Ad Code

Assalamualikum

သူဌေးကြီးတစ်ယောက်သည် ဟဂ်ျပြုရန် မက္ကာဟ်မြို့ သို့ရောက်လာခဲ့တယ်

သူဌေးကြီးတစ်ယောက်သည်  ဟဂ်ျပြုရန်
မက္ကာဟ်မြို့ သို့ရောက်လာခဲ့တယ်

သူသည်မိမိပစ္စည်းများကို 
မက္ကာဟ်မြို့မှ  ယုံကြည်ရသူတစ်ယောက်ထံ အပ်နှံပြီး  ဟဂ်ျပြုလုပ်လေသည်

ဟဂ်ျကျင့်စဉ်တွေပြုလုပ်ပြီးနောက် 
မိမိပစ္စည်းများကိုပြန်ယူရန် လာသော် 
ထိုသူသည်ကွယ်လွန်သွားခဲ့ပြီဟု
သိလိုက်ရသည်

သူဌေးကြီးလည်း
ထိုသူ၏  ဆွေမျိုးများကို
မိမိအပ်နှံထားသောပစ္စည်းများ
ဘယ်မှာထားခဲ့လဲ သိပါသလား
ဟုမေးကြည့်သော် မည်သူမှမသိကြောင်း
ပြောကြလေသည်

နောက်ဆုံး
မိမိအဖြစ်ပျက်ကို 
အာလင်မ်ပညာရှင်များကို  ပြောပြလေသည်

ပညာရှင်များက 
အချင်ချင်းတိုင်ပင်ကြပြီး
အကြံတစ်ခုပေးကြသည်

အသင်သည်
ညတစ်ဝက်နောက်ပိုင်းမှာ
ဇမ်ဇမ်ရေတွင်းမှာ  သူ၏အမည်ကို
အော်ခေါ်ကြည့်ပါ 

အကယ်၍သူသည်
ဂျန္နသ်သီဖြစ်မယ်ဆိုရင် 
အသင်ကိုအဖြေပြန်ပေးလိမ့်မယ်

သူဌေးကြီးလည်း 
ညတစ်ဝက်နောက်ပိုင်းရောက်တော့ 
ဇမ်ဇမ်ရေတွင်းမှာ 
ထိုသူ၏အမည်ကိုအော်ခေါ်ခဲ့သည်
သို့သော်  ထိုသူသည်  ပြန်၍မထူးခဲ့ပါ

နောက်နေ့ 
ပညာရှင်များက  တဖန်အကြံပြုကြသည် 
ယမန်နိုင်ငံက ဗိုရ်ဟ်ဝသ်ရေတွင်း မှာ
ပြန်ခေါ်ကြည့်ပါ
အကယ်၍သူသည် ဂျဟန္နမ်မီ ဆိုရင်
အဖြေပေးလိမ့်မယ်

သူဌေးကြီးလည်း
ယမန်နိုင်ငံမှရေတွင်း သို့သွားပြီး 
ထိုရေတွင်းမှာ  ပြန်ခေါ်သောအခါ

ထိုသူကပြန်ထူးပြီး 
အသင်ပစ္စည်းများကို
မည်သည့်နေရာမှာထားရှိထားပါသည်ဟု
အဖြေပေးလေသည်

သူဌေးကြီးလည်း ထပ်၍မေးလေသည်
ကျွန်ုပ်သည်အသင့်ကို 
သူတော်ကောင်းလို့ထင်ထားတာ 
အဘယ်ကြောင့်အပြစ်ဒဏ်တွေ  ခံနေတာလဲ

ထိုသူကအဖြေပေးလေသည်
ဟုတ်ပါတယ်
ကျွန်ုပ်သည် ငရဲတစ်ခုကြောင့်
ဒီအပြစ်ဒဏ်ကိုခံနေရတာပါ 

ထိုအပြစ်ငရဲမှာ
ကျွန်တော့်ညီမနဲ့အဆက်ဖြတ်ထားတဲ့
အပြစ်ကြောင့်ပါ (ဆွေမျိုးဖြတ်တဲ့အပြစ်)

#အဗ်ဒွရ်ရဟီးမ်အဆ်အဒီ

ဒီ post ကို
ဘာကြောင့် ပြန်တင်ပေးရသလဲ  ဆိုတော့
လောကမှာ
မောင်နှမချင်း  ညီအမချင်း 
ညီအကိုချင်း  တူဝရီးချင်း  မြေးအဖိုးချင်း

စသဖြင့်  ဆွေမျိုးအရင်းအချာတွေဖြစ်ပြီး
မခေါ်မပြောပဲ  နှစ်ပေါင်းများစွာ
အဆက်ဖြတ်ထားကြတဲ့သူတွေ 
အများကြီး  ရှိတတ်ကြပါတယ်

ဒါပေမယ့်
သက်သက်မဲ့အဆက်ဖြတ်ကြတာမဟုတ်ပါ

ခံပြင်းချက်တွေများပြီး  စိတ်နာလွန်းလို့
လုံးဝ အဆက်အသွယ်  မလုပ်တော့ပဲ
အဆက်ဖြတ်ထားကြတာမျိုးက  များပါတယ်

ဥပမာ
ဆွေမျိုးတွေ  ဒုက္ခပေးလွန်းလို့
အဆက်ဖြတ်လိုက်ကြတာမျိုး  ရှိကြသလို

တချို့ကျတော့လည်း
ကိုယ်က  ဆင်းရဲနွမ်းပါးတာကို  အကြောင်းပြုပြီး
မတရား  နှိမ်လွန်းလို့
ခံပြင်းပြီးတော့ 
အဆက်ဖြတ်လိုက်ကြတာမျိုးလည်း  ရှိပါတယ်

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်
မိမိကမှန်နေပြီး  ဆွေမျိုးတွေကမှားနေသည်
ဖြစ်ပါစေ
ဘယ်တော့မှ  အဆက်တော့
မဖြတ်လိုက်ကြပါနဲ့

ဘာလို့လဲဆိုတော့
ဆွေမျိုးအဆက်ဖြတ်ခြင်း  အပြစ်က
ဘယ်လောက်ဆိုးရွားပြီး
ဘယ်လောက်ပြင်းထန်သလဲဆိုတာ
ဒီ post  ထဲက အကြောင်းအရာ ကို  ဖတ်ပြီး 
သဘောပေါက်လောက်မှာပါ

ဒါ့ကြောင့်  ဆွေမျိုးတွေ
လူပါးအရမ်းဝလို့   လုံးဝမခေါ်မပြောချင်ဘူးလား
ရတယ်
မခေါ်နဲ့  မပြောနဲ့
ဒါပေမယ့်
လမ်းမှာတွေ့ရင် စလာမ်တော့အမြဲပေး
နောက်ပြီး တခွန်းစနှစ်ခွန်းစ မေးထူးခေါ်ပြောလုပ်

မေးထူးခေါ်ပြောဆိုတာ
"  ဟေ့  ဘယ်ကပြန်လဲ   စားပြီးပြီလား  "

အဲ့လိုမျိုး   တခွန်းစ   နှစ်ခွန်းစ  ပဲ ပြော
သောက်မြင်ကပ်လို့  စကားမပြောချင်ရင်
အဲ့ထက်ပိုမပြောနဲ့ 

အဲ့လိုမျိုး
တွေ့တိုင်း  စလာမ်ပေး 
ပြီးတော့    တခွန်းစ  နှစ်ခွန်းစ
မေးထူးခေါ်ပြောလုပ်
ok ရပြီ 
အဲ့လောက်ဆို  ဆွေမျိုးဖြတ်တဲ့အပြစ်က
လွတ်သွားမယ်

လုံးဝ မခေါ်မပြောပဲ 
အဆက်အသွယ်အပြီး  ဖြတ်ဖို့ကိုတော့
ယောင်လို့တောင်မတွေးမိပါစေနဲ့
အားလုံးပဲ   ဒီလောက်ဆို 
သဘောပေါက်လောက်ပြီ  ထင်ပါတယ်

إرسال تعليق

0 تعليقات

Close Menu