Ad Code

Assalamualikum

ထောင်ဝင်စာနှင့် ဇေယာရသ်

ထောင်ဝင်စာနှင့် ဇေယာရသ်
••••••••••••••••••••••••••••••••
ထောင်ဝင်စာသွားပီဆိုရင် ကိုယ်သွားတွေ့မယ့်
လူဆီရောက်တာနဲ့ဘေးနားကသူတွေက
'ငါ့အိမ်ကလား မသိ ငရုတ်သီးကြော်လေးများ
ပါမလားးး?
ကော်ဖီမစ်ထုတ်လေးများပါမလား?
ဆားထောင်းလေးများပါမလား?
သားလေးလား သမီးလေးလားးး?
အဖလေား အမလေားး?
အကိုလား အမလားးးး စသဖြင့်
ခေါင်းတထောင်နဲ့ ထောင်သံတိုင်တွေကိုင်ပီးးး
မျှော်နေသလို.........

ကဗရ်ဆိုတဲ့ အကျဉ်းထောင်မြေတိုက်လေးထဲ
ရောက်နေတဲ့ မိမိရဲ့တော်စပ်သူတွေက
ကဗရ်ထဲကနေ ခြေသံတွေကြားရင်
"ငါ့ အိမကြမွားလားးး ငါ့မိသားစုမွားလားးး?
ငါ့သားတွေလားး ငါ့သမီးတွေလားးး?
စူရဟ်ရာစီန်းးးများပါမလားးးး?
စူရဟ် အဟဒ်များပါမလားးး?
ဇိကိရ်လေးများ ပါမလားးး?
မဂ်ဖီရသ်တောင်းပေးမလားးးး?
သေလာဝသ်လေးများပါမလားးးး?ဆိုပီးးး
စောင့်မျှော်နေကြလေရဲ့..............။

မြေကြီးပေါ်ကလူတွေက မြေကြီးအောက်က
လူတွေကို အချိန်ပြည့်မေ့လျောနေပေမယ့်....
မြေကြီးအောက်က လူတွေကတော့
အစဉ်အမြဲ အချိန်ပြည့် မြေကြီးပေါ်ကလူတွေကို သတိရနေတယ် ဆိုတာ..........
အချိန်တန်ရင် အိုလူသားးးအသင်
ကြုံကြိုက်ရမှာပါ။

koyae

Post a Comment

0 Comments

Close Menu