟဒီးဆ်တော်မှာလာရှိတယ်။ နေဟာ အနောက်အရပ်ကနေ ထွက်လာပြီဆိုရင် သောက်ဗဟ်ရဲ့ တခါးပိတ်သွားပြီး အဲ့ဒီအချိန်ကာဖိရ်တွေအားလုံး အီမာန်လက်ခံရင်လည်း အလ္လာဟ်အရှင်လက်မခံတော့ဘူး။ ဒါကြောင့်နေကို အနောက်အရပ်ကမထုတ်ခင် အရှင်မြတ်ဟာ ကျွန်တော်တို့ကို သတိတွေပေးနေတာပါ။ သောင်ဗဟ်တခါးမပိတ်သေးဘူး သောက်ဗဟ်တခါးမပိတ်ခင် သောင်ဗဟ်အမြန်လုပ်လိုက်ပါ။ သိပ်မကြောခင်မှာ သောင်ဗဟ်တခါးပိတ်တော့ဖို့ ရှိပါတယ်။ 

ဒါကြောင့် မုစလ်မာန်တွေ အီမာန်ရှင်တွေအနေနဲ့ ဒီးစကားတွေ ကိယာမသ်နီးနေပြီ ဆိုတာ ကမ္ဘာသိအောင်ဖြန့်ဝေပါ။ လက္ခဏာကြီး(၄)ခုပြီးသွားပြီဆိုတာ လူတွေကို အသိပေးပါ။ ကာဖိရ်များကိုလည်း ကုရ်အာန်ဟဒီးဆ်ရဲ့ စကားတွေနဲ့ယှဉ်ပြီးပြပါ။ အစ္စလာမ်ရဲ့ မှန်ကန်မှုကို ဖြန့်ချီပါ။ Intenet ရဲ့အကြောင်းခံနဲ့ပဲဖြစ်ဖြစ် ဖြန့်ပါ။ ကိယာမသ်ကို အကြောင်းခံပြီးအွမ္မသ်ကိုနှိုးပါ။ မေ့လျော့နေမှုကိုရှောင်ပါ။ မိမိတို့ရဲ့အာခိရသ်ဘဝ ဂျန္နသ်အတွက် ပြင်ဆင်ကြပါ။ အရာရာတိုင်းကို ဒီးန်ရဲ့ ဘောင်ထဲကနေ ဆောင်ရွက်ကြပါလို့ နှိုးဆော်ပါတယ်။ 

အင်ရှာအလ္လာဟ် ကိယာမသ်ဖြစ်မှပဲ ဂျန္နသ်ကို သွားရမှာပါ။ အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့ကို စစ်မှန်တဲ့ သောင်ဗဟ် လုပ်နိုင်စွမ်းပေးပြီး ဂျန္နသ်ကိုသွားဖို့ပြင်ဆင်နိုင်တဲ့ သောင်ဖီးက်စွမ်းအား ပေးသနားတော်မူပါစေ။ (အာမီန်း) 

#credit

Post a Comment

0 Comments

Close Menu