အချိန်လွန်တဲ့အခါ
ဘဝမှာ
ရည်ရွယ်ထားထာတွေ
ဘာတစ်ခုမှ ဖြစ်မလာခဲ့ရင်
ဘာတစ်ခုမှ ဖြစ်မလာတဲ့အတိုင်း
ဘဝကို
ကျေနပ်စွာ
နေတတ်ဖို့ အရေးကြီးပါတယ်။
လက်ရှိအခြေအနေကို
လက်ခံနိုင်ဘို့နဲ့
အကောင်းဆုံးဆိုတဲ့အရာတွေကို
ဘဝတစ်ခုပြီးဆုံးခြင်းမရောက်ခင်အထိတော့ ကြိုးစားလုပ်ဆောင်နေရပါမယ်။
အောင်မြင်ခြင်း ကျရှုံးခြင်းဆိုတာ
မိမိအတွက် မိမိစိတ်က စိတ်ချမ်းသာစွာနေရခြင်းနဲ့ တိုင်းတာဆုံးဖြတ်တာပါ။
လောကသဘာဝ
အများသတ်မှတ်ထားတဲ့
ဂုဏ်ငွေ ရာထူးအာဏာတွေထက် တန်ဘိုးကြီးတဲ့အရာတွေ
အများကြီးရှိတယ်ဆိုတာ သိအောင် ကြိုးစားဘို့လိုပါတယ်။
အောင်မြင်မှုတွေ အထွဋ်အထိပ်ကို ရောက်ခဲ့တဲ့ ကမ္ဘကျော် နည်းပညာရှင်ကြီး Steve Jobs (Apple's co - Founder and CEO) ဟာ သူသေဆုံးခါနီး အချိန်မှာ လူလောက လူဘဝရဲ့ တန်ဘိုးအရှိဆုံးအရာတွေအဖြစ် မေတ္တာတရား(Loving Kindness) နဲ့ အနုပညာ (Art) ကို ရှာဖွေတွေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘယ်အရာမှ
အမြဲမရှိတဲ့လောကကြီးမှ
သင်္ခါရတရားနဲ့
ထိုအရာတွေထက် တန်ဘိုးကြီးတဲ့အရာတွေ အများကြီးရှိပါသေးတယ်။
တည်ငြိမ်အောင်ထိမ်းနိုင်တဲ့
မိမိရဲ့စိတ်နဲ့ မှန်ကန်စွာ စဥ်းစားတွေးတောနိုင်တဲ့ အသိတရား၊ အကျင့်တရားရှိနေသ၍
အမြတ်ဆုံး အမြင့်ဆုံး တန်ဘိုးအရှိဆုံးအရာတွေကို ပိုင်ဆိုင်နိုင်ခွင့်ရှိနေတာမို့
ရည်ရွယ်ချက်တွေ ဖြစ်လာသည်ဖြစ်စေ ဖြစ်မလာခဲ့သည်ဖြစ်စေ
နေတတ်ရင်
လောကကြီးဟာ
ကျေနပ်စရာကောင်းတယ်ဆိုတာ သိစေလိုပါတယ်။
0 تعليقات